ep24 (Unicode)

418 23 2
                                    

အပိုင်း၂၄...

           ပိတောက်ပန်းတို့ ပွင့်ချိန်ရောက်လာလေတော့ လွမ်းတသသ ဖြစ်မိပြန်ပါသည်။ နေရာတိုင်းက အမှတ်တရတွေရှိလွန်းလို့ ထိုနေရာတွေ မသွားမိအောင် နေနေရသည်။

       ကားတစ်စီး အိမ်ရှေ့ထိုးရပ်တာကြောင့် ထုံးစံအတိုင်း မလိုက်မှန်းသိရဲ့နဲ့ လာခေါ်သော ရိပ်ပဲ ဖြစ်ရမည်။

      "ငါမလိုက်ဘူးနော်"

ခြံတခါးဖွင့်၍ ကားပေါ်ကို ဆင်းလာသော ရိပ်နဲ့မော်ကြီးကို ဦးစွာငြင်းဆန်လိုက်သည်။

     "မြင်လား မော်ကြီး ငါပြောသားပဲ ကိုနေက မလိုက်ပါဘူးဆို"

ရိပ်က သူ့အစ်ကိုကို သူမှန်ကန်ကြောင်း မဲ့ရွဲ့စွာ ပြောလေသည်။

     "လာပါကိုနေရယ် လိုက်ခဲ့ပါ။ အဲ့မဏ္ဍပ်က သေအောင်ပျော်ဖို့ကောင်းတာ "

   "သေမှာစိုးလို့ မလိုက်တော့ဘူး"

သူပြောလေတော့ နှစ်ယောက်သား ကြောင်အအသာ ကြည့်လေသည်။ နားလည်ပုံမရပေ။

     "မင်းပဲ သေအောင် ပျော်ဖို့ကောင်းတာဆို။ အဲ့တော့ အပျော်အတွက်နဲ့ မသေနိုင်ဘူး။ မလိုက်
ဘူး"

     "ဟာ...ကိုနေကလဲ အဲ့ဒါကို မင်းလိုက်ချင်အောင် နှိုင်းပြီးပြောတာပါ"

သူ့လက်မောင်းကြီးကို အတင်းဆွဲလှုပ်ကာ ရုပ်ကြမ်းကြီးနဲ့ အတင်းကပ်ချွဲနေသော မော်ကြီးရဲ့လက်တွေကို သူ ဖြုတ်ချလိုက်သည်။

    "မော်ကြီးရေ ခေါ်မနေနဲ့။ တစ်စုံတစ်ယောက်ကြောင့် သင်္ကြန်တောင် မလည်နိုင်ဖြစ်နေတဲ့ လူကို ထားခဲ့လိုက်"

ရိပ်က မကျေနပ်သော လေသံဖြင့် ပြော၍ မော်ကြီးကို ဆွဲခေါ်ကာ ထွက်သွားလေသည်။ ပြယ်မရှိတဲ့ သုံးနှစ်လုံး သူမလည်ခဲ့ပါ။အော်....ပြယ် ခက်သား။ မင်းမရှိရင် အရင်လိုတောင် မနေနိုင်ဘူးထင်ပါရဲ့။
........................................

    တောင်ကြီးရဲ့တစ်နေရာ အေးချမ်းသော ဒေသ၌ ကောင်လေးတစ်ယောက်က အိမ်ရှေ့တွင် တစ်စုံတစ်ယောက် အလာကို စောင့်နေဟန်။ ကားတစ်စီး ရပ်လာမှုကြောင့် မော့ကြည့်လေတော့...

တသွေမတိမ်း (completed) Where stories live. Discover now