အပိုင်း၁....
"ဒေါက် ဒေါက် ဒေါက် ဒေါက်"အသိကနိုးတဝက်အိပ်တဝက်အနေအထားမှာ နားထဲတွင် တဒေါက်ဒေါက် မြည်သံထွက်ပေါ်လာတယ်။ အသိစိတ်တွေစုလိုက်မှ ချက်ချင်းပဲ "နိုးပြီ" ဟု လှမ်းပြောလိုက်တယ်။
" ဒီနေ့ ကျောင်းဖွင့်ရက်နော် သား နောက်ကျလို့မဖြစ်ဘူး မြန်မြန် ထွက်ခဲ့ သပ်သပ်ရပ်ရပ်ဝတ်နော်"
အမေ့ရဲ့ စကားက ဘာမှတော့ စိတ်တိုစရာမပါပေမဲ့ အိပ်ရာထခါစ မရွှင်မလန်းဖြစ်နေ၍ စိတ်ဆတ်မိသွားတယ်။ ဘာတခွန်းမှပြန်မဖြေဘဲ အိပ်ရာကနေသာ ထလိုက်တော့တယ်။
"လာ သား မြန်မြန်ထိုင် သားကျောင်းသွားရင် အမေလိုက်ခဲ့မယ် ကျောင်းအုပ်နဲ့လဲတွေ့ရအုံးမယ်"
အိမ်ပေါ်ထပ်က ဆင်းလာလာချင်း အမေသည် တရစပ် ပြောကြားတယ်။ ကျောင်းလိုက်လာတာကတော့ ကျောင်းအုပ်နဲ့တွေ့ပြီး မျက်နှာယူတာပဲပေါ့။ ဒါက ငယ်ငယ်ထဲက ခုထိလုပ်နေကျ မပြောင်းမလဲပင်။ private school ကျောင်းအုပ်ဆိုပေမဲ့ ကျောင်းပိုင် ရှင်ပဲဖြစ်လိမ့်မည် ဟင်းးးးးးး သက်ပြင်းကို တိတ်တခိုးချလိုက်မိတယ်။ အခုထိ မျက်စိဒေါက်ထောက် ကြည့်နေရာကနေကို မလွတ်သေးနိုင်ပါလား။
" သား ဆယ်တန်းနော် စာသေချာအာရုံစိုက် အဖေအသိတွေထဲမှာ ဆယ်တန်းသားသမီးတွေ အများကြီးရှိတယ် သောက ကြားလား"
အဖေသည် လေသံမတင်းမရော့ဖြင့် သတိပေးတယ်။ အပြိုင်အဆိုင်တွေပေါ့။ ဘယ်တတ်နိုင်မလဲ။ မိဘစကားမဖယ်ချတဲ့ သားလိမ်မာဆိုပြီးနာမည်ကြီးနေတာကို။ ညစ်ညူးလာတဲ့စိတ်နဲ့ပင် " သား သိပါပြီ " ဟု ဖြေကြားလိုက်မိတော့တယ်။
........................................
"ကိုနေရေ မဆင်းလာသေးဘူးလား"အမေ့ရဲ့စကားသံချိုအေးအေးလေးက ကျွန်တော့်ကိုပြုံးမိသည်ထိဖမ်းစားနိုင်တယ်။
" လာပြီ လာပြီ မာမီ ဟီးးးး" စပ်ဖြဲဖြဲမျက်နှာပေးဖြင့်အိမ်ပေါ်ထပ်မှကမန်းကတမ်းပြေးဆင်းလာမိတယ်။
"ဟဲ့ဟဲ့ ဖြေးဖြေးလာလေ သားရယ် ကျိုးကန်းကုန်မှဖြင့် ဆယ်တန်းနော် ပေါ့ပေါ့လျော့လျော့မနေနဲ့ ဂရုစိုက်"
YOU ARE READING
တသွေမတိမ်း (completed)
Romanceဒီ fic လေးဟာ username mhaingnge ဆိုတဲ့ wp acc မှာတင်ဖူးပါတယ်။ ဒါမဲ့ wp error တက်ရင်းရော ကိုယ့်ရဲ့လက်ကလိမှုကြောင့် acc ထဲ ပြန်ဝင်မရဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပြီးဆုံးခါနီးပြီး ဖြစ်တဲ့ ဒီfic ကလေးကို ပြန်တင်ပါ့မယ်။ ဤfic သည် ကိုယ့်ရဲ့ ကိုယ်ပိုင်စိတ်ကူးဖြစ်...