"ကိုကို အံ့ဘုန်း"
ကျောင်းပေါက်ဝမှာ မတ်တပ်ရပ်နေတဲ့ အံ့ဘုန်းကြွယ် ရှိရာသို့ အံ့မှူးသစ်အောင်နဲ့
ပိုင်သုခသော်တို့ နှစ်ယောက်လုံး အပြေးသွားကြလေသည်။"ကိုကို သားကို လာကြိုတာလားဟင်"
အံ့ဘုန်းကြွယ်က အံ့မှူးသစ်အောင်ရဲ့ ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်လိုက်ရင်း
"ဒါပေါ့ လာ ကိုကို ဟိုဘက်နားမှာ ကားကို ရပ်ထားတာ လမ်းလျှောက်သွားရအောင်"
ပိုင်သုခသော်က အံ့ဘုန်းကြွယ်နဲ့ အံ့မှူးသစ်အောင်တို့ နှစ်ယောက်ကြားကို ဖြတ်ဝင်လိုက်ရင်း
"ကိုကြီး သားလည်း လိုက်မှာနော်"
အံ့ဘုန်းကြွယ်က ခေါင်းငြိမ့်ပြလိုက်ရင်း
"လိုက်ခဲ့လေ ဒါနဲ့ မင်းတို့နှစ်ယောက်က ကြီးကောင် ကြီးမားနဲ့ သား သားလို့ မပြောစမ်းပါနဲ့လား နားထဲမှာ ကြားရတာ ကန့်လန့်ကြီး"
အံ့မှူးသစ်အောင်က သူ့လက်ထဲက လွယ်အိတ်ကို အံ့ဘုန်းကြွယ် လက်ထဲကို
ထည့်ပေးလိုက်ရင်း"ဒါဆို ဘယ်လို ပြောရမှာလဲ ကိုကို"
အံ့ဘုန်းကြွယ်က အံ့မှူးသစ်အောင်ကို ကြည်ကြည်နူးနူး ပြုံးပြလိုက်ရင်း
"ကျွန်တော်လို့ပဲ ပြောလေကွာ ဟုတ်ပြီလား"
အံ့ဘုန်းကြွယ်က သူပြောချင်တာ ပြောပြီးတဲ့နောက် ရှေ့ကနေ အရင် လျှောက်သွားလေတော့သည်။
အံ့မှူးသစ်အောင်ရဲ့ ပခုံးကို ပိုင်သုခသော်က
ခပ်ဖွဖွ တိုက်လိုက်ရင်း ခပ်တိုးတိုး ပြောလာလေသည်။"ဟေး အံ့မှူး မင်း အစ်ကိုကြီးက ဒီနေ့ ကြက်သီး နည်းနည်း ထ စရာ ကောင်းမနေဘူးလား"
အံ့မှူးသစ်အောင်က ပိုင်သုခသော်ရဲ့ စကားကိုပင် ပြန်မချေပ နေတော့ဘဲ အံ့ဘုန်းကြွယ် နောက်ကို ခပ်သွက်သွက် လျှောက်ကာ လိုက်သွားလေတော့သည်။
~~~~~~~
ကားထဲတွင် ဝေဟင်ထွန်းတင်က ကားဒရိုင်ဘာနဲ့အတူ ကားရှေ့ခန်းတွင် ထိုင်ရပြီး ကားနောက်ခန်းတွင်တော့ ကလေးနှစ်ယောက်နှင့်အတူ အံ့ဘုန်းကြွယ်က ထိုင်ရလေသည်။
အံ့မှူးသစ်အောင်က ပိုင်သုခသော်နှင့် အံ့ဘုန်းကြွယ်တို့ နှစ်ယောက် အလယ်တွင် ထိုင်ကာ အံ့ဘုန်းကြွယ် ပုခုံးကိုပင် ခေါင်းမှီ ထားလေသည်။ပိုင်သုခသော်ကိုပင် မျက်စိတစ်ဖက် မှိတ်ပြကာ လျှာထုတ် ပြနေလိုက်သေးသည်။
YOU ARE READING
မိမိထက် အသက် ၁၅ နှစ် ငယ်သော၊ ပထွေး၏ သားအား ပိုးပန်းခြင်း(Completed)
Romanceပုံကတော့ Pinterest ကပါ😁။Own creation လေးပါ။ ဖြေးဖြေးလေး up သွားမှာပါ။အရေးအသား မပြေမပြစ် ဖြစ်ခဲ့ရင် Lary ကိုသာ လာသတ်ကြပါ။ ဝါရင့် စာရေးဆရာကြီးတွေရဲ့ fic များနှင့် တိုက်ဆိုင်သွားပါက နားလည် ခွင့်လွှတ်ပေးကြပါရန် ကြိုတင် တောင်းပန်အပ်ပါသည်။Lary က စိတ်ကူးယ...