အံဘုန်းကြွယ်က အခန်းတံခါးကို ကမန်းကတန်း ခေါက်လိုက်ပြီးနောက် အခန်းထဲက တုန့်ပြန်သံကိုပင် စောင့်မနေတော့ဘဲ
တံခါးကို တွန်းဖွင့်ကာ အခန်းထဲ ဝင်သွားလိုက်လေသည်။သူက သူ့ညီငယ်လေးကို အတော်လေး စိတ်ပူနေတာ ဖြစ်သည်။'မိန်းမ မာယာ သဲကိုးဖြာ တဲ့လေ မတော်လို့ ဝတုတ်က ရေတိမ် နစ်နေမှ ဖြင့်'
သူက အတွေးနဲ့တင် ကြက်သီး တဖြန်းဖြန်း ထ သွားလေတော့သည်။
သူ အခန်းထဲ ဝင်လိုက်တဲ့အခါ ပြတင်းပေါက် ဘောင်မှာ အံ့မှုးသစ်အောင်က ထိုင်နေပြီး
နွေးရိပ်ငယ်ငယ်က စာကြည့်စားပွဲမှာ ထိုင်နေလေသည်။နှစ်ယောက်လုံးက ရုတ်တရက် အခန်းထဲ ဝင်လာတဲ့ သူ့ကို ကြောင်တောင်တောင်ဖြင့် ကြည့်နေကြလေသည်။အံ့ဘုန်းကြွယ်က ချက်ချင်းပင် သြဇာအာဏာ အပြည့် ရှိတဲ့ အိမ်ကြီးသခင်လို ပုံစံမျိုး ကို မျက်နှာတွင် ရိုက်သွင်းလိုက်လေသည်။
သူက နွေးရိပ်ငယ်ငယ် ကို မမြင်ချင်ယောင် ဆောင် လိုက်ကာ ပြတင်းပေါက် ဘောင်မှာ ထိုင်နေတဲ့ ညီငယ်လေးကို ဂရုဏာ ဒေါသောနှင့် ငေါက်လိုက်လေသည်။"ဝတုတ် ပြုတ်ကြမယ် အခုချက်ချင်း အောက်မှာ လာထိုင်"
သူပြောချင်တာ ပြောပြီးသည့်နောက် ခုတင်ပေါ်တွင် သွားထိုင်လိုက်လေသည်။
အံ့မှူးသစ်အောင်က နာခံစွာဖြင့်ပင် ပြတင်းပေါက် ဘောင်ကနေ ဆင်းလိုက်ပြီး အံ့ဘုန်းကြွယ် နားသို့ လာထိုင်လေသည်။အံ့ဘုန်းကြွယ်က မျက်နှာကို မော်ချီထားလိုက်ပြီး နွေးရိပ်ငယ်ငယ်ကို တည့်တိုးပင် ပြောလိုက်လေသည်။
"ယောက်ျားလေးတွေ ရှိတဲ့နေရာမှာ ဘယ်လို သတ္တိမျိုးနဲ့ မင်းက အခုထိ နေနိုင်သေးတာလဲ
ကလေးမ"သူက ထိုသို့သော စကားမျိုးကို မည်သူ့ မျက်နှာမှ ထောက်မနေဘဲ လက်လွတ်စပယ် ပြောလိုက်ပြီးတဲ့ နောက်မှာ နောင်တ အနည်းငယ် ရချင်သွားလေသည်။မတော်လို့ ညီငယ်လေးက သူ့သူငယ်ချင်းကို ပြောလိုက်လို့ သူ့ကို စိတ်ဆိုးသွားရင် ဆိုတဲ့ စိတ်က အတော်လေး နေရ၊ထိုင်ရ ခက်သွားလေသည်။ထို့ကြောင့် အံ့ဘုန်းကြွယ်က အံ့မှူးသစ်အောင်ကို မသိမသာလေး လှည့်ကြည့်လိုက်လေသည်။အံ့မှူးသစ်အောင်က မည်သို့မျှပင် သဘောမထားဘဲ စာအုပ်တစ်အုပ်ကိုသာ လှန်လှောနေသဖြင့် သူစိတ်အေးသွားရလေသည်။
YOU ARE READING
မိမိထက် အသက် ၁၅ နှစ် ငယ်သော၊ ပထွေး၏ သားအား ပိုးပန်းခြင်း(Completed)
Romanceပုံကတော့ Pinterest ကပါ😁။Own creation လေးပါ။ ဖြေးဖြေးလေး up သွားမှာပါ။အရေးအသား မပြေမပြစ် ဖြစ်ခဲ့ရင် Lary ကိုသာ လာသတ်ကြပါ။ ဝါရင့် စာရေးဆရာကြီးတွေရဲ့ fic များနှင့် တိုက်ဆိုင်သွားပါက နားလည် ခွင့်လွှတ်ပေးကြပါရန် ကြိုတင် တောင်းပန်အပ်ပါသည်။Lary က စိတ်ကူးယ...