(Uniode)
စာရေးသူသည် ဤအပိုင်းကို ရေးရာတွင် အများကြီးစဥ်းစားပြီးမှ ရေးရန် ဆုံးဖြတ်မိခြင်းဖြစ်သည်။ အကြောင်းမှာ နှိုင်းယမုံစံဟူသော ဇာတ်ကောင်သည် BEd ကျောင်းသူ တစ်ယောက်ဖြစ်နေသောကြောင့် ဆရာမများ၏ ဂုဏ်သိက္ခာကို ညှိးနွမ်းစေမည်ကို အလွန် စိုးရိမ်မိသည်။ သို့ရာတွင် ဤဇာတ်လမ်းသည် လက်တွေ့ဘဝကို အခြေခံကာ ရေးခြင်းဖြစ်သောကြာင့် ဤအပိုင်းများ ဤအခန်းများပါဝင်မှသာ ဤဝတ္ထုသည် အသက်ဝင်မည်ဖြစ်သောကြောင့် ဤအပိုင်းကို ထည့်ရေးရန် ဆုံးဖြတ်ခဲ့မိပါသည်။ ထို့အပြင် ကြမ်းတမ်းသော စကားအသုံးအနှုန်းများလည်း ပါဝင်မည်ဖြစ်သောကြောင့် စာဖတ်သူအား စိတ်အနှောက်အယှက် ဖြစ်စေမိသည်ဆိုလျှင် ကြိုတင်တောင်းပန်အပ်ပါသည်။ ဤအပိုင်းသည် စာရေးသူမှ တစုံတရာကို စော်ကားသလို ဖြစ်စေခဲ့လျှင် စာရေးသူ အနေဖြင့် အနူးအညွတ် တောင်းပန်အပ်ပါသည်။
~~~~~~
ကျော်သက်သည် နှိုင်းအား ဟိုတယ် တစ်ခုသို့ခေါ်သွားခဲ့သည်။ ဝင်ပေါက်တွင် ကောင်တာရှိ စာရေးမများက ကျော်သက်ကို မြင်သည်နှင့် မတ်တပ်ရပ်ကာ နှုတ်ဆက်ကြသည်။ ကျော်သက်က နှိုင်းအား ခုံပေါ်တွင် ထိုင်စေကာ ကောင်တာသို့သွားလိုက်သည်။
"မူ ကိုယ့်အတွက် အခန်းထဲကို ဝိုင်ပုလင်းနဲ့သစ်သီးတွေ လာပို့ပေးဖို့ ဖိုးဇော်ကို ပြောလိုက်ပါ။ ကိုယ် နောက်နေ့ ညမှ ပြန်ထွက်မှာ။ အစားအသောက်တွေ လာပို့ရင် အခန်းတံခါး မခေါက်ပါနဲ့။ အခန်းရှေ့က စားပွဲပေါ်မှာ တင်ခဲ့ခိုင်းလိုက်။ ပြီးတော့ ဟိုကောင်မလေးရှေ့မှာ ငါ့ကို သူဌေးလို့ မခေါ်နဲ့"
"ဟုတ်ကဲ့ သူဌေး"
ကျော်သက်သည် နှိုင်းလက်ကလေးကို ဆွဲကာ ဟိုတယ် အပေါ်ဆုံးထပ်ရှိ သူ့အခန်းရှိရာသို့ခေါ်ခဲ့သည်။ ဟိုတယ် စတင် ဆောက်ကတည်းက ကျော်သက်သည် အပေါ်ဆုံး တစ်ထပ်လုံးကို သူ့စိတ်ကြိုက်ပြင်ဆင်ခဲ့သည်။ ထိုအပေါ်ထပ် အခန်းသည် ကျော်သက်၏ နန်းတော် ဖြစ်သည်။ အချစ်နန်းတော်ဆို ပို၍ မှန်လိမ့်မည်။
ကျော်သက်သည် အခြားသူဌေးများကဲ့သို့ KTV တို့ Nigjt Club တို့တွင် မိန်းကလေးများနှင့် ကဲရသည်ကို မကြိုက်။ ထို့ကြောင့် သူ့နာမည်သည် စီးပွားရေး လောကတွင် မိန်းမအရှုပ်အရှင်းကင်းသူဟု ကျော်ကြားသည်။
VOCÊ ESTÁ LENDO
မြစ်နှစ်စင်း၏ လှိုင်းခတ်သံ🌹🌷/မြစ်နှစ်စင်း၏ လှိုင်းခတ်သံ(The Story of Goddess )
Romance(Unicode X Zawgyi) စာရေးသူသည် ယခု story တွင်လည်း မိန်းကလေးများ၏ အချစ်နှင့် ပတ်သတ်သော ခံယူချက်များကို အခြေခံကာ ဖန်တီးရေးသားမည်ဖြစ်သည်။ဤ ဝတ္ထုတွင်လည်း အချစ်နယ်လွန် အကြောင်းအရာများ ပါဝင်သောကြောင့်စာရေးသူနေဖြင့် အသက်မပြည့်သူများအား မဖတ်စေလိုပါ။ စာေရးသူသ...