Professor's Bad Guy
Zawgyi
"တော်တော်မှ ပျော်ခဲ့ကြရဲ့လား"
ပရော်ဖက်ဆာဝမ်လက်ဖဝါးကိုဆုပ်ကိုင်ဆွဲခေါ်လာရမှ ဖခင်၏အသံကြားလိုက်ရခြင်းကြောင့် ရပ်တန့်သွားတဲ့ပရော်ဖက်ဆာဝမ်ရဲ့ ခြေလှမ်းတွေနှင့် သူပါရပ်တန့်မိလျက်။ ဖခင်ဖြစ်သူရဲ့မျက်နှာသည် တည်တံ့မနေဘဲ ပြုံးရယ်စွာမေးနေခြင်းကြောင့် နှစ်ယောက်သား ပိုမိုတုန်လှုပ်လာရသည်။
ဖခင်ရဲ့နံဘေး၌ ပရော်ဖက်ဆာဝမ်ရဲ့မိဘများပါ ရောက်ရှိနေခြင်းကြောင့် အနည်းငယ်စိတ်အေးရသော်လည်း ပြုံးနေတဲ့ဖခင်ဖြစ်သူက ဗြုန်းစားကြီး သူတို့နှစ်ဦးအား ဘာကြောင့်သဘောတူရသလဲ။ ပရော်ဖက်ဆာဝမ်မျက်နှာကိုမော့ကြည့်မိတော့ ပကတိအတိုင်း တည်ငြိမ်လျက်။
သို့သော် သူ့လက်ဖဝါးခပ်သေးသေးသည် ပရော်ဖက်ဆာဝမ်ရဲ့လက်ဖဝါးကြီးဖြင့် ဆုပ်ကိုင်ခံလိုက်ရခြင်းနှင့်အတူ တစ်လှမ်းခြင်းလျှောက်လှမ်းနေသည့် တည်နေရာက ဖခင်တို့ရှိရာဆီ။ ရင်ခွင်ထဲဖက်တွယ်ဝင်လာဖို့ရာ လက်နှစ်ဖက်ကိုဆန့်တန်းလာတဲ့ဖခင်ကြောင့် ပရော်ဖက်ဆာဝမ်ရဲ့မျက်နှာကို အရိပ်အခြေအနေကြည့်မိတဲ့သူ့အား ခေါင်းညိတ်ပြလာခြင်းမို့ အချိန်ဆွဲမနေတော့ဘဲ ဖခင်ရဲ့ရင်ခွင်ထဲသို့ ပြေးဝင်ဖက်တွယ်မိသည်။
ဘယ်လိုပဲဆိုဆို တစ်ခါမှမခွဲဖူးတဲ့သားအဖတွေမို့ လွမ်းမိတဲ့ရက်အချိန်ကို အလွမ်းသယ်မိကြရင်း မျက်လုံးထောင့်မှ ပရော်ဖက်ဆာဝမ်အား ခိုးကြည့်မိတော့ ပြုံး၍ကြည့်လာ၏။
"ဒက်ဒီက သားတို့ကို တကယ်သဘောတူတာလား"
"ဒါ. .ဒါပေါ့"
"ယုံလို့ရတယ်မဟုတ်လား. .ဟင်"
"အင်း. ."
သံရှည်ဆွဲလျက် ခေါင်းညိတ်ပြလာတဲ့ဖခင်အား လက်မောင်းမှဖက်တွယ်ရင်း တတွတ်တွတ်မေးနေတဲ့သူ့ကို ပရော်ဖက်ဆာဝမ်ရဲ့မိဘနှစ်ပါးက အသံထွက်သည်အထိ ရယ်သည်။ သူ့ဆံပင်တွေကို ခပ်ဖွဖွလာပွတ်နေတဲ့ဖခင်ရဲ့လက်ဖဝါးကြား ခွေးပေါက်ကလေးချွဲသလို ခေါင်းတိုးဝေ့တော့ ပရော်ဖက်ဆာဝမ်က သူ့အနားလာဖို့ရန် သတိပေးသည်။
ဒီလိုချစ်စရာကောင်းအောင် ချွဲနေတဲ့ဘေဘီရဲ့ပုံစံလေးကို လေယာဉ်ကွင်းထဲရောက်နေတဲ့ ခရီးသွားဧည့်သည်တွေအားလုံး မျက်လုံးကျွတ်ကျမတတ် ငမ်းနေကြပုံကိုကြည့်ရင်း သဝန်တိုရသည်။ ဘေဘီရဲ့ချစ်စရာကောင်းတဲ့ပုံစံအားလုံးကို သူတစ်ယောက်တည်း မူပိုင်သာ မြင်တွေ့ခွင့်ရချင်ပါ၏။
"ကဲ. .ကဲ. .အိမ်ကိုရောက်မှပဲ ဆက်ပြောကြတာပေါ့၊ ကလေးတွေလည်း ခရီးပန်းလာကြတော့ နားချင်နေကြမှာပေါ့"
မာမီရဲ့စကားကြားလိုက်ရချိန် ရင်ထဲတင်းခံနေတဲ့အလုံးကြီးမှာ ချက်ချင်းဆိုသလို ပြုတ်ကျသွားရပြီး ပေါင်ပေါင်းကိုသူ့ဘက်ပြန်ဆွဲခေါ်ကာ အရှေ့မှအရင်ဦးဆုံး ထွက်လာလိုက်သည်။ အပြင်ဘက်မှရပ်ထားတဲ့ကားသုံးစီးအနက် အနောက်ဆုံးမှရပ်ထားသည့်ကားပေါ် နှစ်ယောက်သားအမြန်တက်ပြီးတံခါးပိတ်လိုက်တော့ လူကြီးတွေမှာ တဖွဖွရယ်သွမ်း၍ခေါင်းခါကာ ကားနှစ်စီးပေါ်သို့ အသီးသီးတက်သွားကြ၏။
"ဘာတွေပဲဖြစ်လာဖြစ်လာ ကျွန်တော်က ပရော်ဖက်ဆာဝမ်ကိုသာ ရွေးချယ်ပေးမှာမို့ ပရော်ဖက်ဆာဝမ်ဘက်က ရှေ့ဆက်တိုးနိုင်မယ့်အင်အားမရှိခဲ့ရင်တောင် နောက်လှည့်မပြေးဘဲ ဒီတိုင်းရပ်နေပြီး ကျွန်တော့်ရဲ့ခြေလှမ်းတွေကို စောင့်ဆိုင်းပေးပါနော်"
ပါးပြင်ပေါ်ရောက်ရှိလာတဲ့ လက်ဖဝါးနုနုလေးတွေက သူ့ပါးပြင်ပေါ်ပွတ်သပ်ရင်း နမ်းရှိုက်လာတဲ့နှုတ်ခမ်းပါးတစ်စုံကြောင့် ပါးပြင်လေးမှာနွေးခနဲ။ ကောင်ငယ်လေးရဲ့နှုတ်ခမ်းဖျားထံမှထွက်ကျလာတဲ့ စကားလုံးလှလှလေးကြောင့် သူ့မျက်ဝန်းအိမ်ထဲမျက်ရည်စတွေဟာ ချက်ချင်းဝေ့သီလာရသလို ခေါင်းကိုအဆက်မပြတ်ညိတ်မိတော့ တဟက်ဟက်ရယ်မောကာ အတင်းဖက်တွယ်လာတဲ့ကိုယ်လုံးလေး။
မြတ်နိုးလိုက်ရတာ ကလေးငယ်. . .
သေးသွယ်လွန်းတဲ့ခါးလေးကို သူ့အနားသို့ဆွဲပွေ့လိုက်တော့ အသင့်ပါလာတဲ့ကောင်လေးက သူ၏ရင်ခွင်အတွင်း မှီကျလာ၏။ ဆံသားနုနုလေးတွေကို အမြတ်တနိုးနမ်းရှိုက်ရင်း ခပ်ဖွဖွပွတ်ပေးလိုက်တော့ အသက်ရှူမှန်စွာဖြင့် အိပ်ပျော်သွားတဲ့ ဘေဘီ။
အိပ်ပျော်နေတဲ့ကောင်လေးရဲ့ဆံသားနုနုတွေကြား လက်ချောင်းလေးတွေဖြင့် ပွတ်သပ်ပေးရင်း ပတ်ဝန်းကျင်အပြင်ဘက်ကိုငေးမောရင်း အတွေးတွေကတော့ ယောက္ခထီးဖြစ်သူဆီမှာ။ ချက်ချင်းဆိုသလို လက်ခံပေးလိုက်တဲ့ စီနီယာဖြစ်သူကို ယုံစားလို့ရနိုင်ပါ့မလားဆိုတာ ခန့်မှန်းမရနိုင်သော်လည်း ကတိတစ်လုံးကိုတည်တတ်တဲ့စီနီယာကြောင့် ရင်တမမဖြင့် ယုံလိုက်ရပေတော့မည်။
ပတ်ဝန်းကျင်ကိုငေးမောကာ အတွေးနယ်ကျွံနေရင်း ပတ်ဝန်းကျင်အနေအထားကြောင့် ချက်ချင်းဆိုသလို မျက်မှောင်တွေတွန့်ကုတ်လာရ၏။ ဝမ်အိမ်တော်သို့ပြန်ရာလမ်းမဟုတ်ပါဘဲ ဘာကြောင့် ရှောင်အိမ်တော်သို့သွားရာလမ်းဖြစ်နေရတာလဲ။ တကယ်ဆိုရင် သူနဲ့ဘေဘီက ခိုးပြေးပြီးသားလင်မယားဖြစ်နေသလို အတူနေပြီးတဲ့သူတွေဖြစ်နေလေပြီ။
ဒါကြောင့် ရှောင်အိမ်တော်ကိုမမောင်းဘဲ ဝမ်အိမ်တော်ကိုမောင်းသင့်သည်မဟုတ်လား. . .
ဘာတွေလဲ စီနီယာ. . .
ရှောင်အိမ်တော်ကိုသွားနေတဲ့တစ်လျှောက်လုံး ဂနာမငြိမ်ဖြစ်နေတဲ့စိတ်အစုံဖြင့် ရင်ခွင်ထဲမှကောင်ငယ်လေးကို တင်းကြပ်နေအောင်ပွေ့ဖက်ထားရင်း သူတို့နှစ်ဦးအား မခွဲဖို့ရန်သာဆုတောင်းနေမိသည်။ အပြစ်ကင်းစင်စွာ အိပ်မောကျနေတဲ့ကောင်ငယ်လေးက သူ့မျက်ဝန်းထဲကမျက်ရည်စတွေကို မြင်တွေ့နိုင်မှာမဟုတ်။ ကိုယ် ဘယ်လိုလုပ်ရမလဲ ဘေဘီ. . .
ရှောင်အိမ်တော်ရဲ့ခြံဝန်းအတွင်းထဲ အသီးသီးဝင်သွားကြတဲ့ကားတွေကိုကြည့်ရင်း ရင်ခွင်ထဲမှကောင်ငယ်လေးကို ပိုပြီးတင်းကြပ်အောင်ဖက်ထားမိတဲ့သူ။ ဝမ်အိမ်တော်ကိုမမောင်းဘဲ ရှောင်အိမ်တော်ကိုမောင်းလာကတည်းက သူနဲ့ဘေဘီကို တနည်နည်းခွဲကြမှာပဲ မဟုတ်လား။
ကားပေါ်မှအသီးသီးတင်းကာ အိမ်ထဲဝင်သွားကြတဲ့မိဘတွေကိုကြည့်ရင်း မျက်ဝန်းထဲပြည့်နှက်နေတဲ့မျက်ရည်တွေဟာ ကောင်ငယ်လေးရဲ့ပါးပြင်ပေါ် ပေါက်ခနဲ။ မျက်ရည်စတွေကိုအမြန်သုတ်ပြီး ကောင်ငယ်လေးကိုပွေ့ချီပြီး အိမ်ထဲလှမ်းဝင်လိုက်တော့ ဧည့်ခန်းထဲထိုင်နေကြရင်း စကားလက်ဆုံကျနေကြတဲ့နှစ်ဖက်မိဘ။
"ငကျန့်ကို သူ့အိပ်ခန်းထဲမှာသိပ်ပြီး ဒီကိုလာခဲ့လို့ရမလား ဝမ်ရီပေါ်"
"ဟုတ်. .ဟုတ်ကဲ့ စီနီယာ"
တစ်ချက်ပြုံးကာခေါင်းညိတ်ပြလာပြီး မိဘတွေနဲ့စကားပြောနေပြန်တဲ့စီနီယာပုံစံက အေးအေးချမ်းချမ်း။ ပွေ့ချီထားတဲ့ကောင်ငယ်လေးကို အပေါ်ထပ်မှအိပ်ခန်းအတွင်း သေချာဂရုတစိုက်ချော့သိပ်အပြီး ခပ်ဖွဖွခြေလှမ်းများဖြင့် အောက်ထပ်ဧည့်ခန်းရှိရာတစ်လျှောက် လျှောက်လှမ်းနေရတဲ့ခြေလှမ်းတွေဟာ လေးပင်နေသလို မျက်ဝန်းထဲမှမျပ်ရည်တွေဟာလည်း ကြမ်းခင်းပြင်ပေါ် တပေါက်ပေါက်။
အောက်ထပ်ဧည့်ခန်းထဲဝင်ခါနီး မျက်ရည်စတွေကိုခပ်မြန်မြန်သုတ်လိုက်မိပေမယ့် ခြေလှမ်းတွေကတော့ နှေးကွေးနေတုန်း။ တစ်ဖက်မှာဝင်ထိုင်ဖို့ရာ မေးဆတ်ပြလာတဲ့စီနီယာကြောင့် တစ်ဖက်ခုံမှာဝင်ထိုင်ရင်း တုန်ယင်ချင်နေတဲ့သူ့လက်ချောင်းတွေကို ဘယ်သူမှမမြင်နိုင်ဖို့ရာ ဒူးနှစ်ဖက်ကြားဝှက်ထားမိတဲ့အဖြစ်က ကလေးငယ်တစ်ယောက်နဲ့မခြား တူလို့နေသည်။
ကောင်ငယ်လေးနဲ့ပတ်သက်ရင် သူဟာ အရာရာမှာရှုံးနိမ့်ပြီးသားလူတစ်ယောက်. . .
ပြီးတော့. . .ကောင်ငယ်လေးနဲ့ထပ်ခွဲရမှာ သေမတတ်ကြောက်ရွံ့နေတတ်တဲ့ လူတစ်ယောက်. . .
အရာရာမှာအောင်မြင်နေတဲ့သူက စီနီယာနှုတ်ဖျားမှထွက်ကျလာမယ့် ကောင်ငယ်လေးနဲ့သဘောမတူနိုင်ဘူးဆိုတဲ့ စကားထွက်ကျလာမှာကိုတော့ ခံနိုင်ရည်မရှိလောက်အောင် ရှုံးနိမ့်နေခဲ့ရတဲ့သူရယ်သာ. . .
ကိုယ် ဘယ်လိုလုပ်ရမလဲ ဘေဘီ. . .
"နှစ်ယောက်စလုံးကို ငါတို့ကသဘောတူပေးပေမယ့် ငကျန့်အသက်ပြည့်သွားမှ လက်ထပ်ပေးမယ်"
"စီ. .စီနီယာ"
YOU ARE READING
𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫'𝐬 𝐁𝐚𝐝 𝐆𝐮𝐲
Fanfiction𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫 𝐖𝐚𝐧𝐠 𝐘𝐢𝐛𝐨 𝐒𝐜𝐡𝐨𝐨𝐥 𝐁𝐚𝐝 𝐁𝐨𝐲 𝐗𝐢𝐚𝐨 𝐙𝐡𝐚𝐧 𝐘𝐢𝐳𝐡𝐚𝐧 𝐅𝐚𝐧𝐟𝐢𝐜 (𝐍𝐨𝐭 𝐙𝐡𝐚𝐧𝐲𝐢)