Chapter 5

512 16 0
                                    

(Unicode)

သူတို့ ၃ယောက် အိမ်ရှေ့ကို ထွက်လာတော့ ဆိုင်ကယ်ဘေးနားတွင် ရပ်စောင့်နေသော မမရှင်းကို တွေ့လိုက်ရသည်။ ကြက်သွေးရောင်ပေါ်တွင် အဖြူရောင် ပွင့်ဖတ်လေးများပါသော ဒူးဖုံး ဂါဝန်ပွပွလေးကို ဝတ်ထားသော မမရှင်းသည် နာမည်နှင့်လိုက်အောင်း ရှင်းသန့်ဖွေးနေသည်။

"အိမ်ထဲကိုတော့ မဝင်ဘူး နဒီရယ်"

"ရှင်း နောက်ကျနေလို့ ဒီကနေပဲ တမင် ဟွန်းတီး လိုက်တာ။ စုပုံက လိုက်ချင်တယ်ဆိုပြီး ဂျီကျနေလို့ သူ့ကို ချော့နေရတာကြောင့် နောက်ကျသွားတာ။ sorry နော်"

ပြောလဲ ပြော သွင်သစ်တို့ ဘက်သို့လှည့်၍ ပြုံးပြလိုက်သေးသည်။မမရှင်းသည် သွင်သစ်အား စိတ်လိုလက်ရ ပြုံးပြနေသည်။

"မမရှင်းကလဲ လိုက်ချင်နေရင် ခေါ်ခဲ့ပြီးရော"

"တစ်ယောက်တည်းစီးရတဲ့သူ လွတ်နေလိမ့်မယ် ခန့်ထည်ရဲ့။ ပြီးတော့ သူကျောင်းတတ်ရဦးမှာ။ စာမေးပွဲနားနီးနေပြီ။ လက်စနဲ့ ပြောဦးမယ််။ မနက်ဖြန်မှာ အသွင်သစ်ကို ရှင်းတို့အိမ်မှာ ထမင်းစားဖို့ ဖိတ်ပါရစေ။ ညိမ်းနဲ့ ခန့်ထည်လဲ လိုက်ခဲ့ပါ။ မေမေက ညိမ်းတို့ တအိမ်သားလုံးကိုပါ ဖိတ်ခိုင်းတာ"

"ဟာ အားနာစရာကြီး အစ်မရယ်။ ဒုက္ခရှာလို့" အသွင်သစ် အမှန်တကယ် အားနာသောကြောင့် ဝင်ပြောလိုက်သည်။ ညိမ်းက ကြားထဲက ဖြတ်ပြောလိုက်သည်

"အားနာစရာမဟုတ်ဘူး မောင်လေးရဲ့။ မမတို့ နှစ်အိမ်က အဲလိုပဲ။ ဧည့်သည်လာပြီဆိုရင် ထမင်းဖိတ်ကျွေးတာ အလေ့အထလို ဖြစ်နေပြီ။ နော် နဒီ"

ရှင်းက ပြုံးလိုက်ပြီး_

"ဟုတ်တယ် မောင်လေးရဲ့။ ဘာမှ အားနာစရာမလိုဘူး"

"မမရှင်း ဒေါ်ဒေါ်က ကျွန်တော် ဘာကြိုက်လဲ မမေ့လောက်သေးပါဘူးနော်"

"မမေ့ပါဘူးရှင်"

ရှင်းက ချစ်စဖွယ် ပြန်ပြောလိုက်သည်။ ရှင်းကိုကြည့်ပြီး သွင်သစ် အသည်းယားသွားသည်။ညိမ်းက_

"သွားရအောင် နေမြင့်နေဦးမယ်"

သွင်သစ်က ခန့်ထည်၏ နောက်မှ ခွထိုင်လိုက်သည်။ မမရှင်းနှင့် အစ်မညိမ်းက ရှေ့က ထွက်သွားသည်။ ဇင်းကျိုက်ရေတံခွန်တွင် အစ်မညိမ်းက မမရှင်းကို ဓာတ်ပုံရိုက်ပေးနေသည်။ သွင်သစ်က ခန့်ထည်ကို တပုံပြီး တပုံ ရိုက်ပေးနေသည်။

မြစ်နှစ်စင်း၏ လှိုင်းခတ်သံ🌹🌷/မြစ်နှစ်စင်း၏ လှိုင်းခတ်သံ(The Story of Goddess )Tempat cerita menjadi hidup. Temukan sekarang