Chapter 20

715 9 0
                                    

(Unicode)

နှိုင်းအား ရှောင်မည်ဟု ဆုံးဖြတ်ပြီးမှ ထိုဆုံးဖြတ်သည် မဟာအမှားကြီး ဖြစ်ကြောင်း သွင်သစ် သဘောပေါက်မိသည်။ ရှောင်ခြင်းကပို၍ နီးကပ်စေသည်။ သွင်သစ်သည် နှိုင်းအား ရှောင်သည်။တတန်းထဲစာသင်ရသောကြောင့်အတန်းထဲတွေ့ရသော်လည်း ပြဿနာမရှိ။ အများနှင့်ဖြစ်သည်။ ကန်တင်းတွင် ယခင်ကအားလုံးပေါင်းထိုင်သော်လည်း သွင်သစ်သည် အကြောင်းအမျိုးမျိုးပြကာ ခန့်ထည်နှင့် အတူထိုင်သည်။တခါတရံ  သဲမိုးတို့ကအတင်းခေါ်နေလျှင် ခန့်ထည်အား ထည့်လိုက်ပြီး နေ့လည်စာ မစားဘဲ ကျန်ခဲ့သည်။

နှိုင်း၏ မျက်နှာလေးကိုလဲ မကြည့်မိအောင် နေလိုက်သည်။ နှိုင်းနှင့်မတော်တဆအကြာည့်ချင်းဆုံမိလျှင် ညိုးငယ်နေသော နှိုင်း၏ မျက်နှာလေးကို မကြည့်ရက်။ ထိုသို့ ရှောင်တိမ်းနေကာမှ သွင်သစ်၏ မျက်လုံးထဲတွင် နှိုင်းကို တချိန်လုံး မြင်နေရသည််။ သွင်သစ်၏ အတွေးထဲတွင် နှိုင်းက တချိန်လုံး စိုးမိုးထားသည်။

တညနေတော့ ခန့်ထည်က စုပုံနှင့်သွားတွေ့သောကြာင့် သွင်သစ်တစ်ယောက်တည်း အဆောင်သို့ပြန်ခဲ့သည်။ မနက်ဖြန် ရှင်းပြန်ရက်မည်ဖြစ်သောကြောင့် သွင်သစ် လေဆိပ်ကို သွားကြိုရမည်။ အတွေးနှင့်အတူ လျှောက်လာစဥ် သွင်သစ်၏ ရှေ့တွင် အရိပ်ကလေးတစ်ခုလာရပ်သည်။ သွင်သစ် မော့ကြည့်လိုက်တော့ သွင်သစ်အား မျက်ရည်များ ဝိုင်းသော မျက်လုံးလေးများဖြင့် စိုက်ကြည့်နေသော နှိုင်းကို တွေ့လိုက်ရသည်။

"သွင်သစ်" နှိုင်းသည် တုန်ရီသော အသံဖြင့်ခေါ်လိုက်ပြီး သွင်သစ်၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်။ နှိုင်း၏ လက်လေးများသည် သွင်သစ်၏ ကျောပြင်ကို ဖက်တွယ်ထားပြီး နှိုင်း၏ ပါးလေးက သွင်သစ်၏ ရင်ဘတ်ပေါ်တွင် အပ်ထားသည်။

"နှိုင်းရယ်" သွင်သစ်သည် ရင်ခွင်ထဲရောက်နေသော နှိုင်းကို လွမ်းမောစွာ ထွေးပွေ့ထားမိသည်။ တစ်ဦးနှင့်တစ်ဦး လွတ်ထွက်သွားမှာ စိုးသည့်အလား ဖက်ထားကြသည်။ သွင်သစ်၏ မျက်ဝန်းထဲတွင် ဖြူစင်အပြစ်ကင်းသော ရှင်း၏ မျက်နှာလေး ဖျတ်ခနဲ့ ပေါ်လာတော့ သွင်သစ် နှိုင်းကို တွန်းထုတ်လိုက်မိသည်။

မြစ်နှစ်စင်း၏ လှိုင်းခတ်သံ🌹🌷/မြစ်နှစ်စင်း၏ လှိုင်းခတ်သံ(The Story of Goddess )حيث تعيش القصص. اكتشف الآن