Part 1 Unicode

14.8K 557 11
                                    

"အူဝဲ အူဝဲ အူဝဲ"

သန်းခေါင်ယံ အချိန်ဝယ် ကလေးငိုသံအကျယ်ကြီးကြောင့် အပေါ်ထပ်အခန်းမှ
ဆင်းလာတဲ့ အံ့ဘုန်းကြွယ် တစ်ယောက် လှေကားရင်းတွင် ခြေအစုံဟာ ရပ်တန့်သွားလေသည်။

"ကျစ်"

သူ စုပ်တစ်ချက် သပ်လိုက်ရင်း ကလေးငိုနေတဲ့ အခန်းကို သွားကာ တံခါးခေါက်လိုက်လေသည်။

ကလေးထိန်းတဲ့ မချိုကြည်က ကလေးကို ပွေ့ချီရင်း အခန်းတံခါးကို လာဖွင့်လေသည်။

"အစ်ကိုလေး ဘာဖြစ်လို့လဲဟင်"

အံ့ဘုန်းကြွယ် ခေါင်းခါလိုက်ရင်း

"ကျွန်တော်က ဘာမှ မဖြစ်ဘူး ကလေးက ဘာလို့ ငိုနေတာလဲ အမေတို့ လင်မယားရော ဘယ်ရောက်နေတာလဲ"

မချိုကြည်က ပြာပြာသလဲနှင့် ပြန်ဖြေလာလေသည်။

"မေမေကြီးတို့က ပဲခူးကို အလုပ်ကိစ္စနဲ့ ခရီးသွားကြတယ် အစ်ကိုလေး ကလေးလေးကတော့ တစ်ညလုံး မအိပ်ဘဲ ငိုနေတာ "

ဟူးးး

အံ့ဘုန်းကြွယ် လေပူတစ်ချက် မှုတ်ထုတ်လိုက်ရင်း

"ကလေးကို သီချင်းဆိုပြီး သိပ်လေ"

သူ ပြော​ပြီးပြီးချင်း မီးဖိုချောင်ဘက် လျှောက်လာကာ ရေခဲသေတ္တာထဲမှ ရေတစ်ဗူးကို ထုတ်လိုက်လေသည်။ထို့နောက် တစ်ဝက်ကျသည် အထိ သောက်လိုက်လေသည်။နွေရာသီမှာ ပူပြင်းလွန်းသဖြင့် အဲကွန်းကတောင် အေးချမ်းမှုကို လုံလောက်စွာ မပေးနိုင်ပေ။

သူ အပေါ်ထပ် တတ်ခါနီးတွင် ကလေးငိုသံက ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။ဒီတစ်ကြိမ်တွင်တော့ ကလေး အသံက ပြာနေလေပြီ။
သူ ရင်ထဲတွင် အမည်မရှိတဲ့ ခံစားချက်ကြီးကြောင့် သူ အခန်းတံခါးကို ထပ်မံ၍ ခေါက်မိပြန်လေသည်။ထို့နောက် ကလေးကို
ချိုကြည် လက်ထဲကနေ ပွေ့ခေါ်လာပြီး သူ့ အခန်းထဲတွင် သိပ်ရန် ခေါ်လာခဲ့လေသည်။
ကလေးက သိသိသာသာပင် သူ့လက်ထဲ ရောက်သည်နှင့် အငိုတိတ်သွား လေပြီဖြစ်သည်။

သူ့ ခုတင်ပေါ်တွင် အပြစ်ကင်းစင်စွာ အိပ်​မောကျနေတဲ့ လသား အရွယ် ကောင်သေးသေးလေးကို ကြည့်ရင်း ကုန်လွန်ခဲ့တဲ့ နေ့ရက်များကို သွားသတိရလေသည်။

မိမိထက် အသက် ၁၅ နှစ် ငယ်သော၊ ပထွေး၏ သားအား ပိုးပန်းခြင်း(Completed)Where stories live. Discover now