Part 7 Unicode

3.8K 288 7
                                    

အံ့ဘုန်းကြွယ် တစ်ယောက် ရေပန်းကို ဖွင့်ချလိုက်ပြီးနောက် ရေချိုးခန်း နံရံကို မှီလိုက်လေသည်။ဒါက ရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်း တစ်ချို့နဲ့တောင် ဆင်တူနေသေးသည်။
သူက သက်ပြင်းမောတစ်ချက်ကို ဟင်းခနဲ ချလိုက်ပြီးနောက် ရေချိုခန်း၏ တစ်ဖက်တစ်ချက်ကို လှမ်းကြည့်လိုက်လေသည်။သူနဲ့ အံ့မှူးသစ်အောင်ရဲ့ အခန်းက ရေချိုးခန်း တစ်ခန်းသာ ခြားလေသည်။သူတို့နှစ်ယောက်ရဲ့ အခန်းကို ရေချိုးခန်းနဲ့ ဆက်ထားခြင်း ဖြစ်လေသည်။ရေချိုးခန်းကို နှစ်ယောက် အတူ သုံးရမှာ ဖြစ်သဖြင့် ယခု
ဒီရေချိုးခန်းထဲတွင် အံ့မှူးသစ်အောင်ရဲ့ အငွေ့အသက်တွေတောင် ရှိနေတယ်လို့ သူခံစား နေမိလေသည်။

"အခု ဝတုတ်လေးက ကျောင်းသွားလောက်ပြီပေါ့ ကိုကို ဘာလုပ်ရမလဲ ဝတုတ်ရယ် ..."

ထို့နောက် အံ့ဘုန်းကြွယ်က သူ့မျက်နှာကို လက်နှင့် ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်လေသည်။

~~~~~
အံ့ဘုန်းကြွယ် တစ်ယောက် ရေချိုးခြင်း အမှုကို ​ပြုပြီးတဲ့နောက် ရေချိုးခန်းထဲက ထွက်လာလိုက်လေသည်။

ဝေဟင်ထွန်းတင်က သူ့အတွက် အဝတ်အစား အဆင်သင့် ထုတ်ပေးထားလေသည်။သူ ဝေဟင်ထွန်းတင်ကို အလေးအနက် ကြည့်ကာ ပြောလိုက်လေသည်။

"ငါ ဝတုတ်ကို ငါ့အနားမှာပဲ ရှိစေချင်တယ် အဲဒီကလေးသာ ပျော်မယ်ဆိုရင်ပေါ့"

ဝေဟင်ထွန်းတင် မျက်နှာက သကာရည် ပက်ဖျန်းလိုက် ချိုပြုံးသွားလေသည်။ထို့နောက် သူက အိန္ဒြေမရစွာပင် မေးလာလေသည်။

"မင်းက တကယ်ကြီး သူ့ကို လိုက်တော့မယ်ပေါ့"

အံ့ဘုန်းကြွယ်က မဆိုင်းမတွပင် ပြတ်သားစွာ ပြန်ဖြေလေသည်။

"အင်း "

ဝေဟင်ထွန်းတင်က လက်သီး၊လက်မောင်း
တန်းကာ အော်ဟစ်ခုန်ပေါက် ပစ်လိုက်လေသည်။သူက သူ့သူငယ်ချင်းကြီးကို support ရမှာမို့ ဝမ်းသာ မဆုံး ဖြစ်နေလေသည်။

"ဆိုတော့... မင်းရဲ့ ညီကို လိုက်ဖို့အတွက် ငါကူညီရမလား"

အံ့ဘုန်းကြွယ်က ခေါင်းကို ခါလိုက်ကာ ငြင်းဆို လိုက်လေသည်။

မိမိထက် အသက် ၁၅ နှစ် ငယ်သော၊ ပထွေး၏ သားအား ပိုးပန်းခြင်း(Completed)Opowieści tętniące życiem. Odkryj je teraz