(Unicode)
ကျောင်းပိတ်ရက်များတွင် သွင်သစ် ရှင်းဆီသို့ နေ့တိုင်း ph ဆက်သည်။ အိမ်တွင် မေမေက သွင်သစ်အား ကျောင်းက အကြောင်းတွေ မေးသည်။ မေမေတို့ရှေ့တွင် သွင်သစ်သည် ကလေးပါပဲ။
ကျောင်းတွေ ပြန်ဖွင့်တော့ သွင်သစ်နှင့် ခန့်ထည်တို့ ရက်ချိန်းပြီး ပြန်လာကြသည်။ အဆောင်တွင် အထုပ်အပိုးများချပြီးမှ ကျောင်းအပ်သွားရသည်။ သူတို့ ကျောင်းအပ်ရက်သည် အတော် နက်ကျသောကြောင့် လူရှင်းနေသည်။
"ဟေ့ သွင်သစ်နဲ့ ခန့်ထည်"
အသံနှင့်အတူ နှိုင်းတို့အုပ်စု သွင်သစ်တို့ အနားရောက်လာသည်။
"နင်တို့လဲ အခုမှ ကျောင်းအပ်မှာလား"
ပြည့်ပြည့်က_
"အမယ် ငါတို့က အပ်ပြီးသွားပြီ။ ဒါပေမယ့် နောက်နှစ်ဆိုရင် တမင် နောက်ကျမှ အပ်မယ်ကွာ။ လူတိုးရတာ တော်တော်လေးပဲ။ အခု နင်တို့ ပြီးတာလား"
"အင်း"
"အဲဒါဆို ကန်တင်းသွားရအောင်"
သူတို့ ထိုင်နေကျ ဦးသိန်း၏ ဆိုင်သို့ပဲ သွားကြသည်။ သူတို့အဖွဲ့က ဦးသိန်းဆိုင်မှာ စားနေကျ ဖြစ်သောကြောင့် ဦးသိန်းနှင့် ခင်နေကြပြီ ဖြစ်သည်။သူတို့အဖွဲ့က လူများသောကြောင့် စားပွဲ နှစ်လုံးဆက်ကာ ထိုင်ကြရသည်။ သဲမိုး၊ ဆု၊ ပြည့်ပြည့်၊ ယွန်း၊ နှိုင်း၊ ခန့်ထည်နှင့် သွင်သစ် တစ်ယောက်ချင်းစီကို ဦးသိန်းက မှတ်မိနေသည်
"ကျောင်းပိတ်ရက်မှာ တော်တော်လေးမှ ပျော်ခဲ့ကြရဲ့လား"
ခန့်ထည်က စကားစပြောတော့နှိုင်းက မျက်စောင်းထိုးလိုက်သည်။
"အမယ် နင်တို့က မေးရတယ် ရှိသေး။ ငါတို့ကို အိမ်လည်တောင်မခေါ်ဘူး။ခန့်ထည်နော် ငါနည်းနည်းမှ ကျေနပ်တာ မဟုတ်ဘူး"
သဲမိုးက သတိရသွားဟန်ဖြင့်_
"ဟုတ်ပ ဟုတ်ပ နှစ်ယောက်တည်း ချစ်သူနှစ်ယောက် ပျားရည်စမ်း ထွက်တာမို့ ငါတို့ကို ထားခဲ့တာလား သွင်သစ်နဲ့ ခန့်ထည်"
"အဲလိုမဟုတ်ပါဘူးဟာ။ ငါတို့ First Year ပဲရှိသေးတာဆိုတော့ နင်တို့ အိမ်တွေက မထည့်မှာ စိုးရိမ်လို့ပါဟ။ အခုနှစ် ကျောင်းပိတ်ရက် ခေါ်မယ်။ လိုက်ဖို့ပြင်ထား"
VOCÊ ESTÁ LENDO
မြစ်နှစ်စင်း၏ လှိုင်းခတ်သံ🌹🌷/မြစ်နှစ်စင်း၏ လှိုင်းခတ်သံ(The Story of Goddess )
Romance(Unicode X Zawgyi) စာရေးသူသည် ယခု story တွင်လည်း မိန်းကလေးများ၏ အချစ်နှင့် ပတ်သတ်သော ခံယူချက်များကို အခြေခံကာ ဖန်တီးရေးသားမည်ဖြစ်သည်။ဤ ဝတ္ထုတွင်လည်း အချစ်နယ်လွန် အကြောင်းအရာများ ပါဝင်သောကြောင့်စာရေးသူနေဖြင့် အသက်မပြည့်သူများအား မဖတ်စေလိုပါ။ စာေရးသူသ...