အံ့မှူးသစ်အောင် ပျောက်သွားခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့ပြီ ဖြစ်လေ၏။တစ်နိုင်ငံလုံးပိုက်စိပ်တိုက် ရှာခဲ့ပေမဲ့ သတင်း အစအနပင် ရှာမရခဲ့ပေ။တစ်ရပ်ကွက်လုံးက သက်ပျောက်ဆွမ်းကပ်ကြဖို့ ဝ်ိုင်းဝန်းတိုက်တွန်းခဲ့ကြပေမဲ့ အံ့ဘုန်းကြွယ်က လက်မခံခဲ့။သူ့ ညီငယ်လေးသည် သေဆုံးသွားတာ မဟုတ်၊သူ့ကို အပြစ်ပေးချင်၍ ပုန်းနေခဲ့ခြင်းသာ။နေ့တိုင်းလိုလို ပိုင်သုခသော်နှင့်
နွေးရိပ်ငယ်ငယ်က အားပေးစကားပြောတတ်ကြပေမဲ့ အခုတော့ ထိုကလေးတွေဟာလည်း ပညာရေးအတွက် နယူးယောက်မြို့ကို ထွက်ခွာသွားကြလေပြီ ဖြစ်၏။Tommy သည်လည်း လာရောက် နှစ်သိမ့်တတ်ပေမဲ့ သူ လက်ခံ၍ စကား မပြောဘဲ ရှောင်ထွက်တတ်မြဲသာ။နောက်ဆုံးမှာ သူကသာ သေလူ တစ်ယောက်လို ဘဝကို ဖြတ်သန်းနေခဲ့လေ၏။အလုပ်တွေကို မိခင်နှင့် ဝေဟင်ထွန်းတင်ဆီ အပ်ကာ သူကတော့ ခွေး အလေအလွင့် တစ်ကောင်လို တစ်မြို့လုံးမှာ ရှိတဲ့ bar မှန်သမျှ ပတ်သွားကာ နေ့ရက်တိုင်း အချိန်ဖြုန်း နေတတ်လေ၏။သူ့ရဲ့ လက်ရှိ ပုံစံကို ညီငယ်လေး မြင်တဲ့ အခါ ပုန်းနေရာကနေ ထွက်လာဖို့ကိုလည်း မျှော်လင့်နေမိလေ၏။
"အံ့မှူးသစ်အောင်...အေ့... ရက်စက်လိုက်တာကွာ၊မင်း ကိုကြီးက စုတ်ပြတ်သတ်နေလေပြီလေ...အေ့...ပုန်းနေရာက ထွက်လာပါဦးကွာ၊.ကိုယ် တောင်းပန်ပါတယ် နောက်ကို ကိုယ် ပစ်မထားခဲ့တော့ပါဘူး...အေ့...ကိုယ် မင်းကို သိပ်ချစ်တာလေကွာ၊မင်းပဲ ဒီကောင်ကြီး သဘောအတိုင်း နေပေးမယ်ဆို ...အေ့...ကျေးဇူးပြုပြီး ကိုယ့်ဆီ ပြန်လာပါတော့"
အရက် ပုလင်းကို ရင်ဘက်ပေါ် တင်၍ မြက်ခင်းပြင်ပေါ် ပက်လက်လှန်ကာ အသံပြဲနှင့် အော်ဟစ်နေသူမှာ အံ့ဘုန်းကြွယ်မှ လွဲ၍ တစ်ခြားသူ မဖြစ်နိုင်တော့ပေ။သူက မူးမူး၊မမူးမူး
ညသန်းခေါင်လောက်ဆို ဤစွန်လွှတ်ကျရာ နေရာတွင် လာရောက် အော်ဟစ်တတ်မြဲပင်။ဒါက ပုံမှန်လိုပင် ဖြစ်နေသည်မို့ ရပ်ကွက်ထဲတွင် ကင်းစောင့်သည့် လူတစ်ချို့လည်း သူ့ကို အဖတ် မလုပ်ကြတော့ပေ။"မထွက်လာဘူးပေါ့...အဟတ်...ရတယ်လေ၊ဒါဆို ကိုယ်လည်း ဆက်မူးရတော့မှာပေါ့...အေ့..."
ESTÁS LEYENDO
မိမိထက် အသက် ၁၅ နှစ် ငယ်သော၊ ပထွေး၏ သားအား ပိုးပန်းခြင်း(Completed)
Romanceပုံကတော့ Pinterest ကပါ😁။Own creation လေးပါ။ ဖြေးဖြေးလေး up သွားမှာပါ။အရေးအသား မပြေမပြစ် ဖြစ်ခဲ့ရင် Lary ကိုသာ လာသတ်ကြပါ။ ဝါရင့် စာရေးဆရာကြီးတွေရဲ့ fic များနှင့် တိုက်ဆိုင်သွားပါက နားလည် ခွင့်လွှတ်ပေးကြပါရန် ကြိုတင် တောင်းပန်အပ်ပါသည်။Lary က စိတ်ကူးယ...