(Unicode)
"ကဲ အခုတခါမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ King , Queen ရွေးချယ်ရမယ့် အစီအစဥ်ရောက်ရှိလာပါပြီ ခင်ဗျာ"
"ဟေး"
လူအများ၏ အော်သံများသည် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ စင်မြင့်ဟု သတ်မှတ်ထားသော တိုင်းရင်းသားကျေးရွာရှိနေရာတခုတွင် ချောမောခန့်ညားသော ကောင်လေးများနှင့် လှပကျော့ရှင်းသော ကောင်မလေးများ စီတန်းကာ ရပ်နေကြသည်။အားလုံး၏ မျက်နှာတွင် ရွှင်လန်းသော အပြုံးပန်းများ ဝေဆာနေကြသည်။ Presenter ၏ လက်ထဲတွင် ကြည့်ရှူ့သူအားလုံး၏ မဲစာရွက်များမှ ရလာသော အဖြေစာရွက်ကို ကိုင်ထားပြီဖြစ်သည်။
"ယခုနှစ်ရဲ့ ရန်ကုန်ပညာရေး တက္ကသိုလ် ဧရာဝတီတိုင်းမိသားစုရဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ King ဘွဲ့ကို ရရှိသူကတော့ ခါးနံပါတ် ၅ မောင်အသွင်သစ် ဖြစ်ပါတယ်ခင်ဗျာ"
"ဟေး"
အားလုံး၏ မျက်နှာတွင် ကျေနပ်သွားသော အရိပ်အယောင်များကို တွေ့ရသည်။ အစီအစဥ် ကြေငြာသူက လက်ခုပ်တီးသံများရပ်သွားသည် အထိ စောင့်နေလိုက်သည်။
"ဆက်လက်ပြီး အလှဘုရင်မဘွဲ့ Queen ရရှိသူကို ကြေငြာပါမယ် ခင်ဗျာ။ ယခုနှစ်ရဲ့ Queen Crown ကို လက်ခံရရှိသူကတော့ ခါးနံပါတ်၃ မနှိုင်းယမုံစံ ဖြစ်ပါတယ်ခင်ဗျာ"
"ဟေး"
ဒီတခါ လက်ခုပ်သံများနှင့် အော်သံများက ယောက်ျားလေး အုပ်စုမှထွက်ပေါ်လာသောကြောင့် အတော်အတန် ကျယ်လောင်သွားသည်။
သွင်သစ်သည် ဘေးသို့လာရပ်သော နှိုင်းအား လှည့်ကြည့်တော့ နှိုင်းက ပြန်ပြုံးပြသည်။ နှိုင်း၏ အပြုံးကို မြင်လိုက်ချိန်တွင် သွင်သစ်၏ ရင်ထဲတွင် လှုပ်ရှားသွားမိသည်။ သူတို့နှစ်ယောက်ကို အရင်နှစ်၏ King နှင့် Queen ရရှိထားသော Senior အစ်ကိုနှင့် အစ်မက စလွယ်၊ ပန်းစည်းနှင့် Crown တို့ တပ်ပေးပြီးနောက် သွင်သစ်နှင့် နှိုင်းတို့၏ ဘေးတွင် တစ်ယောက်ပြီး လာပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ဓာတ်ပုံရိုက်နေသောကြောင့်လည်းကောင်း Queen ဘွဲ့ကို ရရှိသောကြောင့်လည်းကောင်း နှိုင်းသည် တချိန်လုံး ပြုံးနေသည်။ သွင်သစ်ကလဲ နှိုင်းကို တချိန်လုံး ခိုးကြည့်နေမိသည်။
CZYTASZ
မြစ်နှစ်စင်း၏ လှိုင်းခတ်သံ🌹🌷/မြစ်နှစ်စင်း၏ လှိုင်းခတ်သံ(The Story of Goddess )
Romans(Unicode X Zawgyi) စာရေးသူသည် ယခု story တွင်လည်း မိန်းကလေးများ၏ အချစ်နှင့် ပတ်သတ်သော ခံယူချက်များကို အခြေခံကာ ဖန်တီးရေးသားမည်ဖြစ်သည်။ဤ ဝတ္ထုတွင်လည်း အချစ်နယ်လွန် အကြောင်းအရာများ ပါဝင်သောကြောင့်စာရေးသူနေဖြင့် အသက်မပြည့်သူများအား မဖတ်စေလိုပါ။ စာေရးသူသ...