Professor's Bay Guy
Zawgyi
Blackboardပေါ် ပြေးလွှားနေတဲ့ ပရော်ဖက်ဆာဝမ်ရဲ့လက်ချောင်းတွေက အများသူငှါအတွက်ကြည့်ကောင်းနေပေမယ့် သူ့အတွက်တော့ အိပ်ဆေးတစ်ခုလိုပင်။ အပေါ်မြှောက်တက်ထားသည့်လက်တွေကြောင့် လျှောကျနေတဲ့အင်္ကျီလက်ကောက်ဝတ်ကြားမှ မြင်နေရတဲ့သွေးကြောစိမ်းစိမ်းလေးတွေက လက်ချောင်းလေးတွေနှင့် တို့ထိစရာတော့ကောင်းလောက်မည်။
မှိတ်ကျချင်နေသည့်မျက်ခွံတွေကို အလိုလိုက်ကာ ထိုင်ခုံနှစ်ခုပေါ် လဲလျောင်းမှေးစက်လိုက်သည်။ ပရော်ဖက်ဆာဝမ်ရဲ့ စာရွတ်ဆိုနေသံကို ဝေဝါးစွာကြားနေရပြီးနောက် အမှောင်အတိကျသွားရတော့သည်။
နောက်ဆုံးအတန်းကိုနေရာယူပြီး ခုံပေါ်လဲအိပ်လိုက်သည့် ကောင်ငယ်လေးကြောင့် မျက်ခုံးတွေတွန့်ကုတ်လာရ၏။ သူကောင်ငယ်လေးကိုချစ်ပေမယ့် လမ်းမှားရောက်မည့်ကိစ္စဆိုလျှင် အလိုမလိုက်နိုင်။ ဘယ်ဆရာ၊ဆရာမပဲသင်သင် အတန်းလစ်၊ ခုံပေါ်မှောက်အိပ်တတ်သည့်ကောင်ငယ်လေးက ထို့ကြောင့်လည်း နောက်ဆုံးအဆင့်ရောက်နေခြင်း။
"ရှောင်ကျန့်!"
ပရော်ဖက်ဆာဝမ်ရဲ့အသံကြောင့် အတန်းထဲမှကျောင်းသူကျောင်းသားတွေဟာ ထိတ်လန့်သွားရသည်။ ကျောင်းသူကျောင်းသားတွေသာမက ဆရာဆရာမတွေတောင်ရှိန်သည့် ပရော်ဖက်ဆာဝမ်အား ဂရုမစိုက်ဘဲ အိပ်ပျော်နေတဲ့ရှောင်ကျန့်ကို သတ္တိအရှိဆုံးဆုချီးမြှင့်ရမလိုလို။
"ရှောင်ကျန့်"
နောက်ဆုံးတန်းသို့ တည်တင်းသည့်မျက်နှာဖြင့် တစ်လှမ်းခြင်းသွားနေသည့် ပရော်ဖက်ဆာဝမ်က ဒေါသထွက်ခြင်းအလျင်းမရှိ။ သူမသို့အနား ဖြတ်လျှောက်သွားတဲ့ ပရော်ဖက်ဆာဝမ်ရဲ့ကိုယ်သင်းနံ့အား ရှူရှိုက်ရတာအမော။ ကျောင်းသားရှောင်ကျန့်က ချစ်စရာကောင်းပြီးမိန်းကလေးတွေရဲ့အသည်းစွဲနာမည်ကြီးဆိုလျှင် ပရော်ဖက်ဆာဝမ်သည်လည်း ဆရာမများနှင့်ကျောင်းသူများ၊ ပြင်ပလောကမှအမျိုးသမီးများကြား နာမည်ကြီးလွန်းလှသည်။
"ဒေါက်!. . .ဒေါက်!. . .ဒေါက်!"
"ဒေါက်!. . .ဒေါက်!"
စားပွဲခုံပေါ်သို့ အဆက်မပြတ်တတောက်တောက်ခေါက်နေသည့် ပရော်ဖက်ဆာဝမ်ရဲ့လက်ချောင်းတွေ နာမနာတော့မသိ။ အိပ်မက်ကမ္ဘာထဲသို့အလည်ရောက်နေသည့် ကျောင်းသားရှောင်ကျန့်က လူးလွန့်လာသည်ပင်မရှိ။
"ရှောင်ကျန့်"
နား,နားကပ်ကာ အော်ခေါ်လိုက်မှ မျက်လုံးဝိုင်းကြီးတွေဖြင့် အလန့်တကြားထထိုင်လိုက်တဲ့ကောင်ငယ်လေးအား တစ်ခန်းလုံးအော်ရယ်လိုက်ကြသည်မှာ မကြောက်မရွံ့။
လုပ်ငန်းခွင်၌ ကိုယ်ရေးကိုယ်တာအပိုင်းအခြားလုပ်ထားသည်မို့ ကောင်ငယ်လေးအား လှောင်ပြောင်နေကြတဲ့ကျောင်းသူ/ကျောင်းသားတွေကို ထိုအတိုင်းသာလွှတ်ထားလိုက်သည်။
"ရှောင်ကျန့် ငါ့ရဲ့စာသင်ချိန်က မင်းအတွက်အိပ်ချိန်မဟုတ်ဘူး"
"ဒါဆို တခြားပရော်ဖက်ဆာတွေရဲ့အတန်းချိန်မှာ ကျွန်တော်အိပ်လို့ရတယ်ဆိုတဲ့ သဘောလား"
"ရှောင်ကျန့်! !!"
အခန်းတစ်ခန်းလုံး ကျယ်လောင်လွန်းတဲ့ ပရော်ဖက်ဆာဝမ်ရဲ့အသံက လွှမ်းမိုးသွားစေသည်။ ပရော်ဖက်ဆာဝမ်အား ဂရုပင်မစိုက်ဘဲ အာခံတွင်းရှင်းသွားစေရန် အိတ်ကပ်ထဲမှ ပီကေတစ်ခုကိုထုတ်ယူဝါးနေသော ရှောင်ကျန့်က ကြောက်စိတ်တွေအား ဖောက်ထုတ်ထားလေသလား။
စာသင်ခန်းထဲ အပ်ကျသံပင်ကြားရလောက်တဲ့လေထုကို ဖြိုခွင်းလိုက်သည့် ပီကေတဖောက်ဖောက်သံနှင့် ရှောင်ကျန့်ထံမှခပ်ဟဟရယ်မောသံက တစ်စွန်းတစ်စ ထွက်ပေါ်လာ၏။ အံတင်းတင်းကြိတ်ထားတဲ့ ပရော်ဖက်ဆာဝမ်ရဲ့မေးရိုးတွေက ထောင်ထလာကာ စားအုပ်အားကိုင်ဆောင်ထားသည့်လက်ချောင်းတွေက တင်းကျပ်သွားပြီး စာအုပ်အစွန်းလေးတွေပင် ကြေမွပျက်ဆီးကုန်လေပြီ။
အခုန်းထဲမှလေထုသည် တစ်ရာဒီဂရီအမျှ အေးစိမ့်လာသည်ဟုပင် ထင်မှတ်ရလောက်အောင် အပြင်ကုတ်ချွတ်ထားသည့်သူမတို့အားလုံး ကြက်သီးမွေးညှင်းတွေပင် ထလာရသည်။ ပေါက်ကွဲလုမတတ်ဖြစ်နေသည့် ပရော်ဖက်ဆာဝမ်ရဲ့မျက်နှာကို မထီမဲ့မြင်ကြည့်ကာ မျက်ခုံးတစ်ဖက်တွန့်ရင်းပြုံးပြနေတဲ့ ရှောင်ကျန့်အစား သူမတို့တတွေ ကြောက်ဒူးတုန်လာရ၏။
"သွား!. . .ငါ့မျက်စိရှေ့ကထွက်သွား"
"သွားခွင့်ပြုပါဦး ပရော်ဖက်ဆာဝမ်"
ပီကေအဝါးမပျက်ဘဲ ပြုံးပြရင်းခါးညွှတ်၍ထွက်သွားတဲ့ ကောင်ငယ်လေးရဲ့ကျောပြင်ကိုကြည့်ပြီး တောက်တစ်ချက်ခေါက်လိုက်သည်။ အပေါက်ဝသို့ရောက်သည်နှင့် လည်ပြန်ကြည့်၍ လက်ချောင်းလေးတွေလှုပ်ကာ ထွက်သွားတဲ့ကောင်ငယ်လေးအား အသက်အရွယ်ဖြင့်မလိုက်သော ကုတင်ပေါ်မှပြစ်ဒဏ် ပေးပစ်လိုက်ချင်သည်။ ကောင်ငယ်လေးထွက်သွားသည်အထိ ထိုနေရာမှ တစ်ဖဝါးမှမခွာရသေးတဲ့သူ့ကို ကျောင်းသူကျောင်းသားတွေက မဝံ့မရဲခိုးကြည့်နေကြသည်ကို မျက်လုံးထောင့်မှ မြင်နေရ၏။
အတန်းရှေ့သို့သွားကာ မပြီးပြတ်သေးတဲ့သင်ခန်းစာတွေကို ပို့ချနေချိန် ပြတင်ပေါက်မှတစ်ဆင့် ကျောင်းပြင်သို့ထွက်ခွာသွားနေတဲ့အရိပ်ကလေးကိုကြည့်ရင်း စိုးရိမ်ပူပန်လာရပြန်သည်။ ထွက်ခွာသွားသည့်ကျောပြင်လေးကို မြင်ကွင်းမှပျောက်သွားသည်အထိ သေချာကြည့်ပြီးမှ သင်ခန်းစာတွေပြန်ပို့ချ၏။
VOCÊ ESTÁ LENDO
𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫'𝐬 𝐁𝐚𝐝 𝐆𝐮𝐲
Fanfic𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫 𝐖𝐚𝐧𝐠 𝐘𝐢𝐛𝐨 𝐒𝐜𝐡𝐨𝐨𝐥 𝐁𝐚𝐝 𝐁𝐨𝐲 𝐗𝐢𝐚𝐨 𝐙𝐡𝐚𝐧 𝐘𝐢𝐳𝐡𝐚𝐧 𝐅𝐚𝐧𝐟𝐢𝐜 (𝐍𝐨𝐭 𝐙𝐡𝐚𝐧𝐲𝐢)