(Unicode)
သွင်သစ်သည် ရှင်းနှင့် ချစ်သူဖြစ်ပြီး တစ်လကြာသည်အထိ နှိုင်းတို့ကို ရှင်းအကြောင်း မပြောဖြစ်ခဲ့ပါ။ စကားးလမ်းကြောင်း မတိုက်ဆိုင်တာလဲ ပါသလို။ ဘယ်ကစပြီး ပြောရမှန်းမသိလဲ ပါသည်။သွင်သစ်နှင့် ရှင်းတို့၏ အချစ်ဇာတ်လမ်းကို ခန့်ထည် တစ်ယောက်သာ သေချာသိသည်။ သွင်သစ်က နှိုင်းတို့ကို သွင်သစ်ကိုယ်တိုင် ပြောမည်ဟု ပြောထားသောကြောင့် ခန့်ထည်ကလဲ နှိုင်းတို့ရှေ့တွင် ရှင်းအကြောင်း စကားတောင် မစပါ။ ဘာရယ်လို့တော့ မဟုတ် ရှင်အကြောင်းကို ပေါ့ပေါ့တန်တန် မပြောချင်။ တနေ့တွင် ရှင်းကိုခေါ်ကာ သူငယ်ချင်းအားလုံးနှင့် မိတ်ဆက်ပေးမည်ဟု သွငသစ် တွေးထားမိသည်။
သွင်သစ် ရှင်းတို့ ကျောင်းထဲရောက်တော့ ရှင်းကို ph ခေါ်လိုက်သည်။ ရှင်းက ph မကုင်သောကြောင့် အုတ်ခုံ တစ်ခုပေါ်တွင် ထိုင်စောင့်နေလိုက်သည်။ နာရီဝက်ခန့်ကြာတော့ ရှင်းက သွင်သစ်ကို ph ပြန်ခေါ်သည်။
"Hello မောင် ရှင်း Practical ချိန်မို့ မောင် ph ခေါ်ကို မကိုင်ဖြစ်တာ"
"ဪ မောင် မတို့ ဌာနရှေ့ကို ရောက်နေတယ်။ မ ဘယ်သွားစရာရှိသေးလဲ"
"သွားစရာ မရှိဘူး မောင်။ မောင် အဲဒီကပဲ စောင့်နေနော်"
ခဏကြာတော့ ရှင်း ထွက်လာသည်ကို တွ့ရသည်။ ရှင်း၏ ဘေးတွင် ကောင်လေးတစ်ယောက် ကောင်မလေးတစ်ယောက်ပါလာသည်။ သွင်သစ် အနားသို့ရောက်တော့ ရှင်းက_
"မောင် စောင့်နေရတာ ကြာပြီလား။ အားနာလိုက်တာ"
"ရပါတယ် မရဲ့"
"မောင့်ကို မိတ်ဆက်ပေးရဉီးမယ် ဒါက ရှင်းရဲ့ အချစ်ဆုံး သူငယ်ချင်းတွေ။ ဒါက ထက်မြက်၊ ဒါက သက်ဖူးဝေ ရှင်းရဲ့ အခန်းဖော်ပဲ"
"သူငယ်ချင်းတို့ ဒါက ရှင်းရဲ့ချစ်သူ အသွင်သစ်တဲ့"
အသွင်သစ်တို့ တစ်ယောက်နှင့် တစ်ယောက်ပြုံးပြလိုက်ကြသည်။
"နဒီက ပြောပြဖူးလို့ ဖူးတို့ အသွင်သစ်အကြောင်းတွေ အများကြီး သိပါတယ်။ အခုမှ လူချင်းတွေ့ဖူးပေမယ့် အသွင်သစ်အကြောင်းတွေ အများကြီး ဖူးတို့က ကြားဖူးတယ်။ ရှင်းက အဆောင်မှာ အသွင်သစ် အကြောင်းတွေ အရမ်းပြောတာ"
YOU ARE READING
မြစ်နှစ်စင်း၏ လှိုင်းခတ်သံ🌹🌷/မြစ်နှစ်စင်း၏ လှိုင်းခတ်သံ(The Story of Goddess )
Romance(Unicode X Zawgyi) စာရေးသူသည် ယခု story တွင်လည်း မိန်းကလေးများ၏ အချစ်နှင့် ပတ်သတ်သော ခံယူချက်များကို အခြေခံကာ ဖန်တီးရေးသားမည်ဖြစ်သည်။ဤ ဝတ္ထုတွင်လည်း အချစ်နယ်လွန် အကြောင်းအရာများ ပါဝင်သောကြောင့်စာရေးသူနေဖြင့် အသက်မပြည့်သူများအား မဖတ်စေလိုပါ။ စာေရးသူသ...