(Unicode)
ဟိုတယ်တွင် အထုပ်များကို နေရာချပြီးသည်နှင့် ပင်လယ်ထဲ တန်းဆင်းချင်သော အဖွဲ့နှင့် ခရီးပန်းလာသောကြောင့် ဟိုတယ်မှာ အိပ်ချင်သော အဖွဲ့ဟု နှစ်ဖွဲ့ကွဲသွားသည်။ သို့သော် ရောက်သည့် အချိန်က ညနေပိုင်းဖြစ်နေသော်လည်း အိပ်လိုက်လျှင် ဖျားသွားမည် စိုးရိမ်သောကြောင့် အားလုံး လမ်းလျှောက်ထွက်ခဲ့သည်။
နှိုင်းတို့ ရောက်နေသော ဘန်ဂလိုသည် အခန်းနှစ်ခန်းတွဲပါသော တိုက်ကလေး ဖြစ်သည်။ အခန်းများက အလွန်ကျယ်ဝန်းသည်။ ကျယ်ပြန့်သော နှစ်ယောက်အိပ်ကုတင် နှစ်လုံးစီပါပြီး အခန်းတစ်ခုလုံးလဲ ကောဇောများ ခင်းထားသည်။ နှိုင်း သဲမိုးနှင့် ဆုတို့က တစ်ခန်းယူကာ ပြည့်ပြည့်နှင့် ယွန်းက တစ်ခန်းယူကြသည်။ အသွင်သစ်နှင့် ခန့်ထည်ကတော့ နှိုင်းတို့ ဘန်ဂလိုနှင့် မျက်နှာချင်းဆိုင် ဘန်ဂလိုတွင် အခန်းတစ်ခန်းယူကြသည်။ ဟိုတယ်နား တဝိုက် လမ်းပတ်လျှောက်ကာ ဟိုတယ်သို့ ပြန်ရောက်တော့ ရေမိုးချိုးပြီး ညစာ စားကြသည်။ထိုညက သွင်သစ်တို့ သူငယ်ချင်း တစု ဂိမ်းအမျိုးမျိုးဆော့ကြသည်။ သွင်သစ်သည် မ ကို Video Call ခေါ်လိုက်သေးသည်။ အားလုံးက မမရှင်း လိုက်မလာတော့ပျော်စရာမကောင်းဘူးဟု ပြောတော့ ရှင်းက သဘောကျစွာ ရယ်နေပြန်သည်။ သဲမိုးက_
"သွင်သစ် မမရှင်းက ဒီတစ်ခေါက်သွားတာ ၆လ ကြာဦးမှာလား"
"မဟုတ်ဘူးဟ။ ဒီတစ်ခေါက်က ၁၅ ရက်လောက်ပဲကြာမှာ။ Confrience တတ်ရတဲ့သဘောမျိုးပဲ"
"YU က နိုင်ငံခြား အရမ်းသွားရတယ်နော်။ မမရှင်းဆိုရင် နှံ့နေပြီ။ သွင်သစ်နဲ့ကြိုက်နေတုန်းမှာတင်ပဲ ဘယ်နှခုရှိပြီလဲ။ Japan, Philippines, Vietnam, Indonesia , Cambodia အခုလဲ Laos အများကြီးပဲ။ အားကျလိုက်တာဟယ်" ယွန်း တစ်ယောက်တည်း ရေရွတ်နေသလို ပြောတော့ နှိုင်း၏ နှုတ်ခမ်းလေး မသိမသာ မဲ့သွားသည်။ ပြည့်ပြည့်က_
"ငါတို့ တက္ကသိုလ်လဲ နိုင်ငံခြားတွေ လွှတ်တာပဲ။ နင်မကြိုးစားလိူ့ မသွားရတာပဲ မိယွန်းရဲ့"
"ကဲပါ မနက်ဖြန် အစီအစဥ် ပြောကြဦး" နှိုင်းက စကားလမ်းကြောင်း လွှဲလိုက်သည်။
ESTÁS LEYENDO
မြစ်နှစ်စင်း၏ လှိုင်းခတ်သံ🌹🌷/မြစ်နှစ်စင်း၏ လှိုင်းခတ်သံ(The Story of Goddess )
Romance(Unicode X Zawgyi) စာရေးသူသည် ယခု story တွင်လည်း မိန်းကလေးများ၏ အချစ်နှင့် ပတ်သတ်သော ခံယူချက်များကို အခြေခံကာ ဖန်တီးရေးသားမည်ဖြစ်သည်။ဤ ဝတ္ထုတွင်လည်း အချစ်နယ်လွန် အကြောင်းအရာများ ပါဝင်သောကြောင့်စာရေးသူနေဖြင့် အသက်မပြည့်သူများအား မဖတ်စေလိုပါ။ စာေရးသူသ...