"ဟဲ့ အံ့မှူး နင် ပြောတော့ အလုပ် မဆင်းတော့ဘူးဆို အခုက လာစားတာ သက်သက်ပဲလား"
နွေးရိပ်ငယ်ငယ်က menu လာချပေးရင်း
အံ့မှူးသစ်အောင်ကို ပြောလိုက်လေသည်။
အံ့မှူးသစ်အောင်က အံ့ဘုန်းကြွယ်၏ လက်ကို ဆုပ်ကိုင်ကာ မြှောက်ပြလိုက်ရင်း"လာ date တာ"
နွေးရိပ်ငယ်ငယ်က သူ့ရင်ဘက် သူဖိလိုက်ရင်း အံ့သြဟန်နှင့်
"ဟေး တကယ်ကြီးလား၊oh! ငါ့ အသည်းတွေ ကွဲပါပြီဟယ်၊လုပ်ရက်လိုက်ကြတာ"
သူမက ထိုကဲ့သို့သော စကားမျိုးကို
ရယ်ကျဲကျဲနှင့် ပြောင်နောက်ကာ ပြောလိုက်လေသည်။သူမရဲ့ မထင်မှတ်ထားတဲ့ အမူအရာနဲ့ အပြောလေးကြောင့်
အံ့ဘုန်းကြွယ်ရော၊အံ့မှူးသစ်အောင်ပါ လိုက်ရယ်လိုက်ကြလေ၏။ထို့နောက် မှာစရာရှိသည်များ မှာလိုက်ကြလေတော့သည်။နွေးရိပ်ငယ်ငယ်က coffee နှင့် cake တစ်ချို့ကို ကိုယ်တိုင်ကိုယ်ကျ လာပို့ပေးလေသည်။
ထို့နောက် သူမက အံ့ဘုန်းကြွယ်ကို ရည်ရွယ်ကာ ပြောလိုက်လေ၏။"ကိုကြီးအံ့ဘုန်း၊အငယ် အရင်က ပြုမူခဲ့တဲ့ အပြုအမူတွေ အတွက် အငယ့်ကို ခွင့်လွှတ်ပါ၊အငယ် တော်တော်လေး ရိုင်းခဲ့မိတယ်၊ဥပမာ ပြောရရင် ကိုကြီး ကွယ်ရာမှာ
နွားအိုကြီးလို့ ခေါ်ခဲ့တာမျိုးပေါ့၊ဟီး...အဲဒီတုန်းက အငယ် စဥ်းစား ဆင်ခြင်နိုင်စွမ်း မရှိသေးလို့ပါ"အံ့ဘုန်းကြွယ်က အေးချမ်းစွာ ပြုံးလိုက်ပြီးနောက်
"ရတယ် ညီမလေး၊အစ်ကို ခွင့်လွှတ်ပါတယ်၊တကယ်တော့ အစ်ကိုလည်း ညီမလေးကို အမြင်စောင်းခဲ့တာပဲ၊ဘဲစားဘဲချေပေါ့ ဟုတ်ပြီလား"
နွေးရိပ်ငယ်ငယ်က အခုလို ပြေလည်သွားတဲ့ ဆက်ဆံရေး အပေါ် အကျေနပ်ကြီး ကျေနပ်သွားလေတော့သည်။
"အဟင်း... အဆင်ပြေသွားတာ ကျွန်တော်လည်း မသိရပါလား ကိုကြီးအံ့ဘုန်း၊
ဟေ့ကောင် အံ့မှူး မင်းရောပဲ၊အသည်းကွဲပြီး လဒမှိုင် မှိုင်နေတဲ့ အချိန်ကကျ ငါ့ကို အရင်ဆုံး ပြောတာနော်၊အခုကျတော့"ဘဲနှုတ်ခမ်းနှင့် အပြစ်တင် စကားဆိုကာ ရောက်လာသူကတော့ ပိုင်သုခသော်ပင်တည်း။အံ့မှူးသစ်အောင်က သူငယ်ချင်း
ဖြစ်သူရဲ့ အပြစ်တင် စကားကြောင့် ရယ်ချင်စိတ်ကို ထိန်းလိုက်ရင်း
YOU ARE READING
မိမိထက် အသက် ၁၅ နှစ် ငယ်သော၊ ပထွေး၏ သားအား ပိုးပန်းခြင်း(Completed)
Romanceပုံကတော့ Pinterest ကပါ😁။Own creation လေးပါ။ ဖြေးဖြေးလေး up သွားမှာပါ။အရေးအသား မပြေမပြစ် ဖြစ်ခဲ့ရင် Lary ကိုသာ လာသတ်ကြပါ။ ဝါရင့် စာရေးဆရာကြီးတွေရဲ့ fic များနှင့် တိုက်ဆိုင်သွားပါက နားလည် ခွင့်လွှတ်ပေးကြပါရန် ကြိုတင် တောင်းပန်အပ်ပါသည်။Lary က စိတ်ကူးယ...