(Unicode)
"Hello ခန့်ထည်လား"
"ဘာလဲ နှိုင်း ဘာဖြစ်လို့လဲ"
"နင် အိပ်နေတုန်းလား"
"အေးလေ ၇နာရီပဲ ရှိသေးတာကို။ ဒီနေ့ ကျောင်းပိတ်တယ်လေ"
"အိပ်မနေနဲ့ သွင်သစ်ကို နှိုးလိုက် ။ ပြီးရင် ကန်တင်းကို လာခဲ့"
"ဟား....ဘာလုပ်အောင်လဲဟာ"
"ဒီရောက်ရင်သိမှာပေါ့"
"အေး အေး"
ခန့်ထည် စိတ်မရှည်သည့် လေသံနှင့်ပြောလိုက်သည်။ ကျောင်းပိတ်ရက်မို့ နေ့လည်အထိ အိပ်လိုက်မည်ဟုတွေးကာ အိပ်နေသည်ကို လာနှောင့်ယှက်နေသည်။ အိပ်နေရာမှ လူးလဲထပြီးမှ သွင်သစ် မနက်အစောကြီးကတည်းက ထွက်သွားတာကို သတိရမိသည်။
အရင်ကတည်းက နှိုင်းတို့က ယခုလို ခေါ်နေကျပင်။ သွင်သစ်မပါလဲ ခန့်ထည် တစ်ယောက်တည်း သွားရမည်သာ။ မသွားရင် နှိုင်းတို့၏ ပွစိပွစိနှင့်အပြစ်တင်သံများကို ခန့်ထည်မခံနိုင်။
ရေမိုးချိုးပြီး ထွက်လာတော့ ၇နာရီခွဲနေပြီ ဖြစ်သည်။ နှိုင်းတို့ဆီ ၈နာရီမှ ရောက်မည်ထင်သည်။ ကျောင်းနားရောက်ခါနီးတော့ နှိုင်းက ထပ်ခေါ်ပြန်သည်။ ခန့်ထည် ph မကိုင်တော့ဘဲ လမ်းကိုသာ ခပ်မြန်မြန်လျှောက်လိုက်သည်။ သူတို့ ထိုင်နေကျ ဦးသိန်းဆိုင်ရောက်တော့ နှိုင်းကိုသာမက သဲမိုးတို့ကိုပါ တွေ့ရ၍ ခန့်ထည် အနည်းငယ် အံ့သြသွားသည်။
"ဟာ လူစုံတတ်စုံပါလား။ ပြီးတော့ ပြင်လို့ဆင်လို့ ဘယ်ကို သွားကြမလို့လဲ"
"ဟဲ့ ခန့်ထည် နင်တစ်ယောက်တည်းလား"
"အေးလေ"
"ဟာ သွင်သစ်ကရော"
"သူ့မွေးနေ့မို့ ဘုရားသွားတယ်လေ"
"ဟာ သွားပါပြီ"
အားလုံးထံမှ စိတ်ပျက်လက်ပျက်နှင့် ညည်းညူသံထွက်လာတော့ခန့်ထည် မိန်းကလေးများကိုကြည့်ကာ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ နင်တို့ကလဲ"
"ခန့်ထည်ရာ ဒီနေ့ သွင်သစ် မွေးနေ့မို့ ငါတို့ Suprise လုပ်မလို့။ အခုတော့ သွားပါပြီ။ ဟိုမှာ ကိတ်ခွဲဖို့ပါ ပြင်ထားတာ"
ВЫ ЧИТАЕТЕ
မြစ်နှစ်စင်း၏ လှိုင်းခတ်သံ🌹🌷/မြစ်နှစ်စင်း၏ လှိုင်းခတ်သံ(The Story of Goddess )
Любовные романы(Unicode X Zawgyi) စာရေးသူသည် ယခု story တွင်လည်း မိန်းကလေးများ၏ အချစ်နှင့် ပတ်သတ်သော ခံယူချက်များကို အခြေခံကာ ဖန်တီးရေးသားမည်ဖြစ်သည်။ဤ ဝတ္ထုတွင်လည်း အချစ်နယ်လွန် အကြောင်းအရာများ ပါဝင်သောကြောင့်စာရေးသူနေဖြင့် အသက်မပြည့်သူများအား မဖတ်စေလိုပါ။ စာေရးသူသ...