Part 17 Unicode

2.6K 190 12
                                    

"သားငယ်လေး ဒီမှာ ကိုကိုနဲ့ ပြောလိုက်ဦး"

အခန်းထဲမှာ စာကျက်နေတဲ့ အံမှူးသစ်အောင် လက်ထဲသို့ ဒေါ်သီသီဦးက laptop ကို ထည့်ပေးခဲ့ကာ အခန်းအပြင်သို့ ပြန်ထွက်သွားလေသည်။ခါတိုင်း နေ့တွေမှာ မအားသေးဘူး ဟု ဆိုကာ သူ့အစ်ကိုကြီးကို ရှောင်နေမြဲပင်။အမှန်က သူ စကားမပြောချင်လို့ မဟုတ်ဘဲ သူ့ကို မမြင်ရလျှင် သူ့အစ်ကိုကြီးများ မြန်မာပြည် အမြန် ပြန်လာပြီး လာတွေ့လေမလား ဟူသော သဘောဖြင့် ရှောင်နေခဲ့ခြင်း ဖြစ်လေသည်။သို့ပေမဲ့ မှန်းချက်နှင့် နှမ်းထွက် မကိုက်ခဲ့ပေ။

နှစ်ဝက်ပင် ကျော်နေခဲ့ပြီ ဖြစ်သော်လည်း သူ့အစ်ကိုကြီး၏ အရိပ်အယောင်တောင် မမြင်ခဲ့ရပေ။အတွင်းရေးမှူးဖြစ်တဲ့ ဝေဟင်ထွန်းတင်သာ မကြာခဏ ပြန်လာတတ်လေသည်။ပြန်လာတိုင်းလည်း သူ့အတွက်
သူ့အစ်ကိုကြီးက စာတစ်စောင် ထည့်ပေးတတ်မြဲပင်။သူက ကျောင်းစာကိုသာ ဦးစားပေး နေရခြင်း ဖြစ်၍ သူ့တွင် ကိုယ်ပိုင်
ဖုန်း မရှိသေးသောကြောင့် စာထည့်ပေးရခြင်း ဖြစ်လေသည်။ထိုစာထဲတွင် သူ့ကို ဘယ်လောက် လွမ်းနေကြောင်း ဖွဲ့နွဲ့ရေးတတ်မြဲပင်။သူ့ဘက်ကတော့ ဘယ်တော့မှ စာမပြန်ခဲ့ပေ။သူ့ရဲ့ အလွမ်းတွေက စာရွက်ဖြူပေါ်  ချရေးရုံမျှနှင့် မလုံလောက်သောကြောင့် ဖြစ်သည်။သူက အစ်ကိုကြီးကို လူကိုယ်တိုင်သာ ပြေး၍ ပွေ့ဖက်ပစ်ချင်မိလေ၏။အစ်ကိုကြီးကတော့ သိမှာ သိပါလေစ။

အံ့မှူးသစ်အောင်က လက်ထဲက laptop ကို စာကြည့်စားပွဲပေါ်  တင်လိုက်လေသည်။
laptop မျက်နှာပြင်မှာ ပေါ်နေတဲ့ သူ့ရဲ့ အစ်ကိုကြီးက အရင်ကထက်တောင် ပို၍
ကြည့်ကောင်း နေလေ၏။အချိန် မည်မျှတောင် ကြာသွားသည် မသိပေ။နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်
စိုက်ကြည့်နေမိလေသည်။အံ့မှူးသစ်အောင် ထံတွင် ပြောစရာ စကား ရှိမနေခဲ့။သူက အစ်ကိုကြီးကို ပွေ့ဖက်ကာ နီးနီးကပ်ကပ် အတူ ရှိနေချိန်မှ စကားတွေ အများကြီး ပြောချင်တာ ဖြစ်လေသည်။နောက်ဆုံးမှာ သူ့အစ်ကိုကြီးကသာ စကားစ ပြောလာခဲ့လေသည်။

"ကိုကို့ ဝတုတ်လေး ပြောင်းလဲသွားပြီပဲ"

သူက သူ့အစ်ကိုကြီးရဲ့ စကားကို ပြန်လည်ချေပလိုက်လေသည်။

မိမိထက် အသက် ၁၅ နှစ် ငယ်သော၊ ပထွေး၏ သားအား ပိုးပန်းခြင်း(Completed)Where stories live. Discover now