Part 16 Unicode

2.6K 206 13
                                    

"ကိုကို ကျွန်တော် ဒီမှာပဲ ကျောင်းဆက်တတ်လို့ ရမလားဟင်"

အံ့မှူးသစ်အောင်ရဲ့ အထူးအဆန်း စကားကြောင့် အံ့ဘုန်းကြွယ်ရဲ့ ပန်းသီး အခွံခွာနေတဲ့ လက်တို့က ရုတ်ချည်း ရပ်တန့်သွားလေသည်။ထို့နောက် သူ့ရဲ့ အဖြေကို စောင့်လင့်နေတဲ့ ညီငယ်လေးရဲ့ မျက်လုံးတို့နှင့်
အကြည့်ချင်း ဆုံလိုက်လေ၏။

"ဘာလို့ ဒီမှာ တတ်ချင်တာလဲ"

အံ့မှူးသစ်အောင်က သွားပေါ်သည် အထိ ပြုံးဖြီးပြလိုက်ရင်း သူ့ အစ်ကိုကြီးရဲ့ လက်တစ်ဖက်ကို ဆုပ်ကိုင်လိုက်လေသည်။ဒါက လိုချင်စရာ ရှိလို့ ချွဲနေတဲ့ ငါးနှစ်သားလေးနှင့်တောင် ဆင်တူနေလေ၏။

"ကိုကို ပိုစိတ်ချရအောင်လို့ပါ ဒီမှာက အပျော်အပါးတွေလည်း သိပ်မရှိတော့ ကျွန်တော် ကျောင်းတတ်ရင်း ပျက်စီးသွားမှာကိုလည်း ပူစရာ မလိုတော့ဘူးလေ ပြီးတော့..."

အံ့မှူးသစ်အောင်က စကားကို ခဏ ဖြတ်လိုက်ပြီးနောက် သူ့အစ်ကိုကြီးရဲ့ မျက်နှာကို အကဲခတ်လိုက်လေ၏။သူ့အစ်ကိုကြီးက သူ့ပြောမည့် စကားတွေကို အာရုံစိုက် နားထောင်နေတာကို တွေ့ရတဲ့ အခါ သူ့စကားကို ဆက်ပြောလေ၏။

"နွေးရိပ်ငယ်ငယ်လည်း မရှိဘူးလေ မဟုတ်ဘူးလား"

အံ့မှူးသစ်အောင်ရဲ့ လေယူလေသိမ်းတွေကို သေချာ ဂရုစိုက်နားထောင်နေတဲ့
အံ့ဘုန်းကြွယ်က ကြက်သီး တဖြန်းဖြန်း ထသွားရလေ၏။

'Oh! ဝတုတ်ရဲ့ စကားလုံးတွေက ဘာလို့များ ငါ့ကို ချော့မြူနေသလို ခံစားနေရတာလဲ'

အံ့ဘုန်းကြွယ်က ထိုကဲ့သို့ ရွှေဥာဏ်တော် စူးရောက်စွာ တွေးလိုက်ပြီးတဲ့နောက် ထပ်မံ၍ ကြက်သီး ထသွားရပြန်လေ၏။ ထို့နောက် သူက သူ့ရဲ့ အားနေတဲ့ လက်တစ်ဖက်နှင့် အခွံခွာထားတဲ့ ပန်းသီးတစ်စိတ်ကို လှမ်းယူကာ ညီငယ်လေးရဲ့ ပါးစပ်ထဲ ထည့်ပေးလိုက်လေ၏။

"ဝတုတ် ကြိုက်တဲ့ နေရာမှာ တတ်ပါ ကိုကို မတားပါဘူး ဒါပေမဲ့ တစ်ခုပဲ..."

အံ့ဘုန်းကြွယ်က စကားကို ရပ်တန့်လိုက်ပြီး အံ့မှူးသစ်အောင်ကို စူးစိုက်ကြည့်လိုက်လေ၏။အံ့မှူးသစ်အောင်က မျက်ခုံးတစ်ဖက်ကို ပင့်ပြကာ ဆက်ပြော ဟူသည့် သဘော
ဖြင့် မေးဆတ်ပြလေသည်။

မိမိထက် အသက် ၁၅ နှစ် ငယ်သော၊ ပထွေး၏ သားအား ပိုးပန်းခြင်း(Completed)Onde histórias criam vida. Descubra agora