Chapter 4

586 12 0
                                    

(Unicode)

"မမရှင်းက ငါတို့ ပေါင်မြို့ကပဲကွ။ မမရှင်းက ငါတို့ထက် တစ်နှစ်ကြီးတယ် အခု ဒုတိယနှစ်ပေါ့ကွာ။ State ကျောင်းမှာ မမရှင်းကို မသိတဲ့ သူမရှိဘူး။ စာတော်လို့ ကျောင်းသူကျောင်းသားတွေရာ ဆရာ ဆရာမတွေရာ အားလုံးက သိကြတယ်။ ၁၀တန်းအောင်တော့လဲ All D နဲ့အောင်တာ။ ဒါပေမယ့် ဆေးကျောင်းတို့ ဘာတို့ကို မတတ်ဘူး။ မမရှင်းက တက္ကသိုလ်ဆရာမ ဖြစ်ချင်တာကွ။ အဲဒါကြောင့်YU မှာ ထူးချွန်တွေဖွင့်လို့ တမင် YU ကိုလာပြီးတတ်တာ။ Botany ယူထားတယ် ထင်တယ်။ သူတို့မျိုးရိုးကလဲ ပညာရေးမျိုးရိုးလို့ပြောရမယ်။ မမရှင်းရဲ့ အဖေက မြို့နယ် ပညာရေးမှူး အမေက ငါတို့ ကျောင်းအုပ်ပဲ။ ဒါပေမယ့် ကျူရှင်တွေ ဘာတွေ ဖွင့်တာ မရှိဘူး။ သူ့သမီးတွေကိုတောင် ငါတို့မောင်နှမ တတ်တဲ့ကျူရှင်မှာ ထားတာ။ မမရှင်းမှာ ညီမတစ်ယောက်ရှိသေးတယ် အခုမှ ၈တန်းပဲ ရှိသေးတယ်။ မမရှင်းနဲ့ ငါ့အစ်မက သူငယ်ချင်းအရင်းကြီးတွေ"

အသွင်သစ်သည် ခန့်ထည်ပြောသမျှကို စိတ်ဝင်တစားနားထောင်နေသည်။ သို့သော် သူသိချင်သည့် အဓိက အချက်ကို ခန့်ထည်က မပြောသေး။

"မမရှင်းမှာ ချစ်သူရှိလား"

"မင်းကလဲ ဒီလိုအခြေအနေမှာ ဘယ်သူက ချစ်သူထားရဲမှာလဲ။ အမေက ကျောင်းအုပ်ပါဆို"

"မဟုတ်ဘူးလေ။အဲဒါက State ကျောင်းတုန်းကလေ။ အခု တက္ကသိုလ် ရောက်ပြီဆိုတော့..."

"သွင်သစ် ငါတို့ကန်တင်းကခေါက်ဆွဲကြော်လေး မစားရတာ ကြာပြီနော်။ အင်း.... ခေါက်ဆွဲကြော်လေးကို တလုတ်ကယ်ဝဝ စားလိုက်ရလျှင်ဖြင့် အာဂပါးစပ် လူဖြစ်ကျိုးနပ်လေငဲ့.."

ခန့်ထည် တမင် ညစ်နေမှန်း အသွင်သစ် သိသည်။ ခန့်ထည်အား ပြုံးပြလိုက်ပြီး_

"မနက်ဖြန် ကန်တင်းမှာ ခေါက်ဆွဲကြော် အဝ ကျွေးမယ်ကွာ"

"OK မမရှင်းမှာ အခုထိ ချစ်သူ မရှိသေးဘူးကွ။ ငါ့ အစ်မက ပြောဖူးတယ်။နဒီက သူ့အိမ်က ပေးစားတဲ့သူ ရှိမှပဲ ယူတော့မယ် ထင်တယ်တဲ့"

"ဘာလို့လဲ"

"သူ့ကို လိုက်တဲ့ကောင်တွေရှိပေမယ့် သူက ဘယ်သူ့ကိုမှ ပြန်မကြိုက်ဘူးကွ"

မြစ်နှစ်စင်း၏ လှိုင်းခတ်သံ🌹🌷/မြစ်နှစ်စင်း၏ လှိုင်းခတ်သံ(The Story of Goddess )Donde viven las historias. Descúbrelo ahora