Part 4 Unicode

5K 391 9
                                    

နာရီလက်တံတွေ အကြိမ်ဖန်များစွာ လည်ပတ်ပြီးတဲ့နောက် အံ့ဘုန်းကြွယ်ဟာ မြန်မာပြည်ကို ပြန်လည် ခြေချခွင့် ရခဲ့လေပြီ ဖြစ်သည်။သူက ဂျပန်နိုင်ငံမှာ ၁၃ နှစ် နီးပါး နေထိုင်ခဲ့ပြီး အောင်မြင်နေဆဲ ဖြစ်သော စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်တောင် ဖြစ်လို့ နေလေပြီ ဖြစ်သည်။ဒီ ၁၃ နှစ်က
ရုပ်ရှင်တွေထဲကလို ၁၃ နှစ်ခန့် ကြာသော် ဟု ဆိုကာ စာတန်းထိုးရုံနဲ့ ပြီးသွားတာမျိုး မဟုတ်ခဲ့ပေ။ခက်ခက်ခဲခဲ ကြိုးစား ရုန်းကန် ခဲ့ရခြင်းသာ။ကျရှုံးခဲ့တာတွေ အများအပြား ရှိခဲ့ပေမဲ့ စိတ်ဓာတ်မကျပဲ စီးပွားရေး လောကမှာ နေရာ တစ်နေရာ ရအောင် နေ့မအိပ်၊
ညမအိပ် ကြိုးစားခဲ့ရခြင်း ဖြစ်လေသည်။
သူ့ အသက် ၁၇ နှစ်မှာ မြန်မာပြည်က ထွက်လာခဲ့ရပြီး အခု အသက် ၃၀ မှာ ပြန်လည် ခြေချခွင့် ရခဲ့ခြင်း ဖြစ်လေသည်။

သူ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်တဲ့ အခါ ရင်တွေ အတော်လေးကို ခုန်နေလေသည်။အရင်က အမေ ပို့ပေးနေကျ ဖြစ်တဲ့ ဝတုတ်ရဲ့ အရွယ်ရောက်လာပုံ အဆင့်ဆင့်
ဓာတ်ပုံလေးများကို ကြည့်နေကျ ဖြစ်ပေမဲ့ အခုက အပြင်မှာ မြင်တွေ့ ရတော့မည် ဖြစ်လေသည်။သူ ဂျပန်မှာ ရှိနေစဥ်က အမေက တစ်နှစ်မှာ တစ်ခါတော့ သူ့ကို လာတွေ့ တတ်လေသည်။ဝတုတ်ကတော့ ကျောင်းတတ်နေရတာနဲ့ သူငယ်ချင်းတွေနဲ့ တစ်ခဏလေးတောင် မခွဲနိုင်ဘူး ဆိုသည့် အကြောင်းပြချက် များစွာဖြင့် ဂျပန်ကို တစ်ခါလေးတောင် မလိုက်လာဖူး ခဲ့ပေ။အခုတော့ ညီငယ်လေးက ၉ တန်း ကျောင်းသားကြီးတောင် ဖြစ်လို့ နေခဲ့လေပြီ ဖြစ်သည်။

အမေက သူ့ကို လေဆိပ်မှာ ကိုယ်တိုင် ကားမောင်းကာ လာကြိုလေသည်။အမေက အရွယ် တင်ကာ နုပျိုနေဆဲပင်။အမေ့ကို
ကြည့်ကာ သူ့ အတွေးတွေက ကျန်ခဲ့တဲ့ ၁၃ နှစ်ကို ပြန်လည် ရောက်ရှိ သွားလေသည်။သူ ဂျပန်ကို သွားမည့်နေ့က အမေကိုယ်တိုင်ပဲ ကားမောင်းကာ လေဆိပ်ကို ပို့ပေးခဲ့ခြင်း ဖြစ်လေသည်။
သူ မှတ်မိပါသေးသည်။အဲဒီနေ့က ဝတုတ်က သူ့နောက်ကျောကနေ အာခေါင်ခြစ်ကာ အော်ငို ခဲ့တာလေးကို။ဒီကလေးလေးက သူ ထွက်သွားမှာကို သိနေသည့် အလား။

ကားမောင်းနေတဲ့ အမေ့ဘက်ကို လှည့်ကာ
'ဝတုတ်လေး ဘာလို့ လိုက်မလာတာလဲ'
ဟု မေးချင်ခဲ့ပေမဲ့  ကားနောက်ခန်းမှာ ပါလာတဲ့ သူငယ်ချင်း တစ်ဖြစ်လည်း သူ့ရဲ့ အတွင်းရေးမှူး ဖြစ်သူ ဝေဟင်ထွန်းတင်ရဲ့
'မောင်သဲသဲကဲ ' ဟု ခေါ်ကာ စ နောက် နေမည်ကို မလိုလားသဖြင့် ဆန္ဒတွေကို မြိုသိပ် လိုက်ရလေတော့သည်။

မိမိထက် အသက် ၁၅ နှစ် ငယ်သော၊ ပထွေး၏ သားအား ပိုးပန်းခြင်း(Completed)Tempat cerita menjadi hidup. Temukan sekarang