Chapter 3

704 16 0
                                    

(Unicode)

တကယ်တမ်း ညစာစားပွဲသို့ရောက်မှ ခန့်ထည်ပြောတာ မလွန်မှန်း သွင်သစ် သိတော့သည်။ YU က မိန်းကလေးများသည် လှပသည် ဆိုတာထက် မိမိကိုယ်ကို ယုံကြည်မှုရှိကြသည် ဆိုလျှင် ပို၍ မှန်ကန်မည် ထင်သည်။

ညစာစားပွဲတွင် ယောက်ျားလေးဆောင်တစ်ခုနှင့် မိန်းကလေးဆောင် တခု ပေါင်း၍ လုပ်ကြသည် ထင်သည်။ သွင်သစ်တို့ ရောက်သွားတော့ ဆရာက စားသောက်ခန်းသို့ ခေါ်ဆောင်သွားသည်။ လမ်းတလျှောက်တွင် အရောင်အသွေးစုံလှသော ပန်းလေးများသည် အမှတ်တရ ဓာတ်ပုံများ ရိုက်နေကြသည်။ သွင်သစ်က မိန်းကလေးများကို ကြည့်ရန် စိတ်မဝင်စားပါ။ သို့သော် ခန့်ထည်ကတော့ တစ်ယောက်မှ အလွတ်မပေးဘဲ လိုက်ကြည့်နေသည်။

စားသောက်ခန်းအဖြစ်ပြင်ဆင်ထားသော အခန်းတွင်လဲ ယောက်ျားလေးများနှင့် မိန်းကလေးများကို တာဝန်ကိုယ်စီ ပေးထားသည် ထင်သည်။ ကျောင်းသူ အချို့နှင့် ကျောင်းသား အချို့တို့သည် စားပွဲထိုးနေကြသည်ကို တွေ့ရသည်။

သွင်သစ်တို့ ထိုင်လိုက်ပြီး မကြာမီ အနားသို့ ဖယောင်းရုပ်လေးတစ်ခုရောက်လာပြီး စားပွဲထိုးနေသည်။ သွင်သစ်၏ အနားသို့ ဖယောင်းရုပ်လေး လာရပ်တော့ လာဗင်ဒါပန်းရနံ့လေးတစ်ခုကို ရလိုက်သည် ။ သွင်သစ်သည် ပန်းနံ့လေးကြောင့် လန်းဆန်းသွား၍ မေ့ာကြည့်မိတော့ မျက်နှာလေးတစ်ခုကို မြင်လိုက်ရသည်။ ဖယောင်းရုပ်လေး၏ မျက်နှာလေးကို မြင်လိုက်ရတော့ ပို၍ လန်းဆန်းသွားသည်။

"အေးချမ်းလိုက်တာ" သွင်သစ်သည် စိတ်ထဲက ရေရွတ်လိုက်ပြီး ဖယောင်းရုပ်လေး၏ မျက်နှာလေးကိုသာ မော့ကြည့်နေမိသည်။

"မမရှင်း"

"ဟယ် ခန့်ထည်"

မမရှင်းက စားပွဲတွင် ကြက်ဆီထမင်း ပန်းကန်များကို ဂရုစိုက်၍ ချနေသောကြောင့် လူတွေကို မော့မကြည့်ပါ။ ခန့်ထည်က မမရှင်းကို စတင်နှုတ်ဆက်လိုက်မှ အံ့သြသွားဟန်နှင့် ပြန်၍ နှုတ်ဆက်လိုက်သည်။

"အသိတွေလား" ဆရာက မေးတော့ ခန့်ထည်ကပဲ ဖြေလိုက်သည်။

"ဟုတ်တယ် ဆရာ။ မမရှင်းက ကျွန်တော်တို့ မြို့ကပဲ"

မြစ်နှစ်စင်း၏ လှိုင်းခတ်သံ🌹🌷/မြစ်နှစ်စင်း၏ လှိုင်းခတ်သံ(The Story of Goddess )Donde viven las historias. Descúbrelo ahora