(Unicode)
ရှင်းပြန်ရောက်ကတည်းက သွင်သစ်သည် ရှင်းဆီသို့ တချိန်လုံးသွားနေသည်။နှိုင်းက သွင်သစ်အား ထိုကိစ္စနှင့်ပတ်သက်ပြီး ဘာမှ မပြောသော်လည်း စိတ်ထဲတွင် လုံးဝ မကျေနပ်။ နှိုင်းနှင့်သွင်သစ်တို့၏ တိတ်တိတ်ပုန်းဇာတ်လမ်းကို နှိုင်းမည်သူ့ကိုမှ မပြောမိ။ အရင်းနှီးဆုံးပေါင်းနေသော သဲမိုးကိုပင် နှိုင်း မပြော။
နှိုင်းသည် စိတ်ပြေလက်ပျောက် ဖြစ်စေရန် ဈေးဝယ်ထွက်လိုက်သည်။ လှည်းတန်းစင်တာသို့ပတ်ပြီး စံရိပ်ငြိမ်ဂမုန်းပွင့်ကို ဆက်၍ ပတ်လိုက်သည်။
လျှောက်သွားရင်း နှိုင်း၏ မျက်လုံးထောင့်စွန်းတွင် ရှင်းကို တွေ့လိုက်ရသောကြောင့် နှိုင်း သေချာကြည့်လိုက်မိသည်။ ရှင်းသည် ဂမုန်းပွင့်အပေါ်ဆုံးထပ်ရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ကောင်မလေတစ်ရောက်နှင့်အတူ ထိုင်နေသည်။ ရှင်း၏ ရှေ့မှ ကောင်မလေးကို နှိုင်း မြင်ဖူးသလိုလို ဖြစ်သောကြောင့် သေချာကြည့်လိုက်သည်။ရှင်းနှင့် ထိုကောင်မလေးသည် ph ကိုကြည့်ကာ နှစ်ယောက်သား တခုခုကို အကြိတ်အနယ် ဆွေးနွေးနေသည်။ ထို့ကြောင့် ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်။ နှိုင်းကြည့်နေသည်ကိုလဲ သူတို့ နှစ်ယောက်လုံး သတိမထားမိ။
နှိုင်းသည် ရှင်းရှေ့မှ တစ်ယောက်ကို ကြည့်ရင်း ဘယ်မှာ တွေ့ဖူးသလဲဟု စဥ်းစားမရသောကြောင့် နေရာမှ လှည့်ထွက်ခဲ့မိသည်။ ဘာရယ်မဟုတ် နှိုင်း၏ အာရုံထဲတွင် ရှင်း၏ ရှေ့မှကောင်မလေး၏ မျက်နှာကို မှတ်ထားလိုက်မိသည်။
~~~~~~
"နဒီ ဘာဆက်လုပ်မှာလဲ"
"ရှင်း ဒီတိုင်းလေးပဲ ဆက်ပြီး စောင့်ကြည့်နေရမှာပဲ မိချမ်း"
"ဒီလိုတွေဖြစ်ဖို့ သူတို့နှစ်ယောက် ခြေလှမ်းစလှမ်းနေသတည်းက နဒီဟာ သိနေခဲ့တယ်။ဒါနဲ့များတောင် ဘာကြောင် နဒီဟာ သူတို့ကို ဒီတိုင်းလွှတ်ထားတာလဲ"
"ရှင်း မောင့်ကိုယုံလို့ပေါ့ မိချမ်းရယ်။ မောင့်ကို ချစ်လာဖို့၊ ချစ်လာတော့လဲ မောင်နဲ့ တွဲဖို့ အများကြီး စဥ်းစားပြီးမှ ရှင်းတွဲခဲ့တာ။အဲဒါကြောင့် မောင်နဲ့ ရှင်းရဲ့ဆက်ဆံရေးကို ရှင်းရဲ့ ပယောဂကြောင့် ရှင်းအဆုံးမသတ်စေချင်ဘူး။ ရှင်းက စပြီး ပြဿနာရှာသလို ဖြစ်မှာ ရှင်းစိုးရိမ်တယ် မိချမ်း။ ပြီးတော့ မောင်နဲ့ရှင်းရဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကို ရှင်းယုံကြည်တယ်"
YOU ARE READING
မြစ်နှစ်စင်း၏ လှိုင်းခတ်သံ🌹🌷/မြစ်နှစ်စင်း၏ လှိုင်းခတ်သံ(The Story of Goddess )
Romance(Unicode X Zawgyi) စာရေးသူသည် ယခု story တွင်လည်း မိန်းကလေးများ၏ အချစ်နှင့် ပတ်သတ်သော ခံယူချက်များကို အခြေခံကာ ဖန်တီးရေးသားမည်ဖြစ်သည်။ဤ ဝတ္ထုတွင်လည်း အချစ်နယ်လွန် အကြောင်းအရာများ ပါဝင်သောကြောင့်စာရေးသူနေဖြင့် အသက်မပြည့်သူများအား မဖတ်စေလိုပါ။ စာေရးသူသ...