အပိုင်း၁၄...
သူအပြင်သွားရန် စက်ဘီးထုတ်တော့ ပြယ်က နားမလည်သလို ကြည့်လာသည်။ကြောင်တောင်တောင်လေး ဖြစ်နေသော ပြယ့်ကို သူလှည့်ကြည့်ကာ လက်ဆွဲ၍ ခေါ်လိုက်သည်။"လာ ပြယ်"
"စက်ဘီးနဲ့ ဘာလုပ်မို့လဲ"စက်ဘီးထုတ်နေရင်းမှ ပြယ်မေးသော စကားကိုဖြေရန် စက်ဘီးကိုဒေါက်ထောက်လိုက်သည်။
"ငါ မင်းကို ခေါ်သွားစရာရှိတယ် ရောက်ရင်သိလိမ့်မယ် "
"ဒါဆို ဆိုင်ကယ်နဲ့သွားလေ ပိုမြန်မှာကို"
ပြယ်နဲ့ပိုပြီး တူတူရှိစေချင်လို့ အချိန်တွေကို ဆွဲနိုင်သလောက် ဆွဲဆန့်ပါမှ ပြယ်က ဘာတွေအလျှင်လိုမှန်းမသိ အလျှင်လိုနေသည်။
"မင်းနဲ့ ပိုကြာကြာရှိချင်လို့"
သူခပ်တည်တည်နဲ့ မျက်လုံးချင်းဆုံအောင် ပြောလိုက်တော့လဲ ပြယ်က ဘာတစ်ခွန်းမှပြန်မပြောပဲ ခေါင်းငုံ့သွားပြန်သည်။ပြယ့်ကို လက်တို့လိုက်တော့ မော့ကြည့်လာသည်။
"စာအုပ်တွေထည့်ရအောင် ငါအိတ်ယူလာတယ်"
သူကိုင်ထားတဲ့ လက်ဆွဲအိတ်အနီလေးကို မြှောက်ပြပြီး bio စာအုပ်ယူဖို့သာရွေးချယ်လိုက်သည်။ပြယ်နဲ့သူနဲ့သည် စာကျက်ရာတွင် အပြင်သို့အော်ကာ စာကျက်တတ်သော အကျင့်မရှိတာကြောင့် ထိုနေရာနဲ့စာကျက်ဖို့ရာ သင့်တော်သည်။bio text စာအုပ်နှစ်အုပ်ရယ် အလွတ်ရေးနှစ်အုပ်ရယ် စာရေးဖို့နှင့်ပုံဆွဲရန် စာရေးကိရိယာတွေကို ထိုလက်ဆွဲအိတ်တွင်သာ ထည့်လိုက်သည်။ပြယ်က သူ မပြောပြတာကြောင့် ထပ်မမေးပဲ စက်ဘီးနားတွင်မတ်တပ်ရပ်ကာ သူလုပ်သမျှကို လိုက်ကြည့်နေသည်။
ထို့နောက် အိတ်အနီလေးကို စက်ဘီးလက်ကိုင်လေးတွင် ချိတ်ကာ ရပ်ကွက်ထဲရှိ စာကြည့်တိုက်ဆီ ဦးတည်လိုက်သည်။ပြယ်ကလဲ ဘာမှမပြောပဲ သူ့အကျီစလေးကို နောက်ကနေကိုင်ကာ တိတ်တဆိတ်လိုက်လာသည်။ထိုနေရာခေါ်သည်မှာ သူ့မှာအကြောင်းရင်း တစ်ချက်ရှိသည်။
"ရောက်ပြီ ပြယ်"
သူစာကြည့်တိုက်ထဲဝင်မယ်လုပ်တော့ ပြယ်က သူ့လက်ကို လှမ်းဆွဲသည်။
YOU ARE READING
တသွေမတိမ်း (completed)
Lãng mạnဒီ fic လေးဟာ username mhaingnge ဆိုတဲ့ wp acc မှာတင်ဖူးပါတယ်။ ဒါမဲ့ wp error တက်ရင်းရော ကိုယ့်ရဲ့လက်ကလိမှုကြောင့် acc ထဲ ပြန်ဝင်မရဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပြီးဆုံးခါနီးပြီး ဖြစ်တဲ့ ဒီfic ကလေးကို ပြန်တင်ပါ့မယ်။ ဤfic သည် ကိုယ့်ရဲ့ ကိုယ်ပိုင်စိတ်ကူးဖြစ်...