Part 20 Zawgyi

1K 40 0
                                    

"ဟေး ထတော့လေ အလုပ် မသွားဘူးလား"

ညလုံးပေါက် အိပ်မပျော်ဘဲ မိုးလင်းမှ အိပ်ပျော်သွား​သောကြောင့် အံ့မှူးသစ်အောင် တစ်ယောက် အသံကြားပေမဲ့လည်း မျက်လုံးတွေက မပွင့်ချင်သေးပေ။

"ဟေး အရိုင်းတုံးလေး ထပါတော့ဆို"

ထိုစကားသံ အဆုံးမှာ သူ့နဖူးလည်း နွေးခနဲ ဖြစ်သွားရလေသည်။ဒီတစ်ခါတွင်တော့ မျက်လုံး အစုံက တစ်ဖက်လူရဲ့ အမိန့်ကို နာခံစွာ ပွင့်ဟလာခဲ့လေ၏။

မျက်လုံး ဖွင့်ဖွင့်ချင်း မြင်လိုက်ရတာက သူ့ရဲ့ အစ်ကိုကြီး ဖြစ်လို့ နေလေသည်။
သူ အထူးအဆန်းတော့ မဖြစ်မိပါ။အခုလို သူ့ အခန်းထဲကို ဝင်ချင်တိုင်း ဝင်၊ထွက်ချင်တိုင်း ထွက်နေတာဆိုလို့ သူ့ အစ်ကိုကြီးမှ လွဲ၍ တစ်ခြားသူ မရှိနိုင်ပေ။သို့ပေမဲ့ သူ့နဖူးကို နမ်းလိုက်တာ အတွက်တော့ ဟန်ဆောင်ပန်ဆောင် စိတ်ဆိုးပြရပေဉီးမည်။

အံ့မှူးသစ်အောင်က အနမ်းခံထားရတဲ့ နဖူးကို လက်နှင့် ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်ရင်း
ခုတင်ဘေးတွင် မတ်တပ်ရပ်ကာ သူ့ကို ပြုံးပြီး ကြည့်နေသည့် အံ့ဘုန်းကြွယ်ကို
ပေစောင်၍ ကြည့်လိုက်လေသည်။

"ဘယ်သူ့ ခွင့်ပြုချက်နဲ့ ဒီအခန်းထဲ ဝင်လာတာလဲ"

အံ့ဘုန်းကြွယ်က ညီငယ်လေးရဲ့ ခေါင်းကို ကိုင်ကာ သူ့ ခါးကို အနည်းငယ် ကိုင်းလိုက်
ရင်း

"ကိုယ့်ကောင်လေး အခန်းကို လာတာပဲ
ဘယ်သူ့ ခွင့်ပြုချက် လိုလို့လဲ ဟမ်"

အံ့မှူးသစ်အောင်က သူ့ခေါင်းကို ကိုင်ထားတဲ့ အံ့ဘုန်းကြွယ်လက်ကို ဖယ်ချလိုက်ရင်း

"ဘယ်သူက ခင်ဗျား ကောင်လေးလဲ...ကျစ် ခင်ဗျား ဘာလာ လုပ်တာလဲဗျာ"

အံ့ဘုန်းကြွယ်က ပြီတီတီ အပြုံးကြီးနှင့်

"အလုပ်သွားဖို့လေ ပြီးတော့ ကိုယ် လိုက်ခဲ့ချင်လို့"

အံ့မှူးသစ်အောင်က စိတ် အလိုမကျစွာ မျက်မှောင်ကြုတ်လိုက်ရင်း

"ခင်ဗျား အားနေတာလား၊အလုပ်မရှိဘူးလား"

အံ့ဘုန်းကြွယ်က ခေါင်းတဆတ်ဆတ် ညိတ်ပြပြီးနောက်

မိမိထက် အသက် ၁၅ နှစ် ငယ်သော၊ ပထွေး၏ သားအား ပိုးပန်းခြင်း(Completed)Donde viven las historias. Descúbrelo ahora