Chapter 15

564 13 0
                                    

(Unicode)

ရှင်း ဗီယက်နမ် မသွားခင် တလျှောက်လုံး သွင်သစ်သည် ရှင်းအနားအမြဲရှိသည်။ ကျော်သက်နှင့် ရတီတို့၏ မင်္ဂလာပွဲသို့ နှိုင်းတို့ မိန်းကလေးတစ်စု မလိုက်နိုင်ခဲ့ပါ။မိန်းကလေး အဆောင်အားကစားပြိုင်ပွဲရက်များနှင့် တိုက်ဆိုင်နေသောကြောင့် ဖြစ်သည်။ နှိုင်းသည် အားကစားတွင် အလွန်ထူးချွန်သူဖြစ်သည်။ ဖြူနုလှပသော်လည်း အမောခံနိုင်သည်။

ရတီ၏ မင်္ဂလာပွဲတွင် ရှင်းသည် အဖြူရောင် ချိတ်ဝမ်းဆက်လေးနှင့် ရိုးရှင်းစွာ လှနေသည်။စုပုံလဲ ရောက်ရှိနေကာ ခန့်ထည်ကလဲ စုပုံအနားက မခွာတော့။ ရှင်းတို့ ညီအစ်မ ၃ယောက်လုံး တစ်ယောက်တစ်မျိုးစီ လှပကြသည်
။ဖြူဖွေးလွန်သော အသားအရည်ကို ၃ယောက်လုံး ပိုင်ဆိုင်ထားကြသည်။ ဝိုင်းစက်တောက်ပသော မျက်လုံးလေးများကိုတော့ ၃ယောက်လုံး အညီအမျှ ပိုင်ဆိုင်ထားကြသည်။ကြီးကျယ် ခန်းနားသော ဟိုတယ်ကြီးအတွင် မင်္ဂလာ တို့သမီးနှင့် သတို့သားတို့ လမ်းလျှောက်ဝင်လာချိန်တွင် အားလုံးက ဝိုင်းကြည့်နေကြသည်။ သွင်သစ်က ရှင်းအနားသို့ကပ်ကာ_

"မောင်လဲ မကို အဲလိုမျိုးလေး အမြန်ဆုံး လက်ထပ်ချင်နေပြီ"

"ရှင်းလဲ မောင်နဲ့ ထပ်တူပါပဲရှင်" ရှင်းက ပြုံးပြီး ပြောတော့ သွင်သစ် ကျေနပ်စွာ ပြန်ပြုံးပြလိုက်သည်။ ရတီက တက္ကသိုလ်မှ လုပ်ဖော်ကိုင်ဘက် ဆရာမများကို သတို့သမီး အရံထားသောကြောင့် ရှင်းတို့ ညီအစ်မ နှစ်ယောက်က ဘေးက ပွဲကြည့်ပရိတ်သတ် လုပ်ရုံပင်။

မင်္ဂလာပွဲပြီးတော့ ရှင်း Vietnam သွားဖို့ ကိစ္စလုံးပန်းရပြန်သည်။ရှင်း၏ ဖေဖေနှင့် မေမေသည် ရတီ၏ မင်္ဂလာပွဲပြီး တန်းမပြန်သေးဘဲ ရှင်းအား လိုက်ပို့ရန် ရန်ကုန်မှာပဲဆက်နေသည်။ စုပုံကတော့ ကျောင်းတတ်ရက်များစွာ ပျက်မည်ကို စိုးရိမ်သောကြောင့် အဒေါ်များနှင့် အတူပြန်လိုက်သွားသည်။ရှင်းသွားရမည့်ရက်နှင့် ရတီ၏ မင်္ဂလာပွဲသည်လဲ တစ်ပတ်သာ ခြားသည်။

သွင်သစ်နှင့်ရှင်းသည် အင်းလျားကန်ဘောင်တလျှောက် စကားတပြောပြောနှင့် လမ်းလျှောက်ပြီး ပန်းခြံသို့သွားကာ သစ်ပင်ရိပ်အောက်ရှိ သစ်မြစ်ပေါ်တွင် ထိုင်လိုက်ကြသည်။ သစ်ပင်မြစ်သည် ကြီးမားသော်လည်း နှစ်ယောက်ထိုင်မိချိန်တွင် အလွန်ပူးကပ်သွားသည်။ သွင်သစ်က ရှင်း၏ ပုခုံးလေးကို ဖက်ကာ ရှင်း၏ လက်ကလေးတစ်ဖက်ကို ဖွဖွလေးကိုင်ထားသည်။

မြစ်နှစ်စင်း၏ လှိုင်းခတ်သံ🌹🌷/မြစ်နှစ်စင်း၏ လှိုင်းခတ်သံ(The Story of Goddess )Where stories live. Discover now