"Boss...boss...boss"
ထမင်းစားခန်းထဲတွင် ခုန်ပေါ် ဝမ်းလျားမှောက်ကာ အိပ်ပျော်နေတဲ့ အံ့ဘုန်းကြွယ်ကို ဝေဟင်ထွန်းတင် တစ်ယောက် ဂုတ်ကနေ ကိုင်လှုပ်ကာ ခေါ်နှိုးလိုက်လေသည်။သို့ပေမဲ့ အံ့ဘုန်းကြွယ်က တုပ်တုပ်ပင် မလှုပ်ပေ။ထို့ကြောင့် ဝေဟင်ထွန်းတင်လည်း စိတ်မရှည်နိုင်စွာ အံ့ဘုန်းကြွယ်၏ နား နားကို ကပ်၍ အသံကို မြှင့်ကာ အော်ပစ်လိုက်လေသည်။
"အံ့ဘုန်းကြွယ်!!! ထတော့လို့!!!"
အံ့ဘုန်းကြွယ်က ဇတ်ခနဲ ကုန်းထကာ ပြန်အော်လေ၏။
"ငါနိုးတယ် နွားရ!!!"
ဝေဟင်ထွန်းတင်က ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ရင်း
"မနိုးသေးဘူး ထင်လို့"
အံ့ဘုန်းကြွယ်က ရေကရားထဲမှ ရေကို ဖန်ခွက်ထဲ ငှဲ့ထည့်ကာ သောက်လိုက်ပြီးနောက်
"ဘာကိစ္စ ရှိလို့လဲ"
ဝေဟင်ထွန်းတင်က သက်ပြင်းမောကို ချလိုက်ပြီးနောက်
"၅ နှစ် ရှိပြီ၊ ပြီးတော့ နွေးရိပ်နဲ့ သုခ တို့တောင်
မင်း company မှာ အလုပ် ဝင်နေကြပြီ၊မင်းကတော့ အခုထိ ပေတေနေတုန်း"အံ့ဘုန်းကြွယ်က ဖန်ခွက်ထဲမှ ရေစက် အချို့ကို ငေးကြည့်ရင်း
"မင်း ဆိုရင်ရော..."
သူက စကားကို ဖြတ်လိုက်ကာ ဝေဟင်ထွန်းတင်ကို ကြည့်လိုက်ပြီးနောက်
"မင်းသာ ငါဆိုရင် ဘာလုပ်မှာလဲ"
"အံ့မှူးက မင်းကို ရှောင်နေတာဆို၊ငါသာ မင်းဆိုရင် အားလုံးထက် ပိုတော်တဲ့သူ ဖြစ်အောင် ကြိုးစားမယ်၊ဒါမှ သူပြန်လာတဲ့အခါ သူ့အတွက် ဂုဏ်ယူစရာ ဖြစ်နေမှာပေါ့၊သူက မင်းကို စိတ်ပျက်ပြီး ထွက်သွားတာလေ၊အခု မင်းပုံစံကို သူသာ မြင်ရင် ငါပြောရဲတယ်...သူ စိတ်ပါ ကုန်သွားလောက်တယ်"
အဟတ်!
အံ့ဘုန်းကြွယ်က ဝေဟင်ထွန်းတင်၏ moti အကြီးကြီး
ကြောင့် ခြောက်ကပ်ကပ် တစ်ချက် ရယ်လိုက်ပြီးနောက်"ကောင်းပြီလေ၊မနက်ဖြန်ကစပြီး အလုပ်တွေ ပြန်လုပ်ရတော့မှာပေါ့"
YOU ARE READING
မိမိထက် အသက် ၁၅ နှစ် ငယ်သော၊ ပထွေး၏ သားအား ပိုးပန်းခြင်း(Completed)
Romanceပုံကတော့ Pinterest ကပါ😁။Own creation လေးပါ။ ဖြေးဖြေးလေး up သွားမှာပါ။အရေးအသား မပြေမပြစ် ဖြစ်ခဲ့ရင် Lary ကိုသာ လာသတ်ကြပါ။ ဝါရင့် စာရေးဆရာကြီးတွေရဲ့ fic များနှင့် တိုက်ဆိုင်သွားပါက နားလည် ခွင့်လွှတ်ပေးကြပါရန် ကြိုတင် တောင်းပန်အပ်ပါသည်။Lary က စိတ်ကူးယ...