Professor's Bad Guy
Zawgyi
Lover Seatတွင်လိုက်ပါလာသည့်ကောင်ငယ်လေးကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး ကားကိုသာသေချာဂရုစိုက်မောင်းနှင်လိုက်သည်။ ဖုန်းကိုသာအာရုံစိုက်နေသည့်ကောင်ငယ်လေးရဲ့ နှုတ်ခမ်းပါးလွှာထက်မှ ဆဲဆိုကြိမ်းမောင်းသံများက ကားအတွင်းကျယ်လောင်စွာထွက်ပေါ်နေ၏။
ကောင်ငယ်လေးသည် သူခေါ်ဆောင်ရာနောက် အသာတကြည်လိုက်ပါလာသလို သူ၏စိတ်ဆန္ဒဖြင့်လိုလိုလားလားလိုက်ပါလာခြင်းကြောင့် အတိုင်းမသိဝမ်းသာကြည်နူးရသည်။ ကောင်ငယ်လေးပျောက်ဆုံးခြင်းကိုသိပြီး မကြာမီအချိန်အတွင်း သူ့အိမ်သို့ ယောက္ခမကြီးလိုက်လာတော့မယ်ဆိုတာကိုလည်း သိသည်။
ထို့ကြောင့် ကောင်ငယ်လေးကို သူ၏ဖခင်မတွေ့နိုင်မယ့်နေရာအား ခိုးပြေးသွားရန်သာ စီစဉ်ထားမိ၏။ ကောင်ငယ်လေးရဲ့အလိုကျ ဘယ်နိုင်ငံ၊ ဘယ်ဒေသ၊ ဘယ်ဌာနေဆီသွားချင်လဲ သူ၏ကိုယ်ပိုင်လေယာဉ်ဖြင့် လိုက်ပို့ပေးမည်။ လူထူအရောက်နည်းပါးတဲ့ကျေးလက်ဒေသဆီ သွားချင်သလား သူကိုယ်တိုင် ဆိုင်ကယ်မောင်းပြီး လိုက်ပို့ပေးမည်။
ဘယ်နိုင်ငံပင်လယ်ဆီ ဦးတည်လျှောက်သွားချင်သလဲ သူ၏သဘောင်္ဆိပ်ကမ်းမှ အကောင်းဆုံးသဘောင်္ဖြင့် လိုက်ပို့ပေးမည်။ နာမည်ကြီးအနုပညာရှင်များနဲ့ တွေ့ဆုံနှုတ်ဆက်ချင်သလား ရှိရှိသမျှအနုပညာရှင်အားလုံးကို ငှါးရမ်းခေါ်ဆောင်ပြီး ဒါကျွန်တော့်ရဲ့အမျိုးကောင်းသားလေး ဆိုတဲ့ဂုဏ်ဒြပ်နဲ့လည်း ကြွားဝါပြစ်လိုက်ပေဦးမည်။
##########
ရေချိုးနေစဉ်အတွင်း အိပ်ခန်းထဲမှ အဆက်မပြတ်မြည်ဟီးနေတဲ့ ဖုန်းသံကို မကြားမိ။ ရေချိုးပြီးပြန်ထွက်အလာ ထွက်ပေါ်လာတဲ့ဖုန်းသံကြောင့် အဝတ်စားပင်မဝတ်ဆင်နိုင်သေးဘဲ မြည်ဟီးနေတဲ့ဖုန်းကို အလျင်အမြန် အပြေးအလွှားကိုင်ရသည်။ ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ မတူအောင်ထားထားသည့် Ringtoneသံမလို့ ထွက်ပေါ်လာသောသံစဉ်ကြောင့် ကောင်ငယ်လေးရဲ့ထံပါးမှဆိုတဲ့အသိက ကဆုန်ပေါက်အခုန်မြန်နေတဲ့ နှလုံးသားတစ်စုံကြောင့် ကောင်ငယ်လေးပြောဆိုနေခြင်းကို ပြန်မဖြေကြားနိုင်သည်အထိ။
လွမ်းနေခဲ့ရတဲ့အသံလေးကြောင့် ပျော်ရွှင်နေရချိန် တစ်ဖက်ဖုန်းအတွင် နှုတ်ခမ်းပါးမှထွက်ကျလာတဲ့ ကောင်ငယ်လေးရဲ့စကားလုံးကြောင့် မတ်တပ်မေ့ချင်ချင်။
ကောင်ငယ်လေးရဲ့နှုတ်ဖျားမှထွက်ကျလာတဲ့ စကားလုံးချိုချိုဆိုသော်လည်း မယုံကြည်နိုင်လွန်းလို့ပြန်မေးမိတော့ မခိုးချင်လာမခိုးနဲ့ ဆိုတဲ့အော်ငေါက်ဆဲဆိုသံလေးကြောင့် ကိုယ်အခုချက်ချင်းပဲလာခဲ့မယ် လို့ပြန်ပြောလိုက်မှ လေသံလျော့သွားပြီး ဖုန်းချသွားသည်။
"ဘေဘီက ကိုယ့်အပိုင်ပဲ"
ကျသွားသည့်ဖုန်းကြောင့် အဝတ်အစားကိုအမြန်ဝတ်၍ စားပွဲခုံပေါ်တင်ထားသည့် ဖုန်းနှင့်ကားသော့ကိုယူကာ ကောင်ငယ်လေးရှိရာဆီသို့ ကားကို အမြန်မောင်းနှင်နေမိသည်။ ကောင်ငယ်လေး သူ့အပေါ် မချစ်မနှစ်သက်သေးဘူးဆိုတာသိပေမယ့် ကိုယ့်အသက်ထက်မက ချစ်မြတ်နိုးမိတဲ့ကလေးငယ်ကိုတော့ စောင့်ဆိုင်းခြင်းဆိုတဲ့နာမ်ပုဒ်ကို ဘယ်အချိန်ဘယ်သောအခါမှ မဖြစ်စေရ။
ဝမ်ရီပေါ်ဆိုတဲ့ကျုပ်က ရှောင်ကျန့်ဆိုတဲ့ ကလေးငယ်မရှိရင် မဖြစ်ဘူး. . .
ကလေးငယ်မရှိတဲ့သူ့ရဲ့ဘဝကြီးက ဘာလဲလို့မေးလျှင် ပိန်းပိတ်မှောင်နေတဲ့လျှောက်လမ်းပေါ် အလင်းမြူတစ်စတောင်မရှိဘဲ ရောက်ရှိနေတဲ့နေရာမှာသာ ရပ်မြဲရပ်ဆဲပြုလုပ်နေမယ့် လူတစ်ယောက်ရယ်ပါ. . .
ကလေးငယ်က ဆိုးလွန်းတယ်. . .
ဆယ်ကျော်သက်ကောင်ငယ်လေးအရွယ်မလို့ ဆိုးချင်မိုက်ချင် အရာအားလုံးကိုစူးစမ်းချင်နေမိကြတာက ကောင်ငယ်လေးတစ်ယောက်တည်းသာမဟုတ်။ ဆယ်ကျော်သက်ကလေးသူငယ်တိုင်း စူးစမ်းချင်စိတ်တွေ ဖြစ်ပေါ်နေခြင်းမဟုတ်ပါလား။
ကလေးငယ်က ငယ်လွန်းတယ်. . .
အသက်အရွယ်အားဖြင့် ငယ်လွန်းသေးသော်လည်း စူးစမ်းချင်တဲ့စိတ်ဆန္ဒကြောင့် အသက်လေးဆယ်အရွယ်သူနဲ့ မှားယွင်းကြပြီး တစ်ဖက်သတ်အချစ်မပါတဲ့ အိမ်ထောင်ရေးလျှောက်လမ်းကို ရှေ့ဆက်လျှောက်လှမ်းရတော့မည်။ ဒီအသက်အရွယ်ဟာ မိဘအရိပ်ဝါဒအောက်မှာ မေတ္တာလုံခြုံမှုအပြည့်နဲ့ ခိုးနားနေရမယ့်အရွယ်ဆိုသော်ငြားလည်း ချစ်မေတ္တာ၊ ဂရုစိုက်ခြင်းတွေ ပေးအပ်ချင်နေတဲ့ လူတစ်ယောက်ရဲ့ရင်ခွင်ထဲ အချိန်စောစီးစွာ ဝင်ရောက်ခိုလှုံခဲ့ရပြီ။
"ကျွီ"
အတွေးပေါင်းသောင်းခြောက်ထောင် ဝင်ရောက်တွေးတောရင်း ကောင်ငယ်လေးရှိရာအိမ်ရှေ့ဆီ ဘယ်လိုဘယ်ပုံရောက်လာမှန်းပင်မသိလိုက်။ ကောင်ငယ်လေးက သူ့နောက်လိုက်ပါလာတော့မယ်ဆိုတဲ့ အသိစိတ်က သူ့ရင်ကို အဆမတန်အခုန်မြန်စေသည်။ ခြံဝန်းထဲ လူအရိပ်အခြေကြည့်လိုက်တော့ ခေါက်တုန့်ခေါက်ပြိလျှောက်နေကြတဲ့ လူထွားကြီးတွေကြောင့် ကောင်ငယ်လေးထွက်မရဖြစ်နေမိသည်ထင်။
"ဘေဘီ ကိုယ်ခြံပြင်မှာရောက်နေပြီ"
ဘေဘီဆိုတဲ့ Contactလေးထံ မက်ဆေ့လှမ်းပို့လိုက်တော့ Seenပြကာ ကောင်ငယ်လေးရဲ့အပေါ်ထပ် အိပ်ခန်းလိုက်ကာစလေးကြားမှ ထွက်ပေါ်လာတဲ့မျက်နှာလေး။ အဝေးမှမြင်နေရတဲ့မျက်နှာပေါက်လေးမှာ မမြင်ရတဲ့အတောအတွင်း ပိုပြီးချစ်ဖို့ကောင်းနေသယောင်။ ခြံဝန်းထဲမှလူတွေကို လက်ညှိုးညွှန်ပြပြီး အခန်းထဲ လှစ်ခနဲပြေးဝင်သွားပြန်တဲ့ကောင်ငယ်လေးကြောင့် စီယာတိုင်ပေါ်တင်ထားသည့် လက်ချောင်းတို့က တတောက်တောက်ခေါက်နေမိသည်။
"ခဏစောင့် ခြံထဲကလူတွေ အိမ်ထဲပြန်ဝင်သွားတဲ့အချိန် ကျွန်တော်ဆင်းလာခဲ့မယ်"
ရိုးရှင်းလှတဲ့စာနှစ်ကြောင်းလေးက သူ့ကိုပျော်ရွှင်ကြည်နူးမှု ဖြစ်ပေါ်စေသည်။ ကောင်ငယ်လေးက သူ့နောက်လိုက်ရန်အတွက် ထိုသို့ကြိုးပမ်းနေပုံလေးကြောင့် အချစ်တွေက တရစ်ရစ်တိုးလို့လာရပြန်သည်။ ဆိုးဆိုးမိုက်မိုက်နေတဲ့ပုံစံလေးကိုပင် ချစ်မြတ်နိုးနေမိတဲ့ လူတစ်ယောက်အတွက် သူ့နောက်လိုက်ရန်အတွက် စွန့်စွန့်စားစားပြုလုပ်နေတဲ့ အပြုအမူလေးတွေကြောင့် ဒီလူကြီးရဲ့နှလုံးသားထဲ ကြွက်ဝင်ပြေးနေသလို ကလိကလိနဲ့ ဘယ်နားသိမ်းထားရမှန်းပင်မသိ။
ခြံထဲမှအစောင့်တွေအနည်းငယ်သာ ရှိတော့သည့်အချိန် ပန်းရုံတို့ကိုအမှီပြု၍ ပုန်းလျှိုးကွယ်လျှိုးလာနေတဲ့ကောင်ငယ်လေးကြောင့် အစောင့်တွေသာမိသွားလျှင်ဆိုတဲ့အတွေးတွေက ဝင်ရောက်လာချိန် နေမရထိုင်မရ။ ကားပေါ်ကဆင်းကာ ကောင်ငယ်လေးကိုမျှော်ရအောင်လည်း အစောင့်တွေသာသူ့ကိုတွေ့သွားလျှင် ကောင်ငယ်လေးကိုလည်း မိမှာအသေအချာပင်။
ခေါက်တုန့်ခေါက်ပြန်လျှောက်ပြီး အနောက်လှည့်နေကြသည့်အချိန် ခြံတံခါးကိုဖွင့်၍ သူရှိရာသို့ အပြေးလာနေတဲ့ကောင်ငယ်လေးက အရန်သင့်ဖွင့်ထားပေးသည့် တံခါးဘက်မှနေ၍ Lover seatပေါ်ထိုင်ကာ အမောဖြေနေတဲ့ကောင်ငယ်လေး။
YOU ARE READING
𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫'𝐬 𝐁𝐚𝐝 𝐆𝐮𝐲
Fanfiction𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫 𝐖𝐚𝐧𝐠 𝐘𝐢𝐛𝐨 𝐒𝐜𝐡𝐨𝐨𝐥 𝐁𝐚𝐝 𝐁𝐨𝐲 𝐗𝐢𝐚𝐨 𝐙𝐡𝐚𝐧 𝐘𝐢𝐳𝐡𝐚𝐧 𝐅𝐚𝐧𝐟𝐢𝐜 (𝐍𝐨𝐭 𝐙𝐡𝐚𝐧𝐲𝐢)