Part 2 Unicode

5.8K 455 7
                                    

အံ့ဘုန်းကြွယ် အိမ်ပြန်ရောက်တဲ့အချိန်ဟာ
တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးတောင် ဖြေပြီးတဲ့ အချိန် ဖြစ်နေလေသည်။ဝတုတ်လေးတောင် လမ်းလျှောက်တတ်၊စကားပြောတတ်နေလေပြီ ဖြစ်လေသည်။သူ တစ်လတစ်ခါ ပြန်လာချင်ခဲ့ပေမဲ့ စာကြည့်ချိန် အချိန်ဇယား အပြည့် ဖြစ်နေသောကြောင့် အခွင့်မသာ ခဲ့ပေ။သီတင်းကျွတ် ကျောင်းပိတ်ရက် ရှည်တွေမှာလည်း အိမ်ပြန်ခွင့် မရခဲ့ပေ။ထို့ပြင် ဘော်ဒါနေသူ အားလုံးကို Ph ကိုင် ခွင့် မပေးသောကြောင့် သူ ဘယ်သူနဲ့မှ မဆက်သွယ် ဖြစ်ခဲ့လေပေ။

အံ့မှုးသစ်အောင်လေးကို မချိုကြည် ထမင်း ကျွေးနေတဲ့ နေရာသို့ သူ ချည်းကပ် သွားလိုက်လေသည်။ငယ်ငယ်က သူချော့မှ အငိုတိတ်တဲ့ ဝတုတ်က အခုတော့ သူနဲ့ အတော်လေးကို စိမ်းနေလေသည်။ဝတုတ်က သူ့ကို မြင်တော့ ငိုမဲ့မဲ့နှင့် တအီအီ လုပ်လေတော့သည်။မချိုကြည်က ပြန်ပြန် ဆိုသည့် သဘောနှင့် မျက်ရိပ် ပြလေသည်။
အံ့ဘုန်းကြွယ်ကလည်း ပေကပ်ကပ်နှင့် ခေါင်းခါ ပြလေသည်။

'ခင်ဗျားလေး တအီအီ လုပ်နေတိုင်း ဒီက ကောင်က ထွက်သွားမယ် ထင်နေတာလား
မရဘူးနော် လုံးဝ မရဘူး'

သူက ထိုကဲ့သို့ စိတ်ထဲ၌ ကြုံးဝါးလိုက်ရင်း
ဝတုတ်ကို ပေါင်ပေါ် ကောက်တင် လိုက်လေသည်။ဝတုတ်က မျက်နှာလေးကို မဲ့ကာ သူ့ကို မော့ကြည့်လာလေသည်။သူ ဝတုတ်လေးရဲ့ ကတုံး ပြောင်ပြောင်လေးကို နှာခေါင်းလေးနဲ့ ပွတ်သပ်လိုက်ရင်း

"မကြောက်နဲ့နော် ဝတုတ်လေး ကိုကိုက ကလေးလေးကို ချစ်တယ်လေ နော်"

သူ ထိုသို့ ပြောလိုက်မှ ဝတုတ်က အသံ စူးစူးဝါးဝါးနှင့် အော်ကာ ငိုလေတော့သည်။
သိုပေမဲ့ ဝတုတ်လေးက သူ့ပေါင်ပေါ်မှ ဆင်းကာ ငိုနေခြင်း မဟုတ်ဘဲ သူ့ရင်ခွင်ထဲ တိုးကာ ငိုနေခြင်း ဖြစ်လေသည်။

"အစ်ကိုလေးကို ဝတုတ်လေးလည်း လွမ်းနေတာ ဖြစ်မယ် အစောပိုင်းက အစ်ကိုလေးကို အနားကပ် မခံတာက သူ စိတ်ဆိုးနေတာ ဖြစ်လောက်တယ်"

မချိုကြည်က ထို့သို့ မှတ်ချက် ဝင်ပေးလေသည်။သူ့စိတ်ထဲတွင်တော့ ဤသို့ တွေးလိုက်လေသည်။

မိမိထက် အသက် ၁၅ နှစ် ငယ်သော၊ ပထွေး၏ သားအား ပိုးပန်းခြင်း(Completed)Donde viven las historias. Descúbrelo ahora