"မောင်လေး အံ့မှူး အိမ်ထဲမှာ ဧည့်ခန်းထဲမှာ
ဧည့်သည် ရောက်နေတယ်"အံ့မှူးသစ်အောင် ကျူရှင်က ပြန်ရောက်လာတဲ့ အခါ အိမ်ဝကနေ ဆီးကြို၍ ပြောလိုက် သော အိမ်အကူ အစ်မရဲ့ စကားကြောင့် သူ အံ့အားသင့်သွားရလေသည်။သူ နယ်ကို ရောက်နေတာ တစ်လကျော်နေပြီ
ဖြစ်သော်လည်း အခုအချိန် အထိ သူ့ကို လာတွေ့တဲ့ ဧည့်သည် ဆိုတာ မရှိသေးပေ။ထို့အပြင် မာမီကလည်း တစ်ခြား မြို့ကို ခရီးလွန်နေသဖြင့် အိမ်တွင် အိမ်အကူ လင်မယားနှင့်သာ နေရသောကြောင့် သူ့ဘဝကြီးက ခြောက်ကပ်လို့ နေလေ၏။အံ့မှူးသစ်အောင်က ဧည့်ခန်းထဲကို မရောက်ခင် အချိန်အထိ သူ့အစ်ကိုကြီးသာ ဖြစ်ပါစေ ဟု ဆုတောင်းနေခဲ့လေသည်။သို့ပေမဲ့ သူ့ ဆုတောင်းတွေ မပြည့်ခဲ့ပေ။သူရှေ့တွင် ရှိနေသူက သူတစ်ခါမှ မမြင်ဖူးခဲ့သော အမျိုးသား တစ်ယောက်ပင် ဖြစ်နေလေ၏။ထိုလူက အံ့မှူးသစ်အောင်ကို မြင်တဲ့အခါ မတ်တပ်ရပ်၍ နှုတ်ဆက်လေသည်။
"ဒီက မောင်ရင့် နာမည်က အံ့မှူးသစ်အောင် မဟုတ်လား တွေ့ရတာ ဝမ်းသာပါတယ်ကွာ
ဦးက မောင်ရင့် မိခင်ရဲ့ မန်နေဂျာ ဦးဝင်းတင်ပါ"အံ့မှူးသစ်အောင်က အေးတိအေးစက်ဖြင့် မေးလာလေသည်။
"မာမီရဲ့ မန်နေဂျာ"
ဦးဝင်းတင်က လက်ကာပြလိုက်ရင်း
"မဟုတ်သေးဘူး မောင်ရင် ဦးပြောတာက ဒေါ်သီသီဦး မဟုတ်ပါဘူး မောင်ရင်ရဲ့ မွေးမိခင် ဖြစ်တဲ့ ဒေါ်ဟေသီကို ပြောတာပါ"
အံ့မှူးသစ်အောင် တစ်ယောက် သူ့ခေါင်းပေါ်သို့ မိုးကြိုး ပစ်ချလိုက်သလို ခံစားလိုက်ရလေ၏။သူတောင် ဘယ်တုန်းကမှ သတိမရမိတဲ့ သူ့အစ်မေအရင်းက ဆက်သွယ်လာလေသည်။သူက ဦးဝင်းတင်၏ စကားကို တုံးတိကြီးပင် ပြန်လည် ချေပလိုက်လေ၏။
"ကျွန်တော် သူ့ကို မသိဘူး"
ဦးဝင်းတင်က နွေးနွေးထွေးထွေး ပြုံးပြလိုက်ရင်း အေးအေးဆေးဆေးပင် စကားဆက်ပြောလာလေ၏။
"ဒေါ်ဟေသီကတော့ မောင်ရင့်ကို အမြဲ စောင့်ကြည့်နေခဲ့တာပါ အခုလည်း သူ့ကျန်မားရေး အခြေအနေက တစ်နေ့တစ်ခြား ဆိုးရွားလာတယ်လေ ဒါကြောင့် မောင်ရင့်ကို သူ့အနားမှာ ရှိနေစေချင်တယ်ဆိုပြီး ပြောလာတယ်"
BẠN ĐANG ĐỌC
မိမိထက် အသက် ၁၅ နှစ် ငယ်သော၊ ပထွေး၏ သားအား ပိုးပန်းခြင်း(Completed)
Lãng mạnပုံကတော့ Pinterest ကပါ😁။Own creation လေးပါ။ ဖြေးဖြေးလေး up သွားမှာပါ။အရေးအသား မပြေမပြစ် ဖြစ်ခဲ့ရင် Lary ကိုသာ လာသတ်ကြပါ။ ဝါရင့် စာရေးဆရာကြီးတွေရဲ့ fic များနှင့် တိုက်ဆိုင်သွားပါက နားလည် ခွင့်လွှတ်ပေးကြပါရန် ကြိုတင် တောင်းပန်အပ်ပါသည်။Lary က စိတ်ကူးယ...