(Unicode)
"နှိုင်း"
ခေါ်သံကြား၍ လှည့်ကြည့်တော့ အသွင်သစ်နှင့် ဖြိုးခန့်ထည်ကို တွေ့ရသည်။ တတန်းထဲ သားချင်း ဖြစ်ပေမယ့် အသွင်သစ်တို့ နှစ်ယောက်က သီးသန့်နေကြသူများဖြစ်သောကြော့် သကားလာပြောသည်ကို နှိုင်း ထူးဆန်းနေမိသည်။
"ဒီမှာ နှိုင်း လွတ်သွားတဲ့ အတန်းကစာတွေ Lecture လိုက်ထားတာ"
"ဪ ကျေးဇူးပဲနော်"
"ရပါတယ် တတန်းတည်းသားချင်းတွေပဲ"
"အခု အသွင်သစ်တို့ ဘယ်သွားမလို့လဲ"
"Canteen လေ"
"ဟုတ်လား"
"ဟုတ်တယ် နှိုင်းတစ်ယောက်တည်းဖြစ်နေရင် ငါတို့နဲ့ လိုက်ခဲ့ပါလား"
"နှိုင်းက သူငယ်ချင်းတွေ စောင့်နေတယ်။ ဒီလိုလုပ်ပါလား။ အသွင်သစ်တို့ နှိုင်းနဲ့ လိုက်ခဲ့ကြလေ။ ဟိုမှာ သူငယ်ချင်းတွေလဲ အများကြီးပဲ။ အတန်းထဲက လူတွေချည်းပဲ"
အသွင်သစ် ခန့်ထည်ကို လှည့်ကြည့်လိုက်သည်။ ခန့်ထည်က_
"အဲဒါဆို အတော်ပဲ ငါတို့လဲ သူငယ်ချင်းအသစ်တွေရတာပေါ့။ အခုလိုက်ခဲ့မယ်လေ။ သွားကြမလား"
"အင်း"
အသွင်သစ်တို့ Canteen ရောက်တော့ လူတွေက လိုက်ကြည့်နေကြသည်။ နှိုင်း၏ သူငယ်ချင်းများကလဲ အထူးအဆန်းလို ဝိုင်းကြည့်နေကြသည်။ သဲမိုးက_
"ဟယ် နှိုင်း အသွင်သစ်တို့လဲ ပါလာတာပဲ။ ထမင်းလာစားကြတာလား။ လာကြ ဒီမှာ ထိုင်လေ"
အသွင်သစ်နှင့် ခန့်ထည်တို့ အားလုံးကိုပြုံးပြကာ ဝင်ထိုင်ကြသည်။ နှိုင်းက သူငယ်ချင်းများနှင့် မိတ်ဆက်ပေးလိုက်သည်။
"ဒါက သဲမိုး၊ စု၊ ပြည့်ပြည့်နဲ့ ယွန်းတဲ့"
"အသွင်သစ်တို့ကသာ ငါတို့ကို မသိတာ ငါတို့က အသွင်သစ်တို့ကို သိတယ်"
အသွင်သစ်တို့ ပြန်ပြုံးပြမိသည်။ ခန့်ထည်က_
"ဒီလိုလုပ်ပါလား။ ဒီနေ့ သူငယ်ချင်းဖြစ်တဲ့ အထိမ်းအမှတ်အဖြစ် ငါက မုန့်ဝယ်ကျွေးမယ်လေ"
![](https://img.wattpad.com/cover/285110747-288-k636872.jpg)
VOUS LISEZ
မြစ်နှစ်စင်း၏ လှိုင်းခတ်သံ🌹🌷/မြစ်နှစ်စင်း၏ လှိုင်းခတ်သံ(The Story of Goddess )
Roman d'amour(Unicode X Zawgyi) စာရေးသူသည် ယခု story တွင်လည်း မိန်းကလေးများ၏ အချစ်နှင့် ပတ်သတ်သော ခံယူချက်များကို အခြေခံကာ ဖန်တီးရေးသားမည်ဖြစ်သည်။ဤ ဝတ္ထုတွင်လည်း အချစ်နယ်လွန် အကြောင်းအရာများ ပါဝင်သောကြောင့်စာရေးသူနေဖြင့် အသက်မပြည့်သူများအား မဖတ်စေလိုပါ။ စာေရးသူသ...