Part-11⚠

6K 461 16
                                    

Professor's Bad Guy

Zawgyi

တစ်ဖက်မှပြန်ထူးသည့်အသံက မိန်းကလေးတစ်ယောက်ရဲ့အသံဖြစ်သောကြောင့် ကောင်ငယ်လေးအား စိုးရိမ်နေတဲ့သူ့ရဲ့စိတ်တွေ မြှင့်တက်လာရ၏။ အတန်းချိန်အပြီးကောင်ငယ်လေးနောက် လိုက်သွားရန်စီစဉ်ထားသော်လည်း ကုမ္ပဏီ၌ပြဿနာဖြစ်သည်ဆို၍ သွားရပြန်သည်။ ပြဿနာတွေဖြေရှင်းအပြီး ကောင်ငယ်လေးကို ဖုန်းဆက်ခေါ်မိတော့ ကောင်ငယ်လေးရဲ့ငြီးငြူသံနှင့် အမျိုးသမီးတစ်ယောက်အသံပါ ကြားလိုက်ရခြင်းကြောင့် Wolf Clubသို့ ကားကိုအရှိန်တင်ပြီးမောင်းကာ ကလပ်အရှေ့သို့ဘယ်လိုဘယ်ပုံရောက်လာမှန်းပင် မသိတော့။

စိတ်ထဲမှကောင်ငယ်လေးဘယ်မှမဖြစ်စေဖို့ ဘုရားသခင်ထံဆုတောင်းမိပြန်သည်။ ကားတံခါးကိုဆောင့်ပိတ်ပြီး ကလပ်အခန်းတံခါးကို အသံမြည်အောင်တွန်းဖွင့်လိုက်တဲ့သူ့ကြောင့် ဆူညံနေသည့်ကလပ်သည် အပ်ကျသံပင်ကြားရလောက်သည်အထိ တိတ်ဆိတ်သွားလေသည်။ ကလပ်အတွင်းမှလေထုသည်လည်း အေးသထက်အေးလာကာ ကြက်သီးမွှေးညှင်းတွေပင် ထသွားရ၏။

"မင်းတို့ကောင်တွေကို နောက်မှ ငါစာရင်းရှင်းမယ် တောက်!"

ကောင်တာမှဝန်ထမ်းတွေနှင့် ကောင်ငယ်လေးအားစောင့်ရှောက်ရန် လွှတ်ထားတဲ့ကောင်တွေကို လက်ညှိုးငေါက်ငေါက်ထိုးရင်း တက်တစ်ချက်ခေါက်၍ ကောင်ငယ်လေးဘယ်အခန်းမှာရှိလဲဆိုတာ လိုက်လံရှာဖွေနေရသည်မှာ သားသည်မိခင်ကြီးပမာ။

အခန်းတံခါးတွေကိုကန်ကျောက်၍ ရှာဖွေနေသော်လည်း ကောင်ငယ်လေးမဟုတ်။ အပေါ်ထပ်သို့တက်ရန်ဆောက်လုပ်ထားသည့် လှေကားနားမှအခန်းတံခါးကို ဆောင့်ကန်ဖွင့်လိုက်တော့ ကုတင်ပေါ်လူးလိမ့်နေသည့်ကောင်ငယ်လေးနှင့် ဝတ်လက်စလစ်ဖြင်နေတဲ့ မိန်းမငယ်တစ်ဦး။

"မင်း သူ့ကိုဘာလုပ်လိုက်သေးလဲ!!!"

"အဟွတ်. . .အဟွတ်"

"ဘာလုပ်လိုက်သေးသလဲလို့ ငါမေးနေတယ်လေ!!!"

"အဟွတ်. . .အဟွတ်. . .ဘာ. . .ဘာမှမလုပ်ရသေးပါဘူး၊ သူ. . .သူက အတင်းရုန်းကန်. . .အဟွတ်. . .နေလို့ ကျွန်. . .ကျွန်မ မထိရသေးဘူး"

𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫'𝐬 𝐁𝐚𝐝 𝐆𝐮𝐲Onde histórias criam vida. Descubra agora