Part-14

2.8K 360 59
                                    

Professor's Bad Guy

Zawgyi

ညစ်ပတ်ပေပွနေတဲ့ခန္ဓာငယ်ကို သန့်ရှင်းပေးကာ သူကိုယ်တိုင် ရေချိုးသန့်စင်ပြီးထွက်လာတဲ့အချိန်ထိ ကုတင်ထက်လှဲလျောင်းနေသည့် ကောင်ငယ်လေးသည် နိုးထလာခြင်းမရှိသေး။ ကောင်ငယ်လေးနိုးထလာလျှင် မူးနောက်နေသည့်ဦးခေါင်းကို သက်သာစေရန်အလို့ငှါ အောက်ထပ်မီးဖိုခန်းသို့ ဖုန်းဆက်အကြောင်းကြားကာ အမူးပြေဟင်းရည်တစ်ခွက် ပြုလုပ်ခိုင်းစေလိုက်၏။

သူ၏ညအိပ်ဝတ်စုံအား ဝတ်ဆင်ထားပေးခြင်းခံရသည့် ကောင်ငယ်လေး၏ခန္ဓာငယ်မှာ အဝတ်ပုံထဲမြုပ်နေတဲ့ ယုန်သူငယ်လေးလို။ ဝမ်းဗိုက်ပေါ်တင်ထားသည့် လက်ချောင်းဖြူသွယ်သွယ်တို့ရဲ့ ပန်းဆီရောင်လက်သည်းခွံလေးများက တော်တန်သင့်ရုံထက် ရှည်မျှလို့နေပေသည်။

အခန်း​ထောင့်မှ ဆေးသတ္တာနှင့်အတူ တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်းများထားရှိသောနေရာမှ လက်သည်းညှပ်ယူကာ ကောင်ငယ်လေး၏ ကြည်လင်နေတဲ့ပန်းရောင်လက်သည်းခွံလေးများအား စိတ်ရှည်လက်ရှည်ဖြင့် အသားမထိမိနိုင်အောင် ဂရုတစိုက် ညှပ်ယူမိ၏။ သူ၏လက်ဖဝါးစောင်းရဲ့ရိုက်နှက်မှုကြောင့် မေ့မျောနေရာမှ နိုးထလာလေလျှင် ရုန်းကန်ခြင်းပြုလုပ်နိုင်သည့်အနေအထားမို့ လက်သည်းခွံညှပ်ခြင်းအမှုကို အမြန်ဆုံးလက်စသပ်လိုက်၏။

ထိုညှပ်ယူထားသည့် လက်သည်းခွံလေးများကို ကတ္တီပါအပြာရောင်ဘူးထဲ ထည့်သိမ်းကာ မည်သူမှလက်လှမ်းမမှီတဲ့နေရာ၌ သိမ်းဆည်းထားလိုက်သည်။ ကောင်ငယ်လေးနဲ့ပတ်သက်သည့် အရာမှန်သမျှ တန်ဖိုးထားလွန်းသလို မည်သူကမျှလည်း ထိပါးစော်ကားလို့မရအောင် သူ၏အာဏာ၊ သူ၏အချစ်၊ သူ၏လုပ်ပိုင်ခွင့်တွေနဲ့ ကာကွယ်သွားမည်။

"ဒေါက်. . .ဒေါက်"

"ဒေါက်"

အခန်းတံခါးခေါက်သံကြောင့် ကောင်ငယ်လေးနိုးသွားမည်မလို့ နဖူးပြေပြေလေးကို တယုတယဖိကပ်နမ်းရှိုက်လိုက်ပြီး ရင်ဘတ်ပေါ်တင်ထားသည့် လက်ချောင်းရှည်သွယ်သွယ်လေးများကို အပေါ်မှဖိအုပ်ကိုင်၍ ခပ်ဖွဖွပုတ်ကာ အခန်းတံခါးကို သွားဖွင့်လိုက်တော့ အိမ်တော်ထိန်းမု။

"အောက်ထပ်မှာ ဧည့်သည်ရောက်နေပါတယ် သခင်ကြီး"

"အင်း"

အင်္ကျီအိတ်ကပ်ထဲထည့်ထားသည့် ရွှေရောင်အနားသပ်မျက်မှန်ကို တပ်ဆင်ပြီး အိပ်ခန်းထဲတစ်ချက်ငဲ့ကြည့်၍ တံခါးပိတ်ကာ အောက်ထပ်ဧည့်ခန်းသို့ လှေကားအတိုင်းဆင်းသွားခြင်းကြောင့် သူကိုယ်၌ပါ သခင်ကြီးရဲ့နောက်ပါးဆီမှ ကပ်လိုက်ဆင်းရသည်။

နီညှိုရောင်ကျွန်းလှေကားပေါ်မှ တစ်လှမ်းခြင်းလှမ်း​နေသည့် သခင်ကြီးရဲ့ အနက်ရောင်ရှူးဖိနပ်သည် တိတ်ဆိတ်နေတဲ့အိမ်ဖြူတော်အတွင်း ဖိနပ်သံက ကျယ်ကျယ်လောင်လောင်။

"ဘယ်သူများလဲမှတ်တယ် စီနီယာ. . .အာ ဆောရီး ယောက္ခထီးကြီးဖြစ်နေတာကိုး"

သက်ကြားအိုမုဒိန်းကောင်ကို ဧည့်ခန်းအတွင်း ထိုင်စောင့်နေချိန် နောက်ပါးဆီမှ ထွက်ပေါ်လာသည့် သက်ကြားအိုမုဒိန်းကောင်ရဲ့အသံကြောင့် ဒေါသတို့ကထောင်းခနဲ။

သားဖြစ်သူ မိန်းကလေးနဲ့ပဲယူယူ ယောကျာ်းလေးနဲ့ပဲယူယူ။ သို့ပေသိ အသက်လေးဆယ်ရောက်ကာ လေးဆယ့်တစ်နှစ်ပြန်ပြည့်တော့မယ့် သူ၏အသက်ထက်နှစ်နှစ်မျှသာငယ်တဲ့ သူနဲ့ကိုတော့ လုံးလုံးလျားလျား သဘောမတူနိုင်ပါ။ ဆိုးသွမ်းနေတဲ့ကိုယ့်သားကို ထိန်းကျောင်းပေးဖို့ထက် အလိုလိုက်ပေးမယ့်စိတ်က ခပ်များများရယ်ဆိုတာ ဒီကောင့်ရဲ့ရုပ်ကိုကြည့်ပြီး သူအတပ်သိသည်။

ပရော်ဖက်ဆာ၊ ပရော်ဖက်ဆာနဲ့ ကိုယ့်ကျောင်းသားကို သားမယားဖြစ်အောင်ပြုလုပ်သွားပုံက တစ်ကြောင်း။ ကိုယ့်စီနီယာမျက်နှာမှမထောက် ကိုယ့်သားအရွယ်ကလေးတစ်ယောက်ကို ထိုသို့ပြုလုပ်သွားပုံက တစ်ကြောင်းနဲ့ သူလုံးဝသဘောမတူနိုင်။

"ဝမ်ရီပေါ် မင်းနဲ့ငါ့သားကို လုံးဝသဘောမတူနိုင်ဘူး၊ ခုချက်ချင်း ငါ့သားကို ငါ့လက်ထဲအပ်"

"ယို့. . .ယောက္ခထီး အဲလောက်လောစရာမလိုပါဘူး၊ ဒီသမက်အကောင်းစားကြီးက မကြာခင် မိစုံဖစုံနဲ့ တင့်တောင်းတင့်တယ် ပြန်လာအပ်မှာမို့ စိုးရိမ်ပူပင်ဖို့မလိုပါဘူး"

"တောက်!. . .မင်းလိုသက်ကြားအိုကောင်နဲ့ ငါ့သားနုနုထွတ်ထွတ်ကို လုံးဝသဘောမတူနိုင်ဘူး၊ မင်းလိုကောင်နဲ့ပေးစားမယ့်အစား လမ်းဘေးကခွေးကိုအမြှီးဖြတ်ပြီးသာ ပေးစားပစ်လိုက်မယ်"

"ပေးစားချင်တဲ့သူနဲ့ပေးစားနေရအောင် ဘေဘီကအရုပ်မဟုတ်သလို စီနီယာရဲ့အပိုင်မှမဟုတ်တော့တာ၊ ဝမ်ရီပေါ်ဆိုတဲ့ကျုပ်ရဲ့ အသက်လေးဆယ်မျိုးစေ့တွေက ဘေဘီ့ရဲ့ခန္ဓာကိုယ်ထဲ ကိန်းဝပ်သွားကြပြီ"

"တောက်!. . .မင်း!. . ."

"အင်း စီနီယာရဲ့ အသစ်စက်စက်သမက်လောင်း ဝမ်ရီပေါ်ပါ"

မချိုမချဉ်မျက်နှာဘေးဖြင့် သူ့အရှေ့မှဝမ်ရီပေါ်ကို ဘယ်လိုစိတ်မျိုးနဲ့ သမက်အဖြစ်လက်ခံရမလဲဆိုတာ သူမသိ။ ကိုယ့်ထက်နှစ်နှစ်မျှသာငယ်တဲ့ ဝမ်ရီပေါ်သည် အသက်လေးဆယ်နဲ့မတူစွာ နုပျိုခန့်ညားလွန်းနေသော်လည်း အသက်မပြည့်သေးတဲ့ ကိုယ့်သားနုနုထွတ်ထွတ်လေးနဲ့ ဘယ်လိုမှသဘောမတူနိုင်။ ပစ္စည်းဥစ္စာ ဂုဏ်ဓန ရုပ်ရည်အဆင့်အတန်း ဘာတစ်ခုမှချို့ယွင်းချက်မရှိသော်လည်း ကိုယ့်ထက်နှစ်နှစ်သာငယ်နေတဲ့အသက်အရွယ်ကြောင့် ယတိပြတ်ငြင်းဆန်နေမိသည်။

"ပါပါး"

"သား. . .သားကျန့်"

ဘယ်အချိန်ကတည်းက ရောက်နေမှန်းပင်မသိ လှေကားထစ်ပေါ်မှနေ၍ လက်ရမ်းကိုထိန်းကိုင်ကာ ဖခင်ဖြစ်သူအား ဖျော့တော့နေတဲ့နှုတ်ခမ်းပါးတစ်စုံမှ လေယူလေသိမ်းတိုးလျသည့်လေသံဖြင့် အော်ခေါ်နေတဲ့ကောင်ငယ်လေးနှင့် သားဖြစ်သူကိုမြင်လိုက်သည်နှင့် ချက်ချင်းမတ်တပ်ထရပ်လိုက်သည့် စီနီယာဖြစ်သူတို့နှစ်ယောက်ကိုကြည့်ကာ စိတ်တွေကရောက်ကယက်ဖြစ်လာရသူက သူရယ်ပါ။

"ပါးနဲ့ ပြန်လိုက်ခဲ့ သားကျန့်"

"ဟုတ်"

ခုလိုအချိန်ကျ လေပေးတွေဖြောင့်နေတဲ့သားအဖကိုကြည့်ပြီး ဝမ်ရီပေါ် စိတ်ရှုပ်ရပြန်ပြီ။ ဒီကိစ္စမဖြစ်သေးတဲ့အရင်နေ့တွေကဆို သူတစ်ပြန်ကိုယ်တစ်ပြန် အော်ဟစ်ဆဲဆိုနေကြတဲ့သားအဖက ယခုအချိန်မှာတော့ စည်းစည်းလုံးလုံးဖြစ်ကာ ကောင်ငယ်လေးကလည်း သူ၏ဖခင်ပြောသမျှအားလုံးကို တဟုတ်ဟုတ်ဖြင့် ခေါင်းညိတ်ထောက်ခံလို့နေသည်။

"ပြန်လိုက်သွားလို့မရဘူးနော် ဘေဘီ"

"ကိုယ့်သားကိုယ်ပြန်ခေါ်တာ ငါ့သားကဘာကိစ္စ ပြန်လိုက်လို့မရမှာလဲ"

"စီနီယာရဲ့သားက အခု ကျွန်တော့်ရဲ့အမျိုးသားဖြစ်နေပြီ"

"သူကမင်းအမျိုးသားဆို ငါကငါ့သားနဲ့မင်းကို သဘောမတူနိုင်လို့ လာခွဲတဲ့ဖခင်ပဲ၊ အသက်မပြည့်သေးတဲ့ကလေးသူငယ်တစ်ယောက်ကို လိင်ပိုင်းဆိုင်ရာကျူးလွန်ပြီး တစ်ဖက်လူစိတ်ဆန္ဒမပါဘဲ အတင်အဓ္ဓမခိုးပြေးသွားတယ်လို့ ငါတိုင်ချက်ဖွင့်လို့ရတယ်ဆိုတာ မင်းမမေ့ပါနဲ့"

စီနီယာရဲ့နှုတ်ဖျားမှထွက်ကျလာတဲ့ စကားလုံးအားလုံးတိုင်းဟာ လုပ်သင့်လုပ်ထိုက်တာ အမှန်တရားတွေပဲမို့ သူ့ဘက်က ပိတ်ပင်ပြောဆိုပိုင်ခွင့် လုံးဝမရှိ။ အသက်ပြည့်ရန်နှစ်လလောက်သာလိုတော့ပေမယ့်လည်း မတော်မတရားပြုခဲ့မိသည့်အချိန်က ကောင်ငယ်လေးရဲ့အသက် မပြည့်သေး။ တစ်ဖက်လူရဲ့စိတ်သဘောဆန္ဒပါခဲ့လျှင်ပင် မိဘအသိုင်းအဝိုင်းက လက်မခံခဲ့ဘဲ တိုင်ချက်ဖွင့်လိုက်လျှင် ကျူးလွန်မိတဲ့သူက ရှေ့နေငှါးပိုင်ခွင့်ရှိသော်လည်း ထောင်လုံးလုံးကျပေလိမ့်မည်။

ယခုအခါမှာတော့ ကောင်ငယ်လေးရဲ့အသက်က မပြည့်သေးတော့ သူ့အတွက် ကံဆိုးမိုးမှောင်ကျ​ရ​လေပြီ။ ကောင်ငယ်လေးဆေးခတ်ခံရလို့ ခုလိုကိစ္စဖြစ်သွားတာလို့ ပြောဆို၍ရပေမယ့် ဆေးခတ်ခံရသည်အား ဖြေရှင်းလို့ရသည့် နည်းလမ်းများစွာရှိသော်လည်း သူကိုယ်တိုင်က စိတ်ကိုအလိုလိုက်ကာ ကောင်ငယ်လေးအပေါ် အခွင့်ကောင်းယူခဲ့မိသည်။

"မင်း ငါ့သားနဲ့လုံးဝမပတ်သက်ပါနဲ့ ထပ်တွေ့စရာအကြောင်းလဲမရှိတာမို့ မင်းရဲ့ကျောင်းကနေ တစ်ခါတည်းထုတ်ပြစ်လိုက်ပြီဆိုတာလည်း ပြောသွားပါရစေ"

လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောကြားသွားပြီး သားဖြစ်သူ၏လက်ကိုဆွဲ၍ ထွက်ခွာသွားကြပြီဖြစ်သော သားအဖနှစ်ယောက်ကိုကြည့်ပြီး မလှုပ်နိုင်မယှက်နိုင်ဖြစ်နေမိတဲ့သူက သူရယ်ပါ။ ဆင်ဝင်အောက်မှ ကားစက်နိုးသံကြားလိုက်ရမှ အပြေးအလွှားသွားကာ ကားတံခါးကိုလက်ဖဝါးဖြင့်ထုရိုက်၍ ကောင်ငယ်လေးကိုအော်ခေါ်နေမိပေမယ့် သူ့အားတစ်ချက်ပင်လှည့်မကြည့်လာခဲ့။

ကားလေးကအရှိန်ဖြင့်မောင်းထွက်သွားပြီး လာလမ်းအတိုင်း အတင်းကာရောမောင်းထွက်သွားသည့်နောက် ပြေးလိုက်နေမိသော်လည်း ခြံဝန်းအပြင်ဘက်သို့ ရောက်ရှိသွားလေပြီ။

အိမ်ရှေ့အပေါက်ဝ၌ စိတ်ပျက်လက်ပျက်ထိုင်ချ၍ ခန္ဓာကိုယ်တုန်ယင်နေသည့်အထိ ငိုခြင်းချနေသည့်သခင်ကြီးအား နောက်ကျောမှတစ်ဆင့်မြင်​နေရ​ပေမယ့် သူတို့အလုပ်သမားအားလုံး စိတ်မကောင်းဖြစ်ရ၏။ ထိုကောင်ကလေးအပေါ် သခင်ကြီး ဘယ်လောက်ထိချစ်မြတ်နိုးသလဲဆိုတာ ဒီအိမ်မှာရှိတဲ့အလုပ်သမားအားလုံး သိသည်။

"ဘေဘီ!"





𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫'𝐬 𝐁𝐚𝐝 𝐆𝐮𝐲Where stories live. Discover now