Professor's Bad Guy Part-1
Zawgyi
"ပရော်ဖက်ဆာဝမ် . .ကျောင်းအနောက်ဆောင်ဘက်မှာ ရှောင်ကျန့်တို့အဖွဲ့ ရန်ဖြစ်နေကြတယ်"
တံခါးမခေါက်ဘဲ အခန်းထဲသို့ အလောတကြီးပြေးဝင်လာသော ကျောင်းသားသည် ရင်ဘတ်အစုံကိုလက်နှင့်ဖိ၍ ပြောလာသောကြောင့် ပရော်ဖက်ဆာဝမ်သည် အလျင်အမြန်ပင် မတ်တပ်ထရပ်လိုက်၏။
တည်ကြည်ခန့်ညားသောမျက်နှာပြင်ထက်တွင် ဒေါသအရိပ်အယောင်မဖုံးလွှမ်းပဲ ပကိအတိုင်း တည်ငြိမ်လှသည်။ မျက်မှန်အောက်မှမျက်ဝန်းတို့မှာ သိမ်းငှက်တစ်ကောက်လို စူးရှနေပြီး တည်ငြိမ်နေ၏။ တိုင်ကြားလာသောကျောင်းသားကို ရှေ့မှလမ်းပြစေပြီး ရန်ဖြစ်နေကြသည့် ကျောင်းအနောက်ဆောင်ဘက်သို့ ပုံမှန်ထက်မြန်သောခြေလှမ်းဖြင့် လျှောက်နေမိသည်။
"ခွပ်. . .ခွပ်"
"ခွေးသူတောင်းစားလေးတွေ"
အော်ဟစ်ဆဲဆိုသံ၊ ထိုးကြိတ်ကြသည့်အသံများက ခပ်လှမ်းလှမ်းကပင် ကြားရလောက်သည်အထိ ကျယ်လောင်လှသည်။ ရန်ဖြစ်နေကြသည်ကို ဝိုင်းမဆွဲပဲ ကင်မရာတွေနဲ့မှတ်တမ်းယူပြီး အားပေးအားမြှောက်လုပ်နေကြတဲ့ ကျောင်းသူကျောင်းသားတစ်ချို့ကြောင့် ပရော်ဖက်ဆာဝမ်၏မျက်နှာပြင်ထက်တွင် အလိုမကျမှုများကြောင့် မျက်မှောင်ကုတ်ကာ စုပ်တစ်ချက်သပ်လိုက်၏။
"ဟိုမှာ. . .ပရောဖက်ဆာဝမ်လာပြီ"
ရပ်ကြည့်နေကြသည့် ကျောင်းသားတစ်ယောက်ရဲ့ အသိပေးလှုံ့ဆော်မှုကြောင့် မှတ်တမ်းယူနေကြသောသူများနှင့် အားပေးအားမြှောက်လုပ်နေကြသော ကျောင်းသား,ကျောင်းသူများက အသီးသီးထွက်ပြေးကုန်ကြသည်။
"ဟိုကောင်တွေ အခုချက်ချင်းရပ်!"
ရန်ဖြစ်နေကြသည့်အဖွဲ့နှစ်ဖွဲ့သည် ပရော်ဖက်ဆာဝမ်၏ ကျယ်လောင်လွန်းလှသောအသံကြောင့် ထိုးရန်ရွယ်ထားသောလက်သီးများက ပြေလျော့ကာ သတိအနေအထားရပ်လိုက်ကြသည်။
ပရော်ဖက်ဆာဝမ်၏အသက်သည် (30)ကျော်ဖြစ်သော်လည်း နုပျိုနေဆဲပင်။ ကျစ်လစ်သောခန္ဓာကိုယ်နှင့် (6)ပေကျော်သည့်အရပ်အမောင်းက ပနံသင့်တယ်လှ၏။ အသားအရေသည်ဖြူနေသော်လည်း လက်ဖျံကြောတွေထကာ ယောကျာ်းပီသလှသည်။ Adam's appleသည် ကြီးမားပြီး ဟိုဒီရွေ့လျားနေ၏။
ရှောင်ကျန့် ပရောဖက်ဆာဝမ်ကို မှတ်ချက်ပေးရမည်ဆိုလျှင် 99.9%အမှတ် ပေးမည်။
100%ကတော့ သူ့အတွက်. . .
တခြားတစ်ယောက်ကို အမှတ်ပြည့်ပေးစရာလား ရှောင်ကျန့်ရာဇဝင်ရိုင်းသွားမှာပေါ့. . .
ဖြူဖြူဖွေးဖွေးပါးပြင်လေးတွေထက် အညိုအမည်းစွဲနေသော ဒဏ်ရာဒဏ်ချက်များက မြင်ရသည့်သူအဖို့ သွေးပျက်စရာပင်။ ပါးပြင်၊ နှုတ်ခမ်းထောင့်၊ နှာခေါင်းရိုး၊ မျက်ခုံး၊ မျက်ခွံ၊ နဖူး၊ လက်ဖျံတို့တွင် သွေးစတွေက တော်ရုံတိတ်မည့်ပုံမပေါ်။ အင်္ကျီဖြူလွှလွှတွေပေါ်၌ ဖုန်မှုန့်နှင့် သွေးအကွက်တွေက နေရာယူထားကြသည်။
"တောက်!"
ဒေါသဖြင့် တက်ခေါက်လိုက်သော ပရော်ဖက်ဆာဝမ်ရဲ့အသံက တိတ်ဆိတ်နေသည့် ကျောင်းအနောက်ဆောင်ဘက်တွင် ဟိန်းခနဲ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"အားလုံး ငါ့ရုံးခန်းထဲလိုက်ခဲ့"
"ပရော်. . ."
"အသံတစ်သံတောင်မထွက်ပဲ ငါ့အနောက်ကလိုက်ခဲ့"
ကျို့ကျားရန်မှာ ပရော်ဖက်ဆာဝမ်လို့ပင် အပြည့်အစုံမခေါ်လိုက်ရ အဟောက်ခံလိုက်ရသည်ကြောင့် ခန္ဓာကိုယ်ပင် တုန်တက်သွားရသည်အထိ ပရော်ဖက်ဆာဝမ်ကို သူတို့တစ်ကျောင်းလုံး ကြောက်ကြရသည်။
သူက ရန်ဖြစ်တိုင်း ထိုးကြကြိတ်ကြလို့ သွေးထွက်သံယိုဖြစ်ပြီး အိမ်ကဖားသားကြီးဆူဆဲရင်တောင် မကြောက်။ တစ်လောကလုံးမှာ သူအကြောက်ရဆုံးက ပရော်ဖက်ဆာဝမ်ကြီးပင်။
အရှေ့မှသွားနေသည့် ကျောပြင်ကျယ်ကြီးကိုကြည့်ပြီး ကန်ကြောက်ပစ်လိုက်ချင်သည်မှာ ရှောင်ကျန့် ခြေတယားယား. . .
ရုံးခန်းထဲရောက်ပြီး မိနစ်တစ်ဆယ်ခန့်ကြာသည်အထိ စကားတစ်ခွန်းပင်ထွက်ကျမလာသော ပရော်ဖက်ဆာဝမ်ကြောင့် ရှောင်ကျန့် ခြေလှမ်းတွေကိုနောက်ယို့ပြီး ထွက်ဟန်ပြင်လိုက်၏။
"မင်းကို ငါအပြင်ထွက်ခိုင်းသေးသလား ရှောင်ကျန့်"
ရုံးခန်းထဲရောက်ပြီး ပထမဆုံးစကားသံမှာ သူ့ကြောင့်ထွက်ကျလာသည်မလို့ ဂုဏ်ယူရမလိုလို၊ ဖြတ်ရိုက်ပြီးထွက်ပြေးရမလိုလို. . .
"ပရော်ဖက်ဆာဝမ်က ဘာမှမပြောတော့ ပြောစရာစကားမရှိတော့ဘူးထင်လို့ပါ၊ ပြောစရာစကားမရှိဘူးဆိုရင် သွားခိုင်းသင့်ပြီ မထင်ဘူးလား"
ကျောင်းရဲ့လူမိုက်အဖွဲ့လို့ မပြောရဘူး သူ့ကို မကြောက်မရွံ့မေးခွန်းပြန်ထုတ်နေသည့် ကျောင်းသားရှောင်ကျန့်က ဆရာ/ဆရာမတွေ လက်မြှောက်အရှုံးပေးထားရသည်ဆိုတာ အခုတော့ သူယုံကြည်ခဲ့လေပြီ။
ဖြူဖြူဥဥမျက်နှာလေးနှင့် ပိန်ပါးသည့်ခန္ဓာကိုယ်နှင့်ပင်မလိုက် အကျင့်စရိုက်က နုရွမနေဘဲ ကြမ်းတမ်းသည်ထက်ကြမ်းတမ်းနေသည်။ မိဘတွေပင်မနိုင်၍ လွတ်ထားရတယ်ဆိုတဲ့ ကောင်ကလေးက သမ္မတကြီးဆုံးမလျှင်ပင် လိမ္မာမည့်ပုံစံမဟုတ်။ ဆယ်ကျော်သက်ကလေးတွေမလို့ ထိန်းမရသိမ်းမရဖြစ်ရအောင်လည်း တခြားဆယ်ကျော်သက်တွေက ရှောင်ကျန့်လောက် ဆိုးသွမ်းကြမည်မထင်။
"ဘာကိစ္စ ရန်ဖြစ်ကြတာလဲ"
ဖြတ်ရိုက်ချင်စရာကောင်းလွန်းလှတဲ့ ရှောင်ကျန့်ရဲ့စကားကို မဖြေဘဲ မေးခွန်းပြန်ထုတ်နေသည့် ပရော်ဖက်ဆာဝမ်က တမင်သက်သက်လွတ်ထားပေးသည့်ပုံစံ။ ပကတိအတိုင်း တည်ငြိမ်နေတဲ့မျက်နှာပြင်က ဒေါသရောင်ဖြတ်ပြေးသွားသည်ပင် မတွေ့ရ။ ကျို့ကျားရန် တွေးရလေပြီ။
"အို့. . .ပရော်ဖက်ဆာဝမ် သိချင်နေရင် သကောင့်သားကျို့မျိုးနွယ်ကိုသာ မေးလိုက်ပါ"
ရှောင်ကျန့်ရဲ့စကားကြောင့် သူ့ဘက်လှည့်လာသည့် ပရော်ဖက်ဆာဝမ်က မသိရင် ရှောင်ကျန့်ရဲ့စကားနားထောင်တတ်တဲ့ ကလေးလေးလို။
"ပြော"
"ရှောင်. . .ရှောင်ကျန့်က ကျွန်တော်ကြိုက်နေတဲ့ ကောင်မလေးကို ဖြတ်လုသွားလို့ပါ ပရော်ဖက်ဆာဝမ်"
"အဟက်. . .ဖြတ်လုသွားတယ်လို့ဆိုရအောင် မင်းနဲ့လုဖေးက ကြိုက်နေလို့လား၊ ငါ့အထင်တော့ လုဖေးမှာဘာအကန့်မှ မရှိဘူးနော်"
"လုဖေးကို ငါလိုက်နေမှန်းသိလို့ တမင်လိုက်တာမလား ရှောင်ကျန့်"
"မနက်ဖြန်တစ်ရက်တွဲပြီးရင် မင်းရဲ့လုဖေးကို ငါ့ဆီကပြန်လာခေါ်သွားလို့ရတယ်နော်. . .ကျို့ ကျား ရန်"
"ဘာကွ!"
"ဒုန်း!"
လက်သီးထိုးရန် ရှောင်ကျန့်အနားတိုးကပ်သွားသော ကျို့ကျားရန်သည် ပရော်ဖက်ဆာဝမ်၏ စားပွဲခုံကိုထုလိုက်သည့်အသံကြောင့် ပြန်လည်ငြိမ်သက်လိုက်ရပေမယ့် ရှောင်ကျန့်ကို မျက်စောင်းဖြင့်ကြည့်နေဆဲ။
တစ်ဖက်သားက ကိုယ့်ကိုမျက်စောင်းနှင့်ကြည့်နေသော်လည်း ဂရုစိုက်ဟန်မပြုဘဲ ဘောင်းဘီအိတ်ကပ်ထဲမှ ပီကေထောင့်ကိုယူ၍ အခွံနွှာကာ ပါးစပ်ထဲပစ်ထည့်ပြီး တတောက်တောက်ခေါက်နေပြန်သည်။ ပီကေအခွံကိုပင် ပရော်ဖက်ဆာဝမ်ရဲ့ စားပွဲခုံးပေါ်သို့ ပစ်တင်လိုက်သေးသည့် ရှောင်ကျန့်ကိုကြည့်၍ မျက်နှာစုတ်ပြတ်သတ်သွားလောက်တဲ့အထိ ထိုးကြိတ်ကန်ကြောက်ပစ်ချင်သည်။
"ရှောင်ကျန့်"
"ရက်စ် ပရော်ဖက်ဆာဝမ်"
"တစ်ကျောင်းလုံးမှာ အောက်ဆုံးအဆင့်ကို ကန်ထရိုက်ဆွဲယူထားတဲ့သူက ဆိုးသွမ်းတဲ့လူမိုက်ဖြစ်နေပြန်တော့ မင်းကို ဘယ်လိုဆုံးမမှ နားဝင်မှာလဲ"
"အိုး. . .အောက်ဆုံးအဆင့်ယူတယ်ဆိုတာက ပရော်ဖက်ဆာဝမ်တို့ရဲ့ မေးခွန်းတွေက ကျွန်တော်ကျက်မှတ်ထားတဲ့အဖြေတွေမှ မပါတာ"
"မင်းလိုကောင်က စာကျက်မှတ်တယ်ပေါ့"
"စာကျက်တာက Laptop Screenပေါ်က Sex Videoတွေလောက်မှ စွဲဆောင်မှုမရှိတာ၊ ဒါပေမဲ့ Sex Videoအကြောင်းတွေကို မေးခွန်းထုတ်ပြီးမေးရင်တော့ အမှတ်100ထက်ကျော်အောင် ဖြေနိုင်သေးတယ်၊ မယုံရင် မေးခွန်းထုတ်ကြည့်ပါလား"
"ရှောင်ကျန့်!!!"
"အမိန့်ရှိပါ ပရော်ဖက်ဆာဝမ်"
ဒေါသသံစွက်ပြီး အော်သော်လည်း လေသံအေးအေးဖြင့် ပြန်ထူးသံကြောင့် သွေးတိုးရောဂါမရှိသည့်,သူပင် သွေးတွေအတောင့်လိုက်တက်လာရသည်။
"သွားကြ. . .မင်းတို့အားလုံး ကျောင်းတစ်ဝန်းလုံးရဲ့အမှိုက်တွေနဲ့ ရှိသမျှ သန့်စင်ခန်းတွေကို တစ်လတိတိ သန့်ရှင်းရေးလုပ်ကြရမယ်"
أنت تقرأ
𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫'𝐬 𝐁𝐚𝐝 𝐆𝐮𝐲
أدب الهواة𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫 𝐖𝐚𝐧𝐠 𝐘𝐢𝐛𝐨 𝐒𝐜𝐡𝐨𝐨𝐥 𝐁𝐚𝐝 𝐁𝐨𝐲 𝐗𝐢𝐚𝐨 𝐙𝐡𝐚𝐧 𝐘𝐢𝐳𝐡𝐚𝐧 𝐅𝐚𝐧𝐟𝐢𝐜 (𝐍𝐨𝐭 𝐙𝐡𝐚𝐧𝐲𝐢)