အပိုင်း၂၃...
ဒီနေ့ဟာ နိုင်ငံခြားကနေ မော်ကြီး ပြန်ရောက်လာသောနေ့။ သုံးနှစ်နေပြီးမှ ပြန်လာသော မော်ကြီးသည် သူငယ်ချင်းတွေကို မုန့်ကျွေးချင်လို့ပါ ဆိုကာ ရိပ်နဲ့မော်ကြီးတို့အိမ်တွင် dinner လုပ်လေသည်။
"ကိုနေ ဘယ်လိုလဲ အဆင်ပြေတယ်မလား"
သူတို့တင်မက ကျောင်းကလူတွေပါ ရောက်နေတာကြောင့် မော်ကြီးက ဧည့်ခံနေရသည်။အခုမှ နေလင်းရောင်နဲ့ ရိပ်တို့ ရှိသော ဝိုင်းတို့ ဝင်ထိုင်ကာ စကားစလိုက်သည်။
"ပြေပါတယ် မင်းရော"
"ငါကတော့ မင်းကိုလွမ်းနေတာ ကိုနေရာ"
ပါးစပ်က ပြောလဲပြော လူကောင်ကြီးမှ အားမနာ သူ့လက်မောင်းကို ချိတ်ကာ မှီချလာသည်။
"ဟေ့ရောင် လေးတယ်ကွာ ဖယ်ဖယ် ဟေ့ရောင် ဖယ်လို့"
တွန်းဖယ်တာမရ၍ ခေါင်းက ဆံပင်ကို ဆွဲမယ်လုပ်မှ အလျှင်အမြန်ဖယ်ထားသည်။ဒီဇိုင်နာပီသတဲ့ ပဲများတဲ့ကောင်က ဆံပင်ကေ ပျက်မှာစိုး၍ လက်ဖြင့် ပြန်ပုံသွင်းလေသည်။
"မင်းက နည်းနည်းလေးတောင် ကိုယ်ချင်းမစာဘူး။ ဆံပင်ကေ ပျက်သွားပြီလားပဲ "
ရိပ်က သူ့အစ်ကို ကိုကြည့်၍ မနိုင်ဘူးဟူသော သဘောဖြင့် ခေါင်းခါသည်။ သူကတော့ ပုခုံးတွန့်ကာ မုန့်သာထိုင်စားနေလိုက်သည်။ မကြာခင်မှာပဲ ဧည့်သည်တွေရောက်လာတာမို့ မော်ကြီးလဲ သူ့နားမထိုင်နိုင်တော့ပဲ ထ၍ ဧည့်ခံရသည်။ ရိပ်က ဘယ်ရောက်သွားမှန်းမသိ။ နေလင်းရောင်လဲ ထိုင်မနေချင်တော့၍ ထွက်လာခဲ့သည်။
ဧည့်သည်တွေမရှိတဲ့ ခြံဝန်းထဲက တိတ်ဆိတ်သော ခုံတန်းလေးတွင် ထိုင်နေသော ရိပ်ကို မြင်လိုက်ရသည်။
"ရိပ် ဒီမှာရောက်နေတာကိုး"
"နင်က ဘာလို့ထွက်လာတာလဲ"
နှစ်ယောက်လုံးစီမှ စကားသံက တစ်ထပ်တည်းကျသွားသည်။
"နားငြီးလို့ "
ဒီတစ်ခါ ပြန်ဖြေတော့လဲ စကားသံက တစ်ထပ်တည်းကျပြန်သည်။ သူတို့တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်မိတော့သည်။
YOU ARE READING
တသွေမတိမ်း (completed)
Romanceဒီ fic လေးဟာ username mhaingnge ဆိုတဲ့ wp acc မှာတင်ဖူးပါတယ်။ ဒါမဲ့ wp error တက်ရင်းရော ကိုယ့်ရဲ့လက်ကလိမှုကြောင့် acc ထဲ ပြန်ဝင်မရဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပြီးဆုံးခါနီးပြီး ဖြစ်တဲ့ ဒီfic ကလေးကို ပြန်တင်ပါ့မယ်။ ဤfic သည် ကိုယ့်ရဲ့ ကိုယ်ပိုင်စိတ်ကူးဖြစ်...