Part-7

3.7K 514 26
                                    

Professor' Bad Guy

Zawgyi

  ကားပေါ်ကိုအတင်းဆွဲခေါ်ပြီး သူ၏ပေါင်ပေါ်တွင်သာ ခွလျက်ထိုင်နေစေသော ကောင်ငယ်လေးက ကော့လန်နေအောင်တွတ်ထိုးနေပြီး ရုန်းကန်နေသည်မှာ လက်သီးဆုပ်တွေက သူ့မျက်နှာပေါ်သို့ တစ်ချက်တစ်ချက် ကျရောက်လာသည်ကြောင့်၊ လက်ကောက်ဝတ်သေးသေးလေးနှစ်ဖက်ကို သူ့လက်ဖဝါးတစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်ပြီး ခါးသိမ်သိမ်ကျဉ်းကျဉ်းလေးအား လက်တစ်ဖက်နဲ့ထိန်းကိုင်ရင်း တိုးဝှေ့ဖက်တွယ်ထားလိုက်၏။
 
  "ကားပေါ်ကကန်ချမခံချင်ရင် ငြိမ်ငြိမ်နေစမ်း ဘေဘီ"
 
  "ကန်ချရဲရင်ကန်ချလိုက်"
 
  အထိအခိုက်ပွန်းပဲ့ဖြစ်မှာကိုပင် တွေးပူနေရသည့်သူမို့ ကားပေါ်ကကန်ချရဲပါ့မလားဆိုတာ ကောင်ငယ်လေးသိပါစ။ ကျောင်းအင်္ကျီအဖြူရောင်အောက်မှ ခါးသိမ်သိမ်ကျဉ်းကျဉ်းလေးက သူ့လက်ဖဝါးနှစ်ဖက်ထဲ အံဝင်ခွင်ကျရှိနေသလောက် လက်ဖဝါးတစ်ဖက်တည်းဖြင့် ကိုင်ဆောင်ထားရသည်မို့ ခါးတစ်ဖက်ခြမ်းဟာ သူ့လက်ဖဝါးကြီးကြီးထဲ ပနံသင့်စွာရှိနေလေသည်။
 
  "ကျွန်တော့်ကိုဘယ်ခေါ်သွားမလို့လဲ၊ လမ်းတစ်ပိုင်းမှာ ပစ်ချထားမလို့လား"
 
  "ငြိမ်ငြိမ်နေစမ်း ဘေဘီ"
 
  "အချုပ်ထဲကဘာလို့ခေါ်ခဲ့တာလဲ"
 
  "အချုပ်ခန်းထဲမှာ ဘေဘီ့ကို ကိုယ်ထားရစ်ခဲ့နိုင်ပါ့မလား၊ လိမ်လိမ်မာမာနေပါလား ဘေဘီ"
 
  "ကျစ်"
 
  ဆုပ်ကိုင်ခံထားရသည့်လက်​တွေ ပြေလျော့သွားသည်မို့ ရုန်းထွက်ပြီး ပေါင်ပေါ်မှဆင်းကာ နံဘေးသို့ပြောင်းထိုင်ကာ ခါးပတ်အမြန်ပတ်ပစ်လိုက်၏။ သူ့ဘက်လှည့်၍ ပွေ့ချီရန်ပြင်နေသော ပရော်ဖက်ဆာဝမ်က ခါးပတ်အမြန်ပတ်လိုက်သည့်သူ့အပြုမူကြောင့် ခေါင်းအသာယမ်းကာ ခပ်ဟဟရယ်ရင်း သူ့ရဲ့ဆံပင်တွေကို လက်​ချောင်း​တွေဖြင့် ဖွလေသည်။
 
  သူ့ကိုစေ့စေ့စိုက်ကြည့်နေသည့် ပရော်ဖက်ဆာဝမ်ရဲ့အကြည့်တွေကို လျစ်လျူရှုကာ ကားခေါင်းခန်းမှကူရှင်ပေါ်သို့ ခြေထောက်နှစ်ဖက်စလုံး ယှက်နွယ်တင်လိုက်တော့၊ ဒရိုင်ဘာသည် နောက်ကြည့်မှန်မှတစ်ဆင့် သူ့ကိုတစ်လှည့် ပရော်ဖက်ဆာဝမ်ကိုတစ်လှည့်ကြည့်၍ မျက်ဝန်းမှအံ့ဩရိပ်သန်းတွေ ဖြတ်ပြေးသွားပုံ။
 
  ကားအတွင်း၌ မွေးပျံ့သောကိတ်မုန့်အနံ့ထွက်​ပေါ်လာသလို နံဘေးမှကတ္ထူစက်ကူပုံးဖွင့်သံပါ တစ်ပြိုင်တည်းကြားရသည်ကြောင့် တံတွေးတစ်ချက်မြိုကာ မျက်လုံးထောင့်ကပ်၍ ခိုးကြည့်မိတော့ နူးညံ့ပုံရသောကိတ်သားတစ်ခုကို ပရော်ဖက်ဆာဝမ်က တစ်ဇွန်းဖဲ့စားရင်း အရသာခံနေ၏။
 
  ဂလု. . .
 
  တံတွေးတစ်ချက်မြိုကာ မျက်လုံးမှိတ်၍ မြည်းစမ်းချင်သည့်အတွေးတွေကို ခေါင်းထဲမှထုတ်ပစ်နေသော်လည်း အနံ့တွေက သူ့နှာခေါင်းဝ၌ စွဲထင်ကျန်နေလေသည်။ နှာခေါင်းဝတွင် နီးလာလိုက်ဝေးသွားလိုက်ဖြစ်ပေါ်နေသော ကိတ်သားအနံ့တွေကြောင့် နှာခေါင်းတရှုံ့ရှုံ့လုပ်​နေမိ​တော့ ဩရှရှခပ်ဟဟရယ်မောသံက ကားအတွင်းထွက်ပေါ်လာသလို၊ သူ့မျက်လုံးသည်လည်း တစ်ပြိုက်နက်တည်း ဖွင့်မိသည်။
 
  "စားချင်လား"
 
  "မစားချင်ပါဘူး၊ အနံ့ကမွှေးလွန်းနေလို့ အနံ့ခံကြည့်ရုံတင်"
 
  "ဪ"
 
  ". . . . ."
 
  "ဘေဘီစားချင်ရင် ကိုယ်ကကျွေးမလို့ပါဘဲ၊ ခုတော့ ဘေဘီကမစားချင်ဘူးဆိုတော့ ထိုက်ချန်းကိုပေးလိုက်ရုံပေါ့"
 
  တစ်ဇွန်းသာခပ်စားထားသည့် ပလပ်စတစ်ခွက်လေးထဲမှ ထည့်ထားသောကိတ်မုန့်သားတွေကို အဖုံးဖုံးကာ ကတ္ထူစက္ကူပုံထဲ ပြန်ထည့်ရန်ပြင်ဆင်နေတဲ့ ပရော်ဖက်ဆာဝမ်က တကယ်ပေးတော့မည့်ပုံ။
 
  "တကယ်မစားတော့ဘူးလား"
 
  "အဟမ်း. . .ပရော်ဖက်ဆာဝမ်က ဇွတ်အတင်းကျွေးနေလို့ အားနာပါးနာနဲ့စားလိုက်မယ်၊ ကျွန်တော်က စားချင်လွန်းလို့ရယ်တော့မဟုတ်ပါဘူး"
 
  "မစားချင်လည်းမစားပါနဲ့ ဘေဘီမှမစားချင်တာ"
 
  "စားမှာ. . .ပေး. . .ဒါကျွန်တော့်ဥစ္စာ"
 
  သူ့လက်ထဲမှကိတ်မုန့်တိုက်ကိုဆွဲလုကာ ရင်ခွင်ထဲပိတ်ပြီး မျက်စောင်းတွေလှိမ့်ထိုးနေတဲ့ ကောင်ငယ်လေးက ဘယ်လောက်ပင်ဆိုးသွမ်းတဲ့စရိုက်ဖန်တီးထားပါစေ အမူအကျင့်လေးတွေက တကယ့်ကလေးလေးသာ။ ကူရှင်ပေါ်တင်ထားသည့်ခြေထောက်တွေကို တင်ပလ္လင်ချိတ်ထိုင်လိုက်ပြီး ကိတ်သားတွေအား ဇွတ်အပြည့်ခပ်ထည့်ရင်း ပလုပ်ပလောင်းစားနေသည့် ကောင်ငယ်လေးက အသည်းယားစရာအတိ။
 
  ကိတ်သားတွေကိုတလှုပ်လှုပ်ဝါးနေသည့် နှုတ်ခမ်းပါးရဲရဲလေးတွေက ကိတ်သားလေးတွေပေကျံကာ လျှာဖျားရဲရဲလေးဖြင့် ပွတ်သပ်လျက်ယူလိုက်ပြီး တစ်ချက်တစ်ချက်ရယ်လိုက်ပုံကြောင့် အောက်ခမ်းဘယ်ဘက်အောက်မှ အနက်ရောင်အစက်ကလေးဟာ ပို၍ထင်ရှားလာလေသည်။
 
  တင်ပလ္လင်ချိတ်ထိုင်ထားသည်ကြောင့် ဒူးအောက်နားထိရှည်သော ​နီညို​ရောင်​ဘောင်းဘီကလေးဟာ ပေါင်အလယ်နားထိတိုတက်သွားသည်မို့ ဖြူဆွတ်ဆွတ်ပေါင်တံသွယ်သွယ်တို့က ပေါ်ထွက်လာသည်ကြောင့်၊ အပေါ်မှဝတ်ဆင်ထားသည့်ကုတ်အင်္ကျီကိုချွတ်ကာ ထိုပေါင်တံတို့အား ကွယ်ဝှက်ဖုံးထားပစ်လိုက်၏။
 
  သူတစ်ယောက်တည်းသာရှိလျှင် ထိုပေါင်အလယ်အထိသာမက ပေါင်းရင်းအထိပါပေါ်ပေါ် ဖုံးကွယ်ပေးခြင်းမပြုလုပ်နိုင်ပါသော်လည်း၊ ရှေ့ခန်းတွင်ကားမောင်းနေသည့် ထိုက်ချန်းရှိနေ​သော​ကြောင့် သူတစ်ကြိမ်တစ်ခါမျှ ကိုယ်တွယ်ခြင်းမပြုလုပ်ရသေးသော နေရာလေးတွေကို မမြင်စေချင်။
 
  နောက်လည်း ပြဖို့မြင်ဖို့ရာ အစီအစဉ်မရှိ. . . . .
 
  သူ၏ပေါင်ပေါ်သို့ ဖုံးအုပ်လာခြင်းခံရသည့်အင်္ကျီကြီးအား ဖယ်ခွာလိုက်သော်လည်း ပြန်လည်ဖုံးအုပ်လာခြင်းသာပြုနေသည်မို့ ထိုအတိုင်းသာနေလိုက်၏။ နာရီဝက်လောက်အကြာအထိ ကားစီး​နေရ​သော်လည်း တစ်ကြိမ်တစ်ခါမျှရပ်နားခြင်းမပြုပါသော ပရော်ဖက်ဆာဝမ်ရဲ့ကားကြောင့်၊ ရုပ်ရှိရေလျှံဖြစ်သောသူ့အား ပြန်ပေးဆွဲလာသည်ဟုပင် တွေးမိသော်လည်း၊ ဘယ်လိုပြန်ပေးဆွဲသမားက ဈေးကြီးကြီးပေးထားပုံရသော ကားကြီးတွေဖြင့် ပြန်ပေးဆွဲကြလိမ့်မည်နည်း။
 
  ဥစ္စာပေါရုပ်ချောပရော်ဖက်ဆာဝမ်က ကျောင်းသားတွေကိုယခုလို​ခေါ်ပြီး အတွင်းကလီစာတွေများ ရောင်းစားနေခြင်းလား။ ပရော်ဖက်ဆာဝမ်ထက်ချောတဲ့ သူ့ကိုကရော အတွင်းကလီစာတွေဖောက်ထုတ်ပြီး ရောင်းစားမှာပဲလား. . . . .
 
  မဖြစ်နိုင်လိုက်တာ. . . . .
 
  ကိုယ့်အတွေးနဲ့ကိုယ်ပြုံးမိရင်း ပရော်ဖက်ဆာဝမ်ဘက် ခေါင်းငဲ့စောင်းကြည့်မိတော့ မြတ်နိုးမှုအပြည့်ဖြင့်ကြည့်နေသည့် အကြည့်တွေကြောင့် ကြက်သီးမွှေးညှင်းပင် ထောင်ထလာရသည်။ ထိုအကြည့်တွေကြောင့် ခန္ဓာကိုယ်ပင်တစ်ချက်တွန့်သွားသလို ခပ်မြန်မြန်ပင်အကြည့်လွှဲပစ်လိုက်၏။
 
  ကားလေးတွေတလှိမ့်လှိမ့်ဖြင့် ဘယ်ကိုဦးတည်နေမှန်းမသိသော်လည်း သူ၏အိမ်သွားရာလမ်းသို့ ကျော်လွန်သွားပြီးသည်အထိ ရပ်နားခြင်းမပြုသေး။ များမကြာမီ တိတ်ဆိတ်ငြိမ်သက်လှသော ပတ်ဝန်းကျင်တစ်ခုသို့ ရောက်ရှိလာပြီး၊ အရှေ့မှသွားနေသောကားနှစ်စီးသည် ကြီးမားကျယ်ဝန်းသော အိမ်ခြံဝန်းတစ်ခုသို့ ချိုးကွေ့ဝင်ရောက်သွားသလို၊ သူနှင့်ပရော်ဖက်ဆာဝမ်တို့ စီးနင်းလိုက်ပါလာသော ကားလေးသည်လည်း ထိုခြံဝန်းအတွင်းသို့ ဝင်ရောက်လိုက်ပါလေသည်။
 
  သူ၏အရပ်နှစ်ရပ်စာမြင့်မားလှသော အုတ်တံတိုင်းကြီးများသည် နောက်တွင်ကျန်ရစ်လေပြီး၊ ခြံဝန်းအတွင်း၌စိုက်ပျိုးထားသော အရောင်စုံပန်းပင်များနှင့် ခရစ္စမတ်သစ်ပင်များလို ဖြတ်ညှပ်ထားသောသစ်ပင်ကြီးများကလည်း ကွန်ကရစ်လမ်းလေး၏ဘေးတစ်ဖက်တစ်ညှက်စီတွင် စိုက်ပျိုးထားကြပြီး နောက်ပါးဆီတွင် တရိပ်ရိပ်ကျန်ရစ်နေလေသည်။
 
  ကားမှန်တံခါးတွေမှာအနက်ရောင်ဖြင့်ကာရံထားသော်လည်း အပြင်မှအရာတွေကို ထိုးဖောက်ကြည့်မြင်နိုင်စွမ်းရှိသောကြောင့် ကားခေါင်းမှန်မှတစ်ဆင့်မြင်နေရသော တီဗွီချန်နယ်တိုင်းတွင် အမြဲတစေမြင်တွေ့ရသည့် ဝမ်အိမ်ဖြူတော်ကြီးသည် သူ၏အရှေ့တည့်တည့်တွင် မြင်တွေ့နေရသည်မို့ အနည်းငယ်တော့ရှိန်မိသည်။
 
  ပရော်ဖက်ဆာဝမ်အား ကြောက်ရွံ့ခြင်းမရှိပါဘဲ ထိုအိမ်ဖြူတော်ကြီးကို​တော့ အနည်းငယ်ကြောက်ရွံ့ရှိန်မိ၏။ ပရော်ဖက်ဆာဝမ်ဘက်လှည့်ကြည့်တော့ အိမ်ဖြူတော်ဘက်မျက်နှာမူကာ တုန်လှုပ်မှုမရှိသောမျက်နှာပြင်က ကြည့်ကောင်းနေသယောင်။
 
  ဆင်ဝင်အောက်ဘက်ကားရပ်လိုက်သည်နှင့် တစ်ခြားကားတစ်စီးပေါ်မှ အနက်ရောင်ဝတ်ဆင်ထားသည့် ခပ်ဖိုင်းဖိုင်းလူကြီးတစ်ယောက်သည် ပရော်ဖက်ဆာဝမ်ထိုင်နေသည့် ဘေးတစ်ဖက်ခြမ်းကားတံခါးအားဖွင့်ပေးလေသည်။ ပရော်ဖက်ဆာဝမ်သည် အလျင်အမြန်ဆင်း၍ အဖြူရောင်အောက်ခံအင်္ကျီအား လက်ခေါက်တင်လိုက်ပြီး၊ သူထိုင်နေသည့်ဘက်သို့ ခြေလှမ်းကြဲကြီးတွေဖြင့်လာရောက်ကာ တံခါးဖွင့်ပေး၍ မထင်မှတ်ထားသည့်ပွေ့ချီလိုက်ခြင်းကြောင့် လည်တိုင်သို့ဖက်တွယ်လိုက်မိ၏။
 
  "ခင်ဗျား ဘာလုပ်တာလဲ၊ အခုချက်ချင်းချပေး"
 
  "ပါးစပ်ပိတ်ပြီးတိတ်တိတ်ကလေးလိုက်ခဲ့ ဘေဘီ၊ ဧည့်ခန်းထဲမှာ ကိုယ့်မိဘတွေရှိနေလိမ့်မယ်"
 
  "ဟမ်"
 
  အသက်ကြီးပြီဖြစ်သော ပရော်ဖက်ဆာဝမ်က သူ၏ခန္ဓာကိုယ်အား လူအများရှေ့ကလေးတဖွယ်ပွေ့ချီနေခြင်းကို ရှက်ရွံ့ခြင်းမရှိလေဘူးလား။ ဧည့်ခန်းထဲထိပွေ့ချီလာသောသူ့ကို ပေါင်ပေါ်တင်ထားမတတ် ယုယနေသောပရော်ဖက်ဆာဝမ်က အရှေ့မှထိုင်နေသည့် အသက်ကြီးကြီးလူတစ်ယောက်ကြောင့် ငြိမ်ကျသွားသည်။
 
  ကားသံကြားလိုက်သည်နှင့် သားဖြစ်သူပြန်လာပြီဆိုတာ အတတ်သိသော်လည်း စောလွန်းလှသည့်အချိန်၌ ပြန်ရောက်ရှိလာခြင်းကြောင့် အနည်းငယ်တော့ အံ့ဩမိသည်။ အံ့ဩလို့မှမဆုံးခင် သို့ထက်အံ့ဩမိသည်က သားဖြစ်သူမှာကလေးတစ်ယောက်အား ဧည့်ခန်းထဲအထိ တယုတယပွေ့ချီလာပြီး၊ သူတို့လင်မယားနှစ်ယောက်ရှိပါလျက်နဲ့ ထိုကလေးငယ်အား ပေါင်ပေါ်တွင်ထိုင်စေရန်အထိပါ ပြုမူနေသောကြောင့် ချောင်းတစ်ချက်ဟန့်လိုက်မှ ဆိုဖာပေါ်တွင် ထိုင်စေလေသည်။
 
  အမေကြီးကိုလှည့်ကြည့်လိုက်​သော်လည်း မေးရိုးပင်ပြုတ်ကျလုမတတ် ပါးစပ်အဟောင်းသားဖြင့် သားဖြစ်သူနှင့်ထိုကလေးငယ်အား ကြည့်နေသည်မှာ သူ့ထက်ပင်အခြေအနေဆိုး​လေသည်။ ခြေထောက်ကိုခပ်ဖွဖွတက်နင်းလိုက်မှ သူ့ဘက်လှည့်ကြည့်လာပြီး မျက်စောင့်ဝေ့လာ၏။
 
  သားဖြစ်သူတော်တော်ဖြစ်နေသလောက် ထိုကလေးငယ်မှာ မျက်နှာတွေစူပုတ်နေပြီး ရဲတွတ်နေကာ သူတို့လင်မယားနှစ်ယောက်အား သွားကြီးစေ့ပြီးရယ်ပြလာသည်မှာ ချစ်စရာမကောင်းဘဲ ကြောက်စရာပင်ကောင်းနေလေသည်။
 
  "ဟို. . .မင်္ဂလာပါ အဖိုးနဲ့အဖွား"





𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫'𝐬 𝐁𝐚𝐝 𝐆𝐮𝐲Tahanan ng mga kuwento. Tumuklas ngayon