(Unicode)
သွင်သစ်သည် ရှင်း၏ လက်ကလေးကို တွဲကာ ကျောင်းထဲသို့ ခေါ်လာသည်။ ကျောင်းတတ်ရက် ဖြစ်သောကြောင့် ကန်တင်းတွင် လူရှုပ်နေသည်။ လူတိုင်းက သွင်သစ်နှင့် ရှင်းကို လိုက်ကြည့်နေသောကြောင့် ရှင်း နည်းနည်းတော့ စိတ်ရှုပ်မိသည်။ ရှင်းတို့ကျောင်းကို မောင်လာလျှင် ဘယ်သူမှ လိုက်မကြည့်။ ရှင်းကလဲ ကျောင်းမှာ နာမည်ကြီးထဲက မဟုတ်သောကြောင့် ဖြစ်လိမ့်မည်။ မောင်တို့ကျောင်းက အဖြူအစိမ်းများဖြင့် ကျောင်းတတ်ရသောကြောင့် ရှင်းသည် အားလုံးကြားတွင် ကွဲထွက်နေသောကြောင့် လိုက်ကြည့်နေတာဖြစ်မည်ထင်သည်။
မောင်က ရှင်းကို စားပွဲတစ်ခုစီ ခေါ်သွားတော့ ခန့်ထည်နှင့်အတူထိုင်နေသော မိန်းကလေး ၅ယောက်ကိုတွေ့ရသည် ။ ဟိုနေ့က လှည်းတန်းစင်တာတွင် တွေ့ခဲ့သော ကောင်မလေးကိုလဲ တွေ့ရသည်။ သဲမိုးက ရှင်းကို ပြုံးပြနေသောကြောင့် ရှင်းပြန်ပြုံးပြလိုက်သည်။
ခန့်ထည်က ဘေးမှ ထိုင်ခုံကို ရှင်းအတွက် နေရာရွှေ့လိုက်ရင်း_
"မမရှင်း မတွေ့တာ ကြာပြီနော်"
"ဟုတ်တယ် ခန့်ထည်"
နှိုင်းက_
"ခန့်ထည်နဲ့ သိတာလား"
"မမရှင်းက ငါတို့မြို့ကပဲ နှိုင်းရဲ့"
သွင်သစ်က_
"မ,က သဲမိုးနဲ့လဲ မိတ်ဆက်ပေးပြီးသားပဲ။ ဒါက နှိုင်း နှိုင်းယမုံစံ၊ ဒါက ဆု၊ ဒါက ပြည့်ပြည့်၊ ဒါက ယွန်းတဲ့"
"တွေ့ရတာ ဝမ်းသာပါတယ်"
"အားလုံးပဲ ဒါက မမရှင်းနဒီဖွေးတဲ့"
"မမနဲ့ သွင်သစ်က ချစ်သူဖြစ်တာကြာပြီလား"
နှိုင်းက ရှင်းကို မေးလိုက်သော်လည်း သွင်သစ်က ကြားထဲက ဝင်ဖြေလိုက်သည်။
"ငါချစ်နေတာတော့ အရင်နှစ်ကတည်းက။ ချစ်သူဖြစ်တာတော့ ပြီးခဲ့ ငါ့မွေးနေ့ကမှ ဆိုတော့ တစ်လကျော်လောက်ပဲ ရှိသေးတယ်"
"ဪ"
"မမက ချစ်စရာလေးနော် သွင်သစ်နဲ့ တကယ်လိုက်တယ်"
ESTÁS LEYENDO
မြစ်နှစ်စင်း၏ လှိုင်းခတ်သံ🌹🌷/မြစ်နှစ်စင်း၏ လှိုင်းခတ်သံ(The Story of Goddess )
Romance(Unicode X Zawgyi) စာရေးသူသည် ယခု story တွင်လည်း မိန်းကလေးများ၏ အချစ်နှင့် ပတ်သတ်သော ခံယူချက်များကို အခြေခံကာ ဖန်တီးရေးသားမည်ဖြစ်သည်။ဤ ဝတ္ထုတွင်လည်း အချစ်နယ်လွန် အကြောင်းအရာများ ပါဝင်သောကြောင့်စာရေးသူနေဖြင့် အသက်မပြည့်သူများအား မဖတ်စေလိုပါ။ စာေရးသူသ...