Part 5 Unicode

5.1K 349 12
                                    

အရင်က မချိုကြည် ခွံ့ပေးမှ ထမင်း စားတတ်သော ကလေးလေးက အခုတော့ သူ့ဟာသူ သွက်သွက်လက်လက်ပင် စားတတ်နေလေပြီ။အရင်က ဝဝကစ်ကစ်လေးက အခုတော့ဖြင့် ဘယ်လောက်စားစား အသား မဖြစ်တော့သည့် ပုံပင်။ခန္ဓာကိုယ် ကျစ်ကျစ်လစ်လစ်နှင့်အရပ်ကြီးက မိုးထိုး နေပြီ ဖြစ်လေသည်။၁၃ နှစ်က ကလေး တစ်ယောက်ကို တကယ်ကြီး ပြောင်းလဲသွားစေတာပဲ ဖြစ်သည်။တကယ့်ကို ယောက်ျား ပီသစွာပင်။

အံ့ဘုန်းကြွယ်က အံ့မှူးကို တစိမ့်စိမ့် ကြည့်ရင်းဖြင့် ထိုကလေး ကြိုက်တတ်သော ဟင်းများကို  တစ်မျိုးပြီး တစ်မျိုး ပန်းကန် ထဲသို့ ခပ်ထည့်ပေး နေလေသည်။သူက အမေ့ဆီကနေ အံ့မှူးအကြောင်းကို တစ်ခုမကျန် သိခဲ့ရပြီး ဖြစ်လေသည်။ဒါမှလည်း သူက အံ့မှူး
နှင့် မြန်မြန်ဆန်ဆန်ပင် ပြန်၍ ရင်းနှီးနိုင်မည် ဖြစ်လေသည်။

အံ့မှူး နေရာမှာ တစ်ခြားလူတွေသာဆို ညီချစ် ဘရိုကွန်းကြီးရဲ့ ဂရုစိုက်မှုတွေကို မြင်ပြင်းကတ်ကြမှာပင် ဖြစ်သည်။အံ့မှူးကတော့ အကြိုက်ပင် တွေ့သေးသည်။

'ဂရုစိုက်တတ်တဲ့ ကိုကိုချောချောလေး ရှိတာ ဘယ်လောက်ကောင်းလိုက်လဲ'

အံ့မှူးသစ်အောင်က စိတ်ထဲကနေ ကြုံးဝါးလိုက်လေသည်။

ထမင်းဝိုင်းတွင် အားလုံးက ထမင်းမစားတော့ဘဲ ညီအစ်ကို နှစ်ယောက်ရဲ့ အတွဲညီညီ ပွဲတော်တည်နေပုံကို ရှုစား နေကြလေသည်။
တစ်ယောက်က ထည့်ပေးတယ်။တစ်ယောက်က ဒိုင်ခံ စားပေးတယ်။အားလုံးထဲမှာမှ ဝေဟင်ထွန်းတင် တစ်ယောက်တည်း
ပန်းကန်ထဲက ကြက်ဥလိပ် တစ်ခုကို ကြောင်ကြည့်နေလေသည်။

မကြောင်ဘဲ နေနိုင်ရိုးလား။သူ ထမင်း စ စားတည်းက ကြက်ဥလိပ်ကို ထည့်ရန် ချိန်နေခဲ့ခြင်း ဖြစ်လေသည်။သို့ပေမဲ့ ဘရိုကွန်းကြီး အံ့ဘုန်းကြွယ်က သူ့လက်ကို တွန်းဖယ်ကာ သူပစ်မှတ်ထားတဲ့ ကြက်ဥလိပ်ကို ခပ်ယူ သွားလေသည်။ဒါက တစ်ခါတည်း မဟုတ်ပေ။အခါပေါင်း မြောက်များစွာပင် ရှိနေချေပြီ။နောက်ဆုံးမှာ တစ်ခုတည်းသာ ကျန်ခဲ့သော ကြက်ဥလိပ်ကို သူ အလျင်အမြန်ပင် ခပ်ယူ လိုက်လေသည်။သို့ပေမဲ့ ကြက်ဥလိပ်က ဇွန်းထဲတွင် မပါလာခဲ့ပေ။ဒီတစ်ခါလည်း
အံ့ဘုန်းကြွယ်ဆီ ပါသွားပြန်လေပြီ။
ဝေဟင်ထွန်းတင် မှာ အတော်လေး နေရ၊ထိုင်ရ ခက်သောကြောင့် ရင်ထဲရှိ စကားများကို
ဖွင့်ထုတ် ပြောဖို့သာ ကြိုးစားလိုက်လေတော့သည်။

မိမိထက် အသက် ၁၅ နှစ် ငယ်သော၊ ပထွေး၏ သားအား ပိုးပန်းခြင်း(Completed)Where stories live. Discover now