Part 14 Zawgyi

1K 35 0
                                    

"အမေ ဝတုတ်လေးကို နယ်မှာ ဝိုင်းကျူရှင် ထားပေးမလို့"

နေ့လည်စာ စားနေစဉ် မိခင်ဖြစ်သူ ပြောလာတဲ့ စကားကြောင့် အံ့ဘုန်းကြွယ်ရဲ့ မျက်ခုံးတို့က အလိုမကျစွာ တွန့်ချိုးသွားလေ၏။စကားတော့ ပြန်မပြောပေ။ထို့ကြောင့် မိခင်ဖြစ်သူ ဒေါ်သီသီဉီးက စကားဆက်ပြောရလေ၏။

"အမေက နယ်က ဆိုင်မှာ အမေ့ စိတ်တိုင်းကျတဲ့ မန်နေဂျာ ရတဲ့အထိ နေချင်လို့ အမေ တစ်ယောက်တည်းဆို အထီးကျန်ရတယ်လေ ပြီးတော့ ဟိုမှာက ဝိုင်းကျူရှင် ကောင်းကောင်း ရှိတယ်ဆိုတော့ သားငယ်လေးကို ခေါ်သွားချင်တာ"

အံ့ဘုန်းကြွယ်က သက်ပြင်းရှည်ကြီး ချလိုက်ပြီးနောက် မိခင်ဖြစ်သူကို ကြည့်ကာ ​ပြောလိုက်လေ၏။

"အမေ အားလုံး စီစဉ်ပြီးပြီ မဟုတ်လား..."

သူက စကားစကို ဖြတ်ကာ ခဏလောက်
စဉ်းစားပြီးခါမှ ဆက်ပြောလေသည်။

"အမေ့ သဘောပဲ"

အံ့မှူးသစ်အောင်က ဒေါ်သီသီဉီးကို
တစ်လှည့်၊အံ့ဘုန်းကြွယ်ကို တစ်လှည့် ကြည့်လိုက်လေသည်။နှစ်ယောက်လုံးက သူ့ကို အဖက်တောင် မလုပ်ပေ။ဒီမိသားစုတွင် သူရဲ့ ဆန္ဒက အရေးမပါသည့်နှယ်။အားလုံးက
စီစဉ်ပေးသည့် အတိုင်း သူက လိုက်နာရုံသာ။
အရင်က မာမီ စီစဉ်ပေးသမျှက သူ့အကြိုက်နှင့်ထပ်တူ ကျနေသဖြင့် သူ့မှာ ငြင်းစရာ မရှိခဲ့။ယခု အချိန်တွင်တော့ မတူတော့ပေ။သူက 
နည်းနည်းလေး ဆန့်ကျင်နေချင်မိသည်။ဘာကြောင့်လဲ ဆိုတာကိုတော့ သူလည်း အသေအချာ မသိပေ။

"မာမီ သား မသွားချင်..."

အံ့မှူးသစ်အောင် စကားပင် ဆုံးအောင် မပြောရသေးခင် အံ့ဘုန်းကြွယ်က ကြက်ဥလိပ် တစ်ခုကို ပန်းကန်ထဲသို့ ထည့်ပေးကာ
သူ့စကားကို ဖြတ်ပြောလိုက်လေသည်။

"ထမင်းစားတဲ့ အချိန် စကားမပြောနဲ့"

ထိုစကားကို ပြောပြီးတဲ့နောက် ထမင်းဝိုင်း တစ်ခုလုံး အပ်ကျသံပင် မကြားရတော့ပေ။

တကယ်တော့ အံ့ဘုန်းကြွယ်က
သူ့ အစီအစဉ်နှင့်သူ တွက်ချေကိုက်ထားပြီးသား ဖြစ်လေ၏။သူ့ ညီငယ်လေးက နယ်မှာ နေရရင်လည်း နှစ်လကျော်လောက်သာ နေရမှာ ဖြစ်သည်။ဟိုမှာ သွားနေလျှင် နွေးရိပ်ငယ်ငယ်နဲ့လည်း အရှုပ်အရှင်း ကင်းသွားမှာပင်။ထို့ကြောင့် သူလည်း ကြံဖန် သဝန်တိုစရာ မလိုတော့ပေ။သူက ညီငယ်လေးကို လွမ်းရင် ကိုယ်တိုင် သွားတွေ့လည်း ရတာ ဖြစ်သဖြင့် အစစ၊အရာရာ အဆင်ပြေသွားမှာ ဖြစ်လေ၏။ထို့ပြင် မိခင်ဖြစ်သူလည်း  အထီးကျန်စရာ မလိုတော့ပေ။

မိမိထက် အသက် ၁၅ နှစ် ငယ်သော၊ ပထွေး၏ သားအား ပိုးပန်းခြင်း(Completed)Donde viven las historias. Descúbrelo ahora