Chapter 14

803 17 0
                                    

(Unicode)

အသွင်သစ်တို့ တတိယနှစ်အတန်း ကျောင်းပြန်ဖွင့်ချိန်တွင် ရှင်းက Scholar နှင့် Vietnam နိုင်ငံသို့ ၆လကြာ သွားရမည်ဟု ဆိုသည်။ ရှင်းသည် လကုန် သွားရမည် ဖြစ်သည်။ ရှင်းသည် မသွားခင် သွင်သစ်အပြင် နှိုင်းတို့ သဲမိုးတို့ အဖွဲ့ကိုပါ မုန့်ဝယ်ကျွေးချင်သည်ဟု ပြောသောကြောင့် သွင်သစ်တို့ အဖွဲ့ ရန်ကုန်တက္ကသိုလ်သို့ လာခဲ့လိုက်သည်။ နှိုင်းက မအားဘူး မလိုက်ဘူး ဟု ပြောဆိုနေသောကြောင့် ခန့်ထည်က အတင်းဆွဲခေါ်ခဲ့ခြင်းဖြစ်သည်။ အဓိပတိလမ်းမှ စာကြည့်တိုက်ကြီးရှေ့နားသို့ သူတို့အဖွဲ့ရောက်တော့ အဖြူရောင် ကားလေးတစ်စီးသည် သူတို့ကို ကျော်ကာ လမ်းဘေးတွင် ကပ်၍ရပ်သွားသည်။

နှိုင်းသည် ထိုကားကို မြင်လိုက်ကတည်းက ရင်တွေ တဒိုင်းဒိုင်း ခုန်လာသည်။ ထိုကားလေးကို နှိုင်းသည် ကားနံပါတ်က အစ ကား၏ ဘေးနားရှိ Sticker က အဆုံး အားလုံး အသေးစိတ် မှတ်မိနေသည်။ ကားထဲကို ကြည့်လိုက်တော့ ကားရှေ့ခန်းတွင် ယောက်ျားတစ်ယောက်နှင့် မ်ိန်းမ တစ်ယောက်၏ သဏ္ဌာန်ကို ဝိုးတဝါး မြင်ရသည်။ကား၏ နောက်ခန်းတွင် လူတစ်ယောက်ထိုင်နေသည်ကိုပါ မြင်ရသည်။ကားလေးရပ်သွားသလို သွင်သစ်တို့အဖွဲ့လဲ ရောက်သည့် နေရာတွင် ရပ်လိုက်ကြသည်။

ကား၏ နောက်ခန်း တံခါးပေါက် ပွင့်လာပြီး ရှင်း ထွက်လာသည်။ ကားရှေ့ခန်းမှ မှန်ချပ်သည် လျှောကျလာပြီး ရှင်း၏ မျက်နှာလေးနှင့် အနည်းငယ် ဆင်တူသော မျက်နှာ ဖြူဖြူဝင်းဝင်းလေးတစ်ခု ပေါ်ထွက်လာသည်။

"ဖွေးဖွေး ဒီတစ်ပတ်ထဲ မမကြီးရယ် မအားတော့ဘူး။ ဖွေးဖွေးလိုအပ်တာရှိရင် နုကို ပြောလိုက်နော်။ နုကို မမကြီး ph ကြိုဆက်ပြီးသား"

"ဟုတ်ကဲ့ မမကြီး ။ ရှင်းသွားတော့မယ်နော်။ အစ်ကိုကြီး တာ့တာ"

ရှင်းသည် ကားရှေ့ခန်းရှိ ကားမောင်းသည့် နေတွင် ထိုင်နေသော သူကိုပါ လှမ်း၍ နှုတ်ဆက်လိုက်သည်။ ကားလေးထွက်သွားတေ့ာမှ ရှင်းသည် သွင်သစ်တို့ အနားလျှောက်လာသည်။

"မောင်တို့ကိုမြင်လိုက်လို့ ရှင်းကားရပ်ခိုင်းလိုက်တာ တော်သေးတယ်။ ကွက်တိပဲ။ ညီမလေးတို့လဲ လာကြ ကန်တင်းသွားရအောင်"

မြစ်နှစ်စင်း၏ လှိုင်းခတ်သံ🌹🌷/မြစ်နှစ်စင်း၏ လှိုင်းခတ်သံ(The Story of Goddess )Donde viven las historias. Descúbrelo ahora