ep16 (Unicode)

409 19 0
                                    

အပိုင်း၁၆...

               အချိန်တွေကြာလေ အချစ်တွေက ပိုကြီးထွားလေ ဖြစ်နေတယ်။အချစ်တွေ အရင်းတည်တဲ့ ချစ်ရသူကတော့ လျစ်လျူရှုနေလျက်ပင်။

       အမှန်အတိုင်းဆိုရင် မရမက လိုက်မိမယ်ဆိုပေမဲ့ တကယ်တမ်းချစ်မိသွားတော့ သူ့စိတ်လေး ရှုတ်ထွေးမှာတောင် စိုးရွံ့သည်။ပြယ်...ငါဒီတိုင်းကြီး ရပ်မနေချင်ဘူး။မသိချင်ယောင်ဆောင်နေသူမို့ အဖြေမပေးချင်နေပါစေ။အချစ်တွေမြင်သာအောင် ပြနေတာ မင်းကိုချစ်ကြောင်း သိစေချင်တာပါ။

       "ကိုနေ ဒီအပုဒ်မှာ မင်း နံပါတ်မတပ်ခဲ့ဘူးလေ။ အဲ့ကြောင့်အမှတ်လျော့တာ"

bio အလွတ်ရေးချိန်ဖြစ်၍ ဆရာမက ကျောင်းသားအချင်းချင်း အပြန်အလှန်စာစစ်ခိုင်းသည်။သူ့စာအုပ်ကို ပြယ်ကစစ်၍ အမှတ်ပေးနေသည်ကို သူငေးကာကြည့်နေမိသည်။သူ့အကြည့်တွေကို ရိပ်မိသွားသူကတော့ ခေါင်းလေးငုံ့ကာ စကားတခွန်းမဟပဲ ပြန်စာစစ်နေသည်။

       "ဒီပိတ်ရက်လဲ တူတူစာကျက်မယ်မလား"

စာစစ်နေရင်း ခေါင်းလေးအသာငြိမ့်ပြသည်။ပြီးနောက် တခုခုကို စဥ်းစားနေသော ပုံစံလေးဖြင့် သူ့ဘက်လှည့်လာသည်။

      "ကိုနေ ဒီတစ်ပတ်ပိတ်ရက် ငါ့အိမ်လာခဲ့ပါလား။ဘရွှေက သူ့ဇာတိခနပြန်မှာမို့ ငါ့ကိုလိုက်မပို့နိုင်ဘူး"

      "မင်းအလိုကျပါပဲ။ ငါကအကုန်လိုက်နာမှာ" 

သူပြောလိုက်တော့လဲ အင်းမလုပ် အဲမလုပ်နဲ့ ခေါင်းလေးငုံ့သွားပြန်သည်။အနေအေးသူကို ချစ်မိတော့လဲ သူအများကြီးမျှော်လင့်လို့မရပေ။ငေးကြည့်ရုံနဲ့တင် ကျေနပ်ရမှာပေါ့။

      "သောက ဒီတခါ bio မေးခွန်းကြီးက လှည့်တယ်ကွာ။ ဖတ်ရင်းတောင် လည်တယ်"

ဘေးနားကနေ bio စစ်နေသော ပြယ့်ရဲ့ပုခုံးပေါ်က်တစ်ဖက်လာတင်ကာ စကားလာပြောသည့် မော်ကြီးကို သူခပ်စူးစူးကြည့်လိုက်သည်။လက််ဖယ်စေချင်လို့ ကြည့်တာကို သူ့ကိုပြန်ကြည့်၍ ရယ်ပြသည်။

       "မော်ကြီး လက်ဖယ်လိုက်"

သူခပ်ကြိတ်ကြိတ်အသံနဲ့ ပြောမှ ကြောင်တောင်တောင်ကြည့်ကာ ပြယ်ရဲ့ပုခုံးပေါ်မှ ဖယ်သွားသည်။

တသွေမတိမ်း (completed) Where stories live. Discover now