Part 12 Unicode

2.7K 219 26
                                    

"ကဲ နှစ်ယောက်လုံး သေချာ ဖြေခဲ့ကြနော်
နောက်ဆုံးနေ့ပဲ ဆိုပြီး မပေါ့ကြနဲ့ ကိုကိုအလုပ်ကို ခဏသွားပြီးတာနဲ့ ကျောင်းရှေ့မှာပဲ ပြန်လာပြီး စောင့်နေမယ် ဟုတ်ပြီလား"

ကျောင်းသား အနည်းစုက စာမေးပွဲ နောက်ဆုံးနေ့တွေမှာ အပျော်လွန်ပြီး စာကို လက်လွတ်စပယ် ဖြေတတ်ကြသဖြင့်
အံ့ဘုန်းကြွယ် တစ်ယောက် အံ့မှူးသစ်အောင်နှင့် ပိုင်သုခသော်တို့ကို ဂရုတစိုက် မှာနေရခြင်း ဖြစ်လေသည်။၉တန်း ကျောင်းသားဆိုပေမဲ့လည်း နောက်သုံးလ ကြာရင်ပဲ  ၁၀တန်းတတ်ရမဲ့ သူတွေ ဖြစ်တာကြောင့် စနစ်တကျ
စာဖြေတတ်ရန် သူက သင်ပေးနေရခြင်း ဖြစ်လေ၏။

ပိုင်သုခသော်က ခေါင်းငြိမ့်ပြကာ လက်နှစ်ဖက်ကို ပိုက်လိုက်ရင်း

"မပူပါနဲ့ ဆရာ ဒီတပည့်က အကောင်းဆုံး ကြိုးစားခဲ့ပါမယ် ဆရာ့ မျက်နှာ မပျက်စေရပါဘူး ခုတော့ သွားခွင့်ပြုပါဦး စာမေးပွဲ အခန်းထဲ ဝင်ရပါတော့မယ် ခင်ဗျ"

ပိုင်သုခသော်ရဲ့ ပြောင်စပ်စပ် စကားကြောင့် အံ့ဘုန်းကြွယ် ပြုံးမိသွားလေသည်။အနာဂတ်မှာ ဒီလူနောက်လေးက နာမည်ကြီး လူရွှင်တော် တစ်ယောက် ဖြစ်လာနိုင်သည် ဟုတောင် သူ့ စိတ်ထဲတွင် မှတ်ချက်ပေးလိုက်လေ၏။

"ဟုတ်ပြီ သွားကြတော့ "

ပိုင်သုခသော်က အံ့ဘုန်းကြွယ်ကို တာ့တာ ပြကာ ကျောင်းထဲသို့ ဝင်သွားလေတော့သည်။အံ့မှူးသစ်အောင်ကတော့ မတ်တပ် ရပ်နေရာမှ လှုပ်တောင် မလှုပ်သေးပေ။အံ့ဘုန်းကြွယ် တစ်ယောက် အလိုမကျစွာ  မျက်ခုံးတို့ တွန့်ချိုးသွားရလေသည်။

"ဝတုတ် စားမေးပွဲ ဖြေရတော့မှာလေ ကျောင်းထဲဝင်တော့"

အံ့မှူးသစ်အောင်က စကားပင် ပြန်မပြောဘဲ သူ့နဖူးကို အံ့ဘုန်းကြွယ် နှာခေါင်းနားသို့ တိုးကပ်ပေးလေသည်။

"ကျွန်တော့်ကို နမ်းပါဦး "

အံ့ဘုန်းကြွယ် တစ်ယောက် ခြေထောက်ပင် မခိုင်ချင်သလို ဖြစ်သွားရလေသည်။သူကြိတ်ပိုးနေတဲ့ ညီငယ်လေးက လူမြင်ကွင်းမှာ သူ့ကို နမ်းခိုင်းနေတာက သူ့ရဲ့ သမာဓိကို စော်ကားလိုက်ခြင်းပင် ဖြစ်သည်။
ဘာပဲ ဖြစ်ဖြစ် ဒါကလည်း သူ့အတွက် ရှားပါး အခွင့်အရေး ဖြစ်နေတာကြောင့် ညီငယ်လေး နဖူးကို အလိုက်တသိပင် ပြန်နမ်းပေးလိုက်လေသည်။ဒီရက်တွေမှာ ညီငယ်လေးက ညသန်းခေါင်ကျော်သည် အထိ စာလုပ်တာ ဖြစ်သောကြောင့် သူ့မှာ ခိုးနမ်းဖို့ အခွင့်အရေး မရခဲ့ပေ။အံ့ဘုန်းကြွယ်သည် အခွင့်အရေးကို အဆုံးရှုံးခံမည့် လူတော့ အဖြစ်ခံမည် မဟုတ်ပေ။သူက အခွင့်အရေး မှန်သမျှ အကုန်ယူမည့်သူ ဖြစ်လေသည်။

မိမိထက် အသက် ၁၅ နှစ် ငယ်သော၊ ပထွေး၏ သားအား ပိုးပန်းခြင်း(Completed)Donde viven las historias. Descúbrelo ahora