"ကိုကို ကျွန်တော့်ကို ဒါလေး ရှင်းပြပါဉီး"
အံ့မှူးသစ်အောင်ရဲ့ အသံကို ကြားသောကြောင့် ပိုင်သုခသော် တစ်ယောက် သင်္ချာ တွက်နေရာမှ ခေါင်းထောင်ကာ လှမ်းကြည့်လိုက်လေသည်။အံ့မှူးသစ်အောင် ရှင်းပြခိုင်းသော ပုစ္ဆာမှာ အရင်လက အစမ်း စာမေးပွဲမှာ ဖြေခဲ့ရသော ပုစ္ဆာပင် ဖြစ်နေလေသည်။
ပိုင်သုခသော်မှာ ထိုအကြောင်းနှင့် ဆက်စပ်၍ အံ့မှူးသစ်အောင် အပေါ် မေးခွန်း ထုတ်ချင်စိတ်တွေဟာ ထိန်းမနိုင်၊သိမ်းမရစွာ ဖြစ်ပေါ်နေလေသည်။သူတို့ သင်ခန်းစာတွေ အားလုံး ပြီးပြတ်သွားတဲ့ အချိန်မှာ အံ့ဘုန်းကြွယ် တစ်ယောက် အလုပ်ကိစ္စအတွက် zoom meeting ထိုင်စရာရှိသည် ဖြစ်သောကြောင့် အပေါ်ထပ်က သူ့အခန်းဆီသို့ ဝေဟင်ထွန်းတင် နှင့်အတူ ပြန်သွားလေတော့သည်။
"အံ့မှူး မင်း ခုန နားမလည်တဲ့ ပုစ္ဆာက အရင်လက အစမ်း စာမေးပွဲမှာ မေးသွားတဲ့ ပုစ္ဆာ မဟုတ်လား"
အံမှူးသစ်အောင်က ပိုင်သုခသော်ရဲ့ အမေးကို စာအုပ် စီတာတောင် မရပ်ဘဲ ဖြေလိုက်လေသည်။
"အင်း ဟုတ်တယ်လေ"
ပိုင်သုခသော်က တရားခံကို စစ်မေးနေသလို မျက်နှာမျိုးနဲ့ အံ့မှူးသစ်အောင်ကို စူးစိုက်
ကြည့်ကာ ထပ်မံ၍ မေးလေပြန်သည်။"မင်း အဲဒီတုန်းက သင်္ချာ အမှတ်ပြည့် ရခဲ့တာ မဟုတ်လား"
ဒီတစ်ခါတွင်တော့ အံ့မှူးသစ်အောင်က
ပိုင်သုခသော်ရဲ့ မျက်နှာကို သေချာ
ပြန်ကြည့်ကာ ဖြေလေတော့၏။"ဟုတ်တယ်လေ ဘာကို အထူးအဆန်း ဖြစ်နေတာလဲ "
ပိုင်သုခသော်က မျက်မှောင်ကြုတ်လိုက်ရင်း ထပ်မံ၍ မေးခွန်း ထုတ်ပြန်လေသည်။
"အဲဒါကို ဘာလို့များ မင်းက ထပ်တလဲလဲ ရှင်းပြခိုင်းနေရတာလဲ "
အံ့မှူးသစ်အောင်က ကြည်ကြည်နူးနူး ပြုံးလိုက်ရင်း ဖြေလာလေသည်။
"ငါ မေ့သွားလို့"
ပိုင်သုခသော်က ဟွန့်ခနဲ နှာမှုတ်လိုက်ရင်း
အံ့မှူးသစ်အောင်ရဲ့ ပြုံးဖြီးနေတဲ့ မျက်နှာကြီးကို လျစ်လျူရှုလိုက်ကာ စာအုပ်တွေကို ကျောပိုးအိတ်ထဲ ကောက်ထည့် လိုက်လေသည်။သူက ဒီအိမ်တွင် တစ်စက္ကန့်တောင် ဆက်မနေချင်တော့ပေ။အကြောင်းကတော့ အချို သိပ်မကြိုက်တဲ့ သူ့အတွက် အံ့မှူးသစ်အောင်ရဲ့ ချိုရဲနေတဲ့ မျက်နှာကြီးက ရေ အတော်လေး ငတ်စေလေသည်။
YOU ARE READING
မိမိထက် အသက် ၁၅ နှစ် ငယ်သော၊ ပထွေး၏ သားအား ပိုးပန်းခြင်း(Completed)
Romanceပုံကတော့ Pinterest ကပါ😁။Own creation လေးပါ။ ဖြေးဖြေးလေး up သွားမှာပါ။အရေးအသား မပြေမပြစ် ဖြစ်ခဲ့ရင် Lary ကိုသာ လာသတ်ကြပါ။ ဝါရင့် စာရေးဆရာကြီးတွေရဲ့ fic များနှင့် တိုက်ဆိုင်သွားပါက နားလည် ခွင့်လွှတ်ပေးကြပါရန် ကြိုတင် တောင်းပန်အပ်ပါသည်။Lary က စိတ်ကူးယ...