(Unicode)
"ဟာ နဒီ ပြန်ရောက်နေပြီလား"
"ဟယ် မိချမ်း မတွေ့တာ ကြာပြီနော် ရှင်း မနေ့ကမှ ပြန်ရောက်တာ"
မိချမ်းပတေ့သည် ရှင်းတို့ ပေါင်မြို့လေးကပဲ ဖြစ်သည်။ ရှင်းနှင့် ငယ်ငယ်ကတည်းက တကျောင်းတည်းမို့ မိချမ်းပတေ့နှင့်ရှင်းသည် အလွန်ခင်သည်။ ရန်ကုန်ရောက်၍ ကျောင်းချင်းနီးသောကြောင့်လည်း မကြာခဏ တွေ့ဖြစ်သည်။မောင်နှင့်တော့ မကြုံ၍ မိတ်ဆက် မပေးရ။ မိချမ်းကတော့ မောင့်ကို သိသည်။
"မိချမ်းအတွက် ရှင်း လက်ဆောင်တွေပါတယ်။ ဒီမှာတွေ့မယ်မှန်းမသိလို့ မနက်ဖြန်မှ ပေးတော့မယ်။ မိချမ်း ဘယ်အချိန်အားလဲ မနက်ဖြန်"
"နေ့လည်ခင်းတပိုင်းလုံးအားပါတယ်ရှင်။ နဒီအခု အသွင်သစ်ကို လာတွေ့လား"
"ဟုတ်တယ် မောင်က ရှင်းပြန်ရောက် မသိသေးဘူး။ မောင့်ကို Suprise လုပ်ချင်လို့ တမင် မပြောဘဲထားတာ။ ခဏကတင် ခန့်ထည်က Message ပို့တယ် Tutorial ဖြေနေလို့တဲ့ ပြီးရင် ဒီလမ်းက ထွက်ခဲ့မယ်ပြောလို့ ရှင်းထိုင်စောင့်နေတာ"
"ဪ အဲဒါဆို မနက်ဖြန် နေ့လည် တွေ့ကြမယ်နော် နဒီ။ ချမ်း ph ဆက်လိုက်မယ်။ နဒီ့ကို ပြောစရာတွေ အများကြီးရှိတယ်။ အခုတော့ ချမ်းသွားလိုက်ဦးမယ်။ သူငယ်ချင်းတွေ ကန်တင်းမှာ စောင့်နေလို့"
"အင်း အင်း"
"နဒီ တစ်ယောက်တည်း ဖြစ်ရဲ့လား"
"ဖြစ်တယ် မိချမ်း သွားပါ"
ရှင်းသည် မိချမ်းပတေ့ကို နှုတ်ဆက်ပြီး မောင်တို့ကို ဆက်ပြီး စောင့်နေမိသည်။ ခဏကြာတော့ မောင်တို့ အဖွဲ့ထွက်လာသည်ကို လှမ်းမြင်သောကြင့် ရှင်း ထိုင်ရာမှ ထ လိုက်သည်။ မောင်တို့က ရှင်းကို မမြင်။ ခန့်ထည်ကတော့ ရှင်းကို လှမ်းပြုံးပြနေသည်။ ရှင်းကြည့်နေစဥ် နှိုင်းက မောင်၏ လက်မောင်းကို လက်နှစ်ဖက်ဖြင့် လှမ်းဆွဲသည်ကို မြင်တော့ ရှင်း မျက်မှောင့်ကြုံ့မိသည်။ နှိုင်းက ဆောင့်ဆွဲသောကြောင့် မောင်က နောက်သို့ ယိုင်သွားပြီး နှိုင်းကို ဘာလဲ ဟု ပြန်မေးသည်ထင်သည်။ နှိုင်းက အတူတူသွားမယ်ဟု ပြောလိုက်သည်ကို ရှင်း တွေ့နေရသည်။ ရှင်း မြင်လိုက်ရသော မြင်ကွင်းကြောင့် တွေဝေသွားမိသည်။
YOU ARE READING
မြစ်နှစ်စင်း၏ လှိုင်းခတ်သံ🌹🌷/မြစ်နှစ်စင်း၏ လှိုင်းခတ်သံ(The Story of Goddess )
Romance(Unicode X Zawgyi) စာရေးသူသည် ယခု story တွင်လည်း မိန်းကလေးများ၏ အချစ်နှင့် ပတ်သတ်သော ခံယူချက်များကို အခြေခံကာ ဖန်တီးရေးသားမည်ဖြစ်သည်။ဤ ဝတ္ထုတွင်လည်း အချစ်နယ်လွန် အကြောင်းအရာများ ပါဝင်သောကြောင့်စာရေးသူနေဖြင့် အသက်မပြည့်သူများအား မဖတ်စေလိုပါ။ စာေရးသူသ...