(Unicode)
"မောင့်ရဲ့ အသက်ထက်ပိုချစ်ရပါသော မ,
မောင် မကို ပြောမပြတတ်လောက်အောင် ချစ်တယ်။ မရဲ့အချစ်တွေကြောင့်လဲ မောင် အများကြီးပျော်ခဲ့ရတယ်။ မရဲ့အချစ်တွေဟာ နက်ရှိုင်းတယ် ဖြူစင်တယ် ပြီးတော့ ရိုးသားတယ်။ မောင်ဟာ လှိုင်းခတ်သံတွေ ဆူညံနေတဲ့ ညတစ်ညမှာ ကြိုးစားပန်းစား ကူးခတ်ရင်းနဲ့ နစ်မြှပ်ခဲ့ရပါတယ် ။ မောင်ဟာ နစ်မြှပ်ရာက ရုန်းထွက်လို့ ရပါလျှက်နဲ့ ဆက်ပြီး လှိုင်းမူးနေခဲ့မိပါတယ်။ ကြီးမားတဲ့ချစ်ခြင်းတွေနဲ့ ကမ်းလင့်လာမယ့် ဖြူစင်တဲ့မရဲ့ အသွေးအသားကို လိပ်ပြာသန့်သန့်နဲ့ ခံစားနိုင်အောင် မောင့်ရဲ့ အသွေးအသားတွေဟာ မဖြူစင်နိုင်တော့ဘူး မရယ်။ မရဲ့ နှုတ်ခမ်းကို နမ်းရှိုက်မိချိန်တိုင်း ရမ္မက်တွေနဲ့နမ်းရှိုက်ခဲ့မိတဲ့ နှုတ်ခမ်းတစုံကို သတိရမိနေတဲ့မောင့်ကိုမောင် မုန်းလှပါတယ်။ မောင့်ရဲ့ မဖြူစင်တော့တဲ့ အတွေးတွေမှာ ဖြူစင်ရိုးသားတဲ့ မ အတွက် ဖြစ်နေတာ ကြာတော့ မကို အားနာလွန်းလှပါတယ်။ ရှေ့ဆက်ပြီး သန့်ရှင်းတဲ့ မရဲ့လက်တစ်စုံကို ဆုပ်ကိုင်ဖို့မောင် ယုံကြည်ချက်တွေ မရှိတော့ဘူး။ မောင့်ကို ခွင့်မလွှတ်ပါနဲ့ မ။ မောင်ဟာ မရဲ့ ခွင့်လွှတ်ခြင်းတွေနဲ့ မထိုက်တန်သူပါ။ အခွင့်အရေးရရင် တကြိမ်တော့ မရဲ့ရှေ့မှာ ဒူးထောက်ချင်ပါတယ်။ မ ရိုက်လိုက ရိုက်ပါ။သတ်လိုက သတ်လိုက်ပါ။ မကို အချစ်စစ်နဲ့ ချစ်ခဲ့မိတာတော့ ဘယ်တော့မှ မပြောင်းလဲမယ့် အမှန်တရားပါ။ ချစ်ခဲ့မိပါတယ် မ။ ချစ်လဲ ချစ်နေဆဲပါ ချစ်လဲချစ်သွားမှာပါ။ ဒါပေမယ့် ပိုင်ဆိုင်ရဖို့အတွက်တေ့ာ မောင်ဟာမထိုက်တန်တော့ဘူး။မ ပျော်ရွှင်ပါစေ
အပြစ်များစွာနဲ့
မောင်"
ရှင်းသည် တုန်ရီသောလက်ကလေများဖြင် စာကို အထပ်ထပ်အခါခါ ဖတ်နေမိသည်။ မောင်၏ စာလေးသည် တိုပေမယ့် ရှင်လင်းပြတ်သားသည်။အကြောင်းအရာ ပြည့်စုံသည်
ခန့်ထည်က သွင်သစ်၏ စာကိုဖတ်ပြီး မမရှင်း ငိုလိမ့်မည်ဟု ထင်ထားသော်လည်း မမရှင်းသည် တည်ငြိမ်လွန်းလှသည်။ မမရှင်း၏ မျက်လုံးလေးများသည် စူးရှနေသော်လည်း ဒေါသ အရိပ်အရောင် မရှိ။ နှုတ်ခမ်းများကို စေ့စေ့ပိတ်ထားသည်က ခံပြင်းလွန်းနေသည့် ပုံပေါ်သည်။
YOU ARE READING
မြစ်နှစ်စင်း၏ လှိုင်းခတ်သံ🌹🌷/မြစ်နှစ်စင်း၏ လှိုင်းခတ်သံ(The Story of Goddess )
Romance(Unicode X Zawgyi) စာရေးသူသည် ယခု story တွင်လည်း မိန်းကလေးများ၏ အချစ်နှင့် ပတ်သတ်သော ခံယူချက်များကို အခြေခံကာ ဖန်တီးရေးသားမည်ဖြစ်သည်။ဤ ဝတ္ထုတွင်လည်း အချစ်နယ်လွန် အကြောင်းအရာများ ပါဝင်သောကြောင့်စာရေးသူနေဖြင့် အသက်မပြည့်သူများအား မဖတ်စေလိုပါ။ စာေရးသူသ...