ep6 (Unicode)

530 30 0
                                    

အပိုင်း၆.......

               "ဟယ်လို ပြယ် မင်းဘာတွေလုပ်နေလဲ"

စနေနေ့ကမှ သူ့အိမ်မှပြန်လာတာကို အကြာကြီးမတွေ့ရသူလို ကျူရှင်လွတ်သည့်အချိန်တိုင်း ဖုန်းခေါ်သည်။ဒီနေ့တင် ဒါနဲ့ဆို ဖုန်းခေါ်တာ ၃ကြိမ်မြောက်ပင်။

            "omm ငါခုနက ထမင်းစားပြီးလို့ အခု ရေသန့်ဘူးယူပြီး အိမ်ပေါ်တက်မို့လေ"

ထမင်းစားနေတုန်းကလဲ ဖုန်းဆက် ထမင်းစားပြီးပြန်တော့လဲ ကွက်တိဖုန်းဝင်လာပြန်သည်။

          "မင်း စာကျက်တော့မို့လား ညနေခင်းလေး ပန်းခြံမှာလမ်းလျှောက်ရရင် တော်တော်ကောင်းမှာ"

ဖုန်းထဲ အလွန်ပျင်းနေပုံရသော ခပ်လေးလေးအသံကထွက်ပေါ်လာတော့သည်။

           "စာကတော့မကျက်သေးပါဘူး ခုနလေးတင်ဆရာမ ပြန်သွားတာကို
ပြီးတော့ မင်းစာကျက်ပြီးလို့လား ကိုနေ"

စာမကျက်ပဲနဲ့ ပျင်းနေလို့မဖြစ်ပါ။ဆယ်တန်းလေ အရေးကြီးပါတယ်ဆိုမှ။

         "စာကျက်ပြီးပါပြီကွာ  ပန်းခြံလေးသွားရရင်ကောင်းမှာ။ပြယ် ငါမင်းကိုလာခေါ်မယ် အခုမှ ညနေ ၆နာရီ ထိုးဖို့၁၅မိနစ်တောင်လိုသေးတာ နော်နော် မိုးမချုပ်စေရဘူး ပြန်လိုက်ပို့မယ်လေနော်"

မသိရင်မိုးချုပ်မှာ ကြောက်လို့ အပြင်မသွားရဲတဲ့ အပျိုလေးလို့ ထင်ကုန်တော့မှာပဲ။အိမ်မှာ မိဘတွေက ခရီးတစ်လလောက်သွားနေတာကြောင့် ဘယ်သူမှခွင့်တောင်းစရာမလိုပါ။ကိုနေကလဲ မယုံကြည်ရတဲ့သူလဲမဟုတ်ပေ။

        "omm လာခေါ် ကိုနေ ဒါမဲ့ ပန်းခြံမှာအရမ်းကြာကြာနေလို့မရဘူး ငါ့ကိုပြန်ပို့မှာနဲ့ဆို မင်းအိမ်ပြန်ရောက်ရင် မိုးချုပ်သွားလိမ့်မယ်"

သတိပေးစကားဆိုမှ ရပေလိမ့်မည်။ ကိုနေက ကျန်တာသာ အတွေးများမယ်။ဒီလိုနေရာဆိုရင် အဲ့လိုရှည်ရှည်ဝေးဝေး တွေးတတ်သူတစ်ယောက် မဟုတ်ပေ။

      "အင်းပါကွာ ငါအခုလာပြီနော် စောင့်နေ"

ပြောပြီး ဖုန်းချသွားသောကြောင့် ဖုန်း screenမည်းကြီးကို ကြည့်၍ ပြုံးနေမိတော့သည်။သောကရဲ့ပထမဆုံးသူငယ်ချင်းနဲ့ ပထမဆုံးပန်းခြံသွားခြင်း ဖြစ်သည်။

တသွေမတိမ်း (completed) Where stories live. Discover now