အံ့မှူးသစ်အောင်နှင့် ပိုင်သုခသော်တို့
နှစ်ယောက်သား လမ်းထိပ်ရှိ ဆိုင်ကယ်ဂိတ်တွင် ဆိုင်ကယ်ကို အပ်ခဲ့ကာ အိမ်သို့ ချေလျင် လျှောက်၍ ပြန်လာခဲ့ကြလေသည်။
အိမ်အထိ ဆိုင်ကယ်မောင်းလာလို့
ရသော်လည်း သူတို့နှစ်ယောက်ကတော့ ထိုသို့ မလုပ်ပေ။သူတို့ အိမ်ပြန်တတ်သည့် အချိန်သည် ညဥ့်နက်သန်းခေါင် ဖြစ်တာကြောင့် အိပ်မောကျနေပြီ ဖြစ်တဲ့ အများသူငှာကို စိတ်အနှောက်အယှက် မပေးချင်ပေ။နှစ်ယောက်သား အတွေး ကိုယ်စီနှင့် လမ်းလျှောက်နေတာကြောင့် တစ်ယောက်
နှင့် တစ်ယောက် စကားမပြောအားသေးပေ။ပိုင်သုခသော်ကလည်း မိသားစုရဲ့ စီးပွားရေး ကျဆင်းမှု ပြဿနာကို စဥ်းစားနေတာဖြစ်ပြီး၊အံ့မှူးသစ်အောင်ကလည်း မနက်က coffee ဆိုင်တွင် မိမိ၏ မိခင် အရင်းဖြစ်သူ ဒေါ်ဟေသီ လာရောက် တွေ့ဆုံသွားသော အကြောင်း ကိစ္စနှင့် ပတ်သက်၍ တွေးတောနေခြင်း ဖြစ်လေ၏။မိခင်က သူမရဲ့ ကျန်းမာရေး အခြေအနေကြောင့် သူမရဲ့ နောက်ဆုံး အချိန်ကို မရောက်မှီ အမွေတွေ အားလုံးကို သူ့အား လွှဲပေးချင်နေလေသည်။
သူငြင်းဆိုလိုက်လေ၏။သို့ပေမဲ့လည်း မိခင်က ပိုင်ဆိုင်မှု မှန်သမျှကို သူ့နာမည်နဲ့ လွှဲပေးခဲ့မှာ ကျိန်းသေလေသည်။သူ ဘာတစ်ခုမှ မလိုချင်ပေ။မွေးမိခင်နှင့် ပတ်သတ်၍ သံယောဇဥ် တစိုးတစိမျှ မရှိလေသဖြင့် မိခင်ပိုင်တဲ့ ပစ္စည်း မှန်သမျှဟာလည်း သူနှင့် လုံးလုံးမျှ မသက်ဆိုင်ပေဟု သတ်မှတ်ထားလိုက်လေသည်။သို့ပေမဲ့ နေမကောင်းသည့် ကြားကနေ လာရောက်တွေ့ဆုံသွားတဲ့ မိခင်ဖြစ်သူကြောင့် သူ စိတ်မသက်မသာတော့ ဖြစ်မိလေသည်။ထို့ကြောင့် မိခင် ပြန်ကာနီးတွင် သူ ပွေ့ဖက်ပေးခဲ့လေ၏။
ရင်ထဲ လှိုက်တတ်လာတဲ့ အမည်မသိ ဝမ်းနည်းခြင်းတွေကိုတော့ သူ ဖွင့်ဟ မပြောဖြစ်တော့ပေ။အနည်းဆုံးတော့ သူဟာ ဒီမိခင်ကပဲ မွေးပေးခဲ့လို့ လူဖြစ်လာခဲ့တာ ဖြစ်ပေသည်။သူ့ကို သေချာ ဂရုမစိုက်ခဲ့ပေမဲ့ မိခင်ဟာ မိခင်ပါပဲလေ။သူတို့ အိမ်ရှေ့ရောက်တဲ့ အခါ ပိုင်သုခသော်
နှင့် တစ်ယောက်ကို တစ်ယောက် လက်ပြ နှုတ်ဆက်လိုက်ကြလေသည်။ထို့နောက်
ပိုင်သုခသော် ခြံထဲဝင်သွားတော့မှပဲ သူလည်း ခြံထဲ ဝင်လာလိုက်လေသည်။
YOU ARE READING
မိမိထက် အသက် ၁၅ နှစ် ငယ်သော၊ ပထွေး၏ သားအား ပိုးပန်းခြင်း(Completed)
Romanceပုံကတော့ Pinterest ကပါ😁။Own creation လေးပါ။ ဖြေးဖြေးလေး up သွားမှာပါ။အရေးအသား မပြေမပြစ် ဖြစ်ခဲ့ရင် Lary ကိုသာ လာသတ်ကြပါ။ ဝါရင့် စာရေးဆရာကြီးတွေရဲ့ fic များနှင့် တိုက်ဆိုင်သွားပါက နားလည် ခွင့်လွှတ်ပေးကြပါရန် ကြိုတင် တောင်းပန်အပ်ပါသည်။Lary က စိတ်ကူးယ...