မနက်ဖြန်က အောင်စာရင်းထွက်မည့်နေ့မို့
အံ့ဘုန်းကြွယ်နှင့်အတူ မချိုကြည်က ဧည့်ခန်းထဲတွင် မအိပ်ဘဲ စောင့်ပေးနေလေသည်။"မချိုကြည် ဝတုတ်နဲ့ သွားအိပ်တော့လေ ကျွန်တော် တစ်ယောက်တည်း ဖြစ်ပါတယ်"
မချိုကြည်က မျက်နှာ မကောင်းစွာ သူ့ကို
ကြည့်လာလေသည်။ဒီလို အချိန်မျိုးက မိခင်နှင့်အတူ ရင်ခုန် စိတ်လှုပ်ရှား နေရမှာ မဟုတ်လား။သို့ပေမဲ့ အလုပ်တွင် အချိန်ပို ဆင်းရမည်ဟု ဆိုကာ အမေရော၊ပထွေးပါ အိမ် ပြန်မလာခဲ့ကြပေ။မချိုကြည်က သူပြောတာကို အဖက်မလုပ်တာမို့ သူလည်း သွား အိပ်ဖို့ ထပ်မပြောတော့ချေ။အချိန်တွေက စောင့်ရတာ အတော်လေး ကြာနေသလိုပင်။မနက် ၁ နာရီတွင် ဘော်ဒါမှ ဆရာတစ်ဉီးက ph ဆက်လာလေသည်။
မချိုကြည်က ph ထဲက အသံကို နားစွင့်နေသဖြင့် သူ စပီကာ ဖွင့်ပေးလိုက်သည်။"Hello ဆရာ"
ဆရာ့ရဲ့ ဝမ်းသာလုံး ဆို့နေတဲ့ အသံက အတိုင်းသား ထွက်ပေါ်လာလေသည်။
"တပည့်ကြီး အံ့ဘုန်းကြွယ်ရေ မင်းတော့ ငါးဘာသာ ဂုဏ်ထူး ပါတယ်ကွ"
ထို့နောက် ဆရာက တစ်ခြား တပည့်တွေကို ဆက်ရမှာ ဖြစ်သဖြင့် သူ့ကို ချီးမွမ်း စကား အနည်းငယ် ပြောကာ ph ချ သွားလေသည်။
မချိုကြည်ကတော့ ဝမ်းသာ မျက်ရည်များ ကျနေလေရဲ့။သူ မချိုကြည်ကို အနည်းငယ် နှစ်သိမ့်ပြီးတဲ့နောက် ဝတုတ်လေး အိပ်နေတဲ့ အခန်းထဲသို့ သွားလိုက်လေသည်။ခြေကားယား၊လက်ကားယားဖြင့် အိပ်နေတဲ့ ဝတုတ်လေးက ကလေးပီပီ ခြုံပေးထားတဲ့ စောင်တွေကိုတောင် ကန်ချ ထားလေသည်။
အံ့ဘုန်းကြွယ် ဝတုတ်ရဲ့ မျက်နှာ အနှံ့ကို မွှေးလိုက်ပြီးနောက် စောင်ကို ဝတုတ်နှင့် အတူ ခြုံလိုက်ကာ ဝတုတ်ရဲ့ အခန်းထဲမှာပဲ အိပ်ဖို့ ပြင်လိုက်လေသည်။မချိုကြည်ကတော့ ဒီအခန်းထဲကို ဝင်လာမည် မဟုတ်တော့။အဲဒီအစား
အိမ်အကူ ကောင်မလေးတွေနဲ့သာ သွား အိပ်ပေလိမ့်မည်။မချိုကြည်က ဝတုတ်လေးကို ထိန်းဖို့ သက်သက်သာ ငှားထားခြင်း ဖြစ်သည်။ထို့ပြင် အမေ့ဘက်က အမျိုးမကင်းသူ ဖြစ်သဖြင့် အတော်လေး စိတ်ချ ယုံကြည် ရလေသည်။
KAMU SEDANG MEMBACA
မိမိထက် အသက် ၁၅ နှစ် ငယ်သော၊ ပထွေး၏ သားအား ပိုးပန်းခြင်း(Completed)
Romansaပုံကတော့ Pinterest ကပါ😁။Own creation လေးပါ။ ဖြေးဖြေးလေး up သွားမှာပါ။အရေးအသား မပြေမပြစ် ဖြစ်ခဲ့ရင် Lary ကိုသာ လာသတ်ကြပါ။ ဝါရင့် စာရေးဆရာကြီးတွေရဲ့ fic များနှင့် တိုက်ဆိုင်သွားပါက နားလည် ခွင့်လွှတ်ပေးကြပါရန် ကြိုတင် တောင်းပန်အပ်ပါသည်။Lary က စိတ်ကူးယ...