ပိုင်သုခသော်က ယနေ့တွင် အလုပ်နားသဖြင့်
အံ့မှူးသစ်အောင် တစ်ယောက်တည်း
ဆိုင်ကယ်ဂိတ်သို့ ဆိုင်ကယ် ယူရန် ထွက်လာခဲ့လေသည်။သူ့ နောက်ကနေ အံ့ဘုန်းကြွယ်က အားကစား ဝတ်စုံကြီး ဝတ်ကာ လိုက်ပါလာတာကို သိသော်လည်း အဖက်ပင် မလုပ်နေဘဲ မသိကျိုးကျွန် ပြုထားလိုက်လေ၏။သို့ပေမဲ့ သူ့ရဲ့ အစ်ကိုကြီးဟာ အားကစားဝတ်စုံနှင့်တောင် အင်မတန်ကို ကြည့်ကောင်းနေတာကိုတော့ ငြင်းနိုင်ဖွယ်ရာ မရှိပေ။
တစ်ချက်တစ်လေ မသိမသာ နောက်လှည့်ကြည့်လိုက်တဲ့ အခါတိုင်း သူ့အစ်ကိုကြီးက သူ့ကို မျက်ခုံးတစ်ဖက်ပင် ပင့်ပြတတ်သေးသည်။သူကလည်း ပြန်ချေပသည့် အနေနှင့် မျက်ဖြူလှန်ပြရန်ပင် မမေ့ပေ။ဆိုင်ကယ်ဂိတ်သို့ ရောက်သောအခါ
သူ့ ဆိုင်ကယ်ကို အရင်ယူလိုက်ပြီးနောက်
အချိန်ပိုင်း အလုပ်ရှိရာ coffee ဆိုင်သို့ သွားရန် ဆိုင်ကယ်ကို စက်နှိုးလိုက်လေသည်။
ထို့နောက် တစ်စုံတစ်ယောက်ရဲ့ ကိုယ်ငွေ့ နွေးနွေးလေးကြောင့် သူ့ကျောပြင် တစ်ခုလုံး
တောင့်မတ်သွားရလေသည်။သူ့ရဲ့ အစ်ကိုကြီးက သူ့ ဆိုင်ကယ် အပေါ်သို့ တတ်ခွ ထိုင်ပြီးပြီ ဖြစ်လေ၏။"ကျစ်် ခင်ဗျား ဘာလုပ်တာလဲ"
အံ့မှူးသစ်အောင်က စိတ်မရှည်နိုင်စွာ ခေါင်းငဲ့ကြည့်၍ စုတ်တစ်ချက် သပ်လိုက်ရင်း မေးလေ၏။အံ့ဘုန်းကြွယ် လျှာတစ်လစ် ထုတ်ပြလိုက်ပြီးနောက် အံမှူးသစ်အောင် ခေါင်းကို ကိုင်ကာ အရှေ့သို့ လက်နှင့် ပြန်တည့်ပေးလိုက်ရင်း
"ဆိုင်ကယ် ငှားတာပါ ခင်ဗျ"
သူ နှင်ထုတ်လည်း သူ့အစ်ကိုကြီးဟာ ဆိုင်ကယ်ပေါ်က ပြန်ဆင်းမှာ မဟုတ်မှန်း သိနေသောကြောင့် လျစ်လျူရှုလိုက်ကာ
ဆိုင်ကယ်ကို coffee ဆိုင်ရှိရာ ဘက်သို့ တရကြမ်း မောင်းထွက်လိုက်လေသည်။ခါးကို ဖက်တွယ်လာတဲ့ လက်တစ်စုံကြောင့်
အံ့မှူးသစ်အောင်ရဲ့ ရင်အစုံက ပြုတ်ထွက်လုမတတ် ခုန်လှုပ်ခြင်းကို ခံစားသွားရလေ၏။သူ စိတ်မရှည်ဟန်ဖြင့်
ကျောနောက်မှ အစ်ကိုကြီးကို အော်ငေါက်လိုက်လေသည်။"ခင်ဗျား ထပ်လှုပ်ရင် ဆိုင်ကယ်ပေါ်က ပစ်ချခဲ့မှာနော်"
ညီငယ်လေးက ထပ်လှုပ်ရင် ပစ်ချမယ် လို့ ပြောတာဖြစ်ပြီး၊သူ့ကို မဖက်နဲ့လို့ ပြောတာ မဟုတ်သောကြောင့် အံ့ဘုန်းကြွယ်က
အကျေနပ်ကြီး ကျေနပ်သွားလေသည်။ဒါက ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်း တစ်ချို့နှင့်တောင် ဆင်တူ နေလေ၏။သို့ပေမဲ့ ညီငယ်လေးက ကိုယ်တိုင်ကိုယ်ကျ လက်ကို ဆွဲကာ ခါးကို ဖက်ခိုင်းခြင်း မဟုတ် သူ့ဘက်ကသာ ကွန့်၍ ဖက်လိုက်ခြင်း ဖြစ်လေသည်။တကယ်က ညီငယ်လေးကို ဖက်ချင်နေသည်ထက်
ဆိုင်ကယ်ပေါ်မှ ပြုတ်ကျမှာ စိုးသောကြောင့် ဖက်လိုက်ခြင်းပေတည်း။ညီငယ်လေး၏ နှုတ်ဖျားမှ "ချစ်တယ်" ဆိုတဲ့ စကားလုံးကို မကြားရမချင်း သူ မသေချင်သေးပေ။
YOU ARE READING
မိမိထက် အသက် ၁၅ နှစ် ငယ်သော၊ ပထွေး၏ သားအား ပိုးပန်းခြင်း(Completed)
Romanceပုံကတော့ Pinterest ကပါ😁။Own creation လေးပါ။ ဖြေးဖြေးလေး up သွားမှာပါ။အရေးအသား မပြေမပြစ် ဖြစ်ခဲ့ရင် Lary ကိုသာ လာသတ်ကြပါ။ ဝါရင့် စာရေးဆရာကြီးတွေရဲ့ fic များနှင့် တိုက်ဆိုင်သွားပါက နားလည် ခွင့်လွှတ်ပေးကြပါရန် ကြိုတင် တောင်းပန်အပ်ပါသည်။Lary က စိတ်ကူးယ...